ဆရာတော်ဦးဗုဓ်သည် ကုန်းဘောင်ခေတ်၌ ပရိယတ္တိ နေမင်းတစ်ဆူ ပမာထင်ရှားကျော်ကြားတော်မူသော ဆရာတော်တစ်ပါး ဖြစ်သည်။ ဆရာတော်ဦးဗုဓ်ကို ၁၁၄၉-ခု၊ နယုန်လပြည့်ကျော် (၅)ရက် အင်္ဂါနေ့တွင် မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာ၊ သာခေါင်ရပ်၌ မွေးဖွားသည်။ မိဘများမှာ ဦးအိုနှင့် ဒေါ်မွှေး ဖြစ်သည်။ ဆရာတော်လောင်းလျာ သတို့သားကို ဖွားမြင်စဉ် လငပုပ်ဖမ်းချိန်နှင့် တိုက်ဆိုင်ကြုံတွေ့ရသောကြောင့် အမည်ကို မောင်ပုပ် ဟု မှည့်ခေါ်ကြသည်။
ငယ်ဘဝ
မောင်ပုပ် ကိုးနှစ်သား အရွယ်တွင် မိဘများက ညောင်ကန်အနောက်တိုက် (ရတနာမဉ္ဇူတိုက်)ဘုန်းတော်ကြီး ဦးပြေထံ ပညာသင်ရန် အပ်နှံပေးကြသည်။ မောင်ပုပ်သည် မင်္ဂလသုတ်၊ ပရိပ်ကြီး၊ လောကနီတိ၊ ရတနာရွှေချိုင့်၊ နမက္ကာရ စသော လောကုတ္တရာ အခြေခံစာပေများကို ကျနစွာ သင်ယူဆည်းပူးသည်။ မောင်ပုပ်သည် ငယ်စဉ်ကတည်းက စာပေအလွန် ၀ါသနာပါသည်။ သင်သမျှစာများကို အလွတ်အာဂုံရအောင် ကြိုးစားကျက်မှတ်သည်။
မောင်ပုပ်(၁၃)နှစ်အရွယ်တွင် ဘုန်းတော်ကြီးဦးသာပုံထံ ဆက်လက်ပညာ သင်ကြားလေသည်။ ဆရာတော်ဦးသာပုံက ဉာဏ်ပညာထွန်းပြောင်မည့် တပည့်အဖြစ် မြင်တော်မူ၍ မောင်ပုပ်အမည်မှ ဗုဓသဒ္ဒါကို ထောက်၍ မောင်ဗုဓ် ဟု ပြောင်းပေးလိုက်သည်။
ကျော်ကြားသည့် ဂုဏ်သတင်းကြောင့် ဘကြီးတော်မင်းနှင့် မိဖုရားခေါင်ကြီးမယ်နုတို့က ကိုးကွယ်ခြင်းကိုခံခဲ့ရသည်။ မယ်နုအုတ်ကျောင်းဟုကျော်ကြားသည့် မဟာအတုလဘုံမြေကျောင်းတော်ကြီးကိုလည်း တည်ဆောက်လှုဒန်းခြင်းကိုလည်း ခံယူခဲ့ရသည်။
ကိုးကား
ကုန်းဘောင်ခေတ် (အေဒီ ၁၇၅၂-၁၈၈၅) | |||||||||
---|---|---|---|---|---|---|---|---|---|
ဘုရင်များ | |||||||||
ပုဂ္ဂိုလ်ကြီးများ |
ဗိုလ်မြတ်ထွန်း၊ ရနောင်မောင်မောင်တုတ်၊ ဦးကြင်ဥ၊ ကျည်းကန်ရှင်ကြီး ၊ဦးပေါ်ဦး၊ စလေဦးပုည၊ တောင်သမန်လယ်စား ဦးဖေငယ်၊ ဦးချစ်ညို၊ ဒုတိယ န၀ဒေး၊ အယူတော်မင်္ဂလာ ဦးနိုး၊ ဆရာတော်ဦးဗုဓ်၊ ဗန်းမော်ဆရာတော်၊ တပယ်မင်းသား၊ မောင်းထောင်းဆရာတော်၊
|
||||||||
အကြောင်းအရာများ | တရုတ် - မြန်မာ စစ်ပွဲများ၊ပထမ အင်္ဂလိပ် - မြန်မာစစ်၊ရန္တပိုစာချုပ်၊ဒုတိယ အင်္ဂလိပ် - မြန်မာစစ်၊ တတိယ အင်္ဂလိပ် - မြန်မာစစ်၊ ပါတော်မူခြင်း၊ ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း၊ မှန်နန်း ရာဇဝင်၊ ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး၊ မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း၊ ပန်းထိမ်းမင်းသား အရေးအခင်း၊ အိမ်ရှေ့မင်းထန်းတော၊ ထီ၊ ရတနာပုံ စက်ရုံများ၊ သပြေတန်း ခံတပ် စဥ့်ကူးမင်း ခေါင်းလောင်းတော်၊ သာယာဝတီမင်း ခေါင်းလောင်းတော် |
||||||||
ဒေသ | |||||||||
တကောင်းခေတ်၊ ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ဆိုရှယ်လစ်ခေတ်၊ န၀တခေတ် |
ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးများ၏ထေရုပ္ပတ္တိများကို
လေ့လာတွေ့ ရှိသမျှ
ပြန်လည်မျှဝေတင်ပြခြင်းဖြင့် ကုသိုလ်ဒါန ပြုလိုက်ရပါသည်...။
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:234752
No comments:
Post a Comment