VEN'ABLE DR.DHAMMAVIRIYO MAHATHEROသည် ၁၉၃၂ခုနှစ်၊ ကာသခါလ (၃)ရက်နေ့၌ အဖ ပရီယိုနား(သ်)ချောင်းဒရီးနှင့် အမိ ရှေပါလီကာချောင်းဒရီး တို့မှ မန္တလေးတိုင်း၊ မေမြို့(ခ)ပြင်ဦးလွင်မြို့မှာ မွေးဖွားခဲ့သည်။ ဖခင်သည် မေမြို့ မီးရထားရုံပိုင်ကြီးဖြစ်၍ မီးရထားဝန်းရှိ မီးရထားရုံပိုင်ကြီးအိမ်မှာ မွေးဖွားခဲ့သည်။
မန္တလေးဆေးရုံကြီးအနီးတွင်လည်း နေခဲ့ဘူးသည်။ မေမြို့မှာ (၅)နှစ်ကနေ (၁၀)နှစ်သားထိ ဘုန်းကြီးကျောင်းမှာ ဗုဒ္ဓဘာသာအခြေခံတွေ သင်ယူခဲ့သည်။ (၁၀)နှစ်သား ကျော်ကျော်အရွယ်တွင် မေမြို့ ဘောလုံးအသင်း လက်ရွေးစင်ဖြစ်ခဲ့ပြီး ပဲခူး၊ တောင်ငူတို့မှာ ကန်ခဲ့ဘူးသည်။ အသက် (၁၇)နှစ်အရွယ်မှာ အိန္ဒိယကို ရောက်ပါသည်။
ဒုတိယကမ္ဘာစစ် ဖြစ်သောအခါ မေမြို့မှနေ ရထားစက်ခေါင်းနှင့် ထွက်ပြေးလာကာ အိန္ဒိယကို (၄)လကြာ လမ်းလျှောက်လာခဲ့ရသည်။ ဆရာတော်၏ ငယ်ဆရာအရင်းဟာ ဘာသာစကား (၃၂)မျိုးတတ်သော ရာဟုလာသံကိစ္စည်း ဖြစ်ပါသည်။ ရာဟုလာသံကိစ္စည်း၏ စာအုပ်များကို (၁၅)နှစ်ခန့် လေ့လာခဲ့ရပါသည်။
၁၉၆၀ခုနှစ် ဖေဖေါ်ဝါရီလ (၂၇)ရက်တွင် နယူးဒေလီမြို့၌ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် (ထိုစဉ်က အိန္ဒိယသံအမတ်ကြီး)က ရဟန်းအမပြုပြီး ရဟန်းအဖြစ် ရောက်သည်။ သံအမတ်ကြီး ဒေါ်ခင်ကြည်က ရေနစ်သေဆုံးသွားသော
အောင်ဆန်းလင်းနှင့် အသက်တူ၍ သားလိုသဘောထားပါသည်။ သူ့၏ သားအစားရပြီဆိုပြီး ရဟန်းဘောင်မှာ ရပ်တည်နေထိုင်သွားဘို့ တောင်းဆိုပါသည်။ East Top Kailash ကျောင်းမှာ သတိပဋ္ဌာန်တရားကို သင်ကြားသည်။
လုပ်ဆောင်မှု
ဒါဂျီလင်မြို့၌ ၁၉၇၁ခုနှစ်က ကရီပတ်မန်ရှန် ဗုဒ္ဓကျောင်းတော်ကို တည်ထောင်ပြီး ကျောင်းသူ၊ ကျောင်းသား (၁၀၀)ကျော်ကို ဗုဒ္ဓဘာသာဖြစ်စေခဲ့သည်။ ဒါဂျီလင်မြို့မှာ ၁၉၇၅ခုမှာ မိဘမဲ့ကလေးဂေဟာကို ဖွင့်လှစ်ခဲ့သည်။ ၁၉၇၆ခုနှစ်၊ ဆစ်ကင်းပြည်နယ် Khaukun ရွာကလေး၌ ကလေး (၁၂၅)ယောက်ကို ပညာသင်ပေးခဲ့သည်။ ၁၉၈၄-ခုနှစ်၌ Barasurd ပြည်နယ် Duttpukurတွင် ကလေး(၁၀၀)လောက်အား မိဘမဲ့ကျောင်း တည်ထောင်ပေးခဲ့သည်။ ၂၀၀၀ပြည့်နှစ်တွင် ဗီဟာပြည်နယ်၏ ပါလီမန်အမတ် (အထက်လွတ်တော်အမတ်) အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ၂၀၀၂ခုနှစ်တွင် ဂယာမြို့ကို ရောက်ရှိသည်။ ALL INDIA BHIKKHU SANGHA ၏ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ဂယာမြို့မှာ ရူးပီးငွေ (၁၆)သိန်း ကုန်ကျခံ၌၍ ကျောင်းကို တည်ဆောက်ခဲ့သည်။ (၈)တန်လေးသော မတ်ရပ်ရုပ်ပွားတော်တစ်ဆူကို ရူးပီးငွေ(၁၄)သန်း ကုန်ကျခံ တည်ဆောက်ခဲ့ပါသည်။
ဆက်သွယ်ရန်
ALL INDIA BHIKKHU SANGHA, BUDDHA GAYA, BIHAR STATE, INDIA. TEL: 0631-2201199
ကျေးဇူးတော်ရှင် ဆရာတော်ကြီးးများ၏ ထေရုပ္ပတ္တိများကို ရှာဖွေတွေ့ ရှိသမျှပြန်လည် ဒါနပြု မျှဝေစေလိုသောရည်ရွယ်ချက်ဖြင့်... အများသူငါ သိစေရန်...တင်ပြလိုက်ရပါသည်။
No comments:
Post a Comment