/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, March 22, 2014

*** နတ်ပြည်၊ငရဲပြည်တစ်ကယ်ရှိသလား ****

Photo: နတ်ပြည်၊ငရဲပြည်တစ်ကယ်ရှိသလား
*************************
နတ်ပြည်၊ ငရဲပြည်တစ်ကယ်ရှိသလားဆိုတာကို အိုဘယ့်ခရီးသည် စာအုပ်မှ ဓမ္မာစရိယ ဦးဌေးလှိုင်ရေးသားတဲ့ အောက်ပါစာများကို ဖတ်ကြည့်ပါ။ ဆရာကြီးဦးဌေးလှိုင်သည် ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားခဲ့ပြီး မှော်ဘီမြို့နယ် လှပဒါးကျောင်းတွင်ရဟန်းပုဂ္ဂိုလ်များဆိုလျင် ဓမ္မာစရိယအောင်ပြီးသားနှင့် လူပဂ္ဂိုလ်ဆိုလျင် ဘွဲ့ရပြီးသားများကို စုစည်းပြီး မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး ဦးသောဘိတထံတွင် ကန္နီရွှေသိမ်တောရ ဆရာတော်ဘုရားကြီး၏ ကန္နီနည်းဖြင့် ရက် (၆၀)တရားစခန်းတွင် အားထုတ်ရာမှ တွေ့မြင်မှု့များကို ရေးသားထားခြင်းဖြစ်ပါသည်။

အံ့သြစရာတွေချဉ်းတွေ့မြင်ရ

ချုံ့၍ဘုရားတပည့်တော်လျှောက်ပါမယ်၊ သမထကျင့်စဉ်မှာ ဒီဝိသုဒ္ဓိမဂ်မှာတော့ နှာသီးဖျားသည်အစရင်ချိုင့်သည်အလယ်ချက်သည်အဆုံး၊ ချက်သည်အစ ရင်ချိုင့်သည်အလယ်၊ နှာသီးဖျားသည် အဆုံးပေါ့။ ဟိုမှာတော့ အဲဒီလို မဟုတ်ဘူး။ အထက်ဘ၀ဂ်သည်အစ ရင်ချိုင့်သည်အလယ် အောက်အာကာသသည် အဆုံးဆိုပြီးတော့တပည့်တော်တို့နိမိတ်အလင်းလုံးကိုအောက်ကိုဖောက်ချရပါတယ်။နှစ်သိန်းလေးသောင်းအထုရှိသောမြေကြီးကိုအလင်းလွန်ပူကြီးဒီလိုရစ်ပြီးတော့ဖောက်သွားသလိုတပည့်တော်အတိုင်းသား ငုံ့ကြည့်တော့ မြင်နေရပါတယ်။ တပည့်တော်ဖောက်လိုက်တဲ့ အလင်းလွန်ပူကြီးဟာဆိုရင် ရှိရှိ ရှိရှိ နဲ့ တော်တော်ကြာ ရပ်သွားပြီးတော့ ကြည့်လိုက်တော့ အောက်မှာစိမ်းပြာပြာ လှိုင်းကလေးတွေနဲ့ လွန့်နေတာ တွေ့ရပါတယ်။ အဲဒီလှိုင်းကလေးပေါ်မှာ လကလေးကသာနေတာတွေ့ရပါတယ်။ ဟာ ရေပေါ်မှာ 'လ' သာနေပါလားကြည့်လိုက်တော့ 'လ'လေးလို့ ထင်တာပေါ့လေ။ ကြည့်လိုက်တော့မဟုတ်ဘူး။ ငါ့ရဲ့လွှတ်လိုက်တဲ့ အလင်းဟာ အဲဒီရေပေါ်တင် သူကရပ်နေသေးတာပါလားလို့ သွားတွေ့တယ်။ အဲဒါနဲ့ တပည့်တော်ဆက်ပြီး ဖောက်တယ်ပေါ့ဘုရား။ အောက်ရောက်တော့ တိမ်တိုက်တွေ တွေ့ရတယ်။ အံ့သြစရာကောင်းတယ်ဘုရား။ မြေအောက်ရေ ရေအောက်လေ လေအောက်အာကာသ လောက၀ိဒူ အဖွင့်နဲ့လည်းပဲ အင်မတန်ကိုက်ညီပါတယ်ဘုရား။ So many Universal အဲဒီသိပ္ပံနည်းနဲ့လည်း ကိုက်ညီပါတယ်ဘုရား။
အဲဒီလို Method က နှစ်ရက်ထဲခိုင်းပါတယ်ဘုရား။ အဲဒီ Lesson က ဘာကိုပြတာလည်းဆိုတော့ တပည့်တော် သဘောပေါက်သွားတာ လျှောက်တာပါဘုရား။ ဟုတ်ချင်မှဟုတ်မှာပါ။ စကြာဝဋ္ဋာအနန္တကို တိုးလျှိုပေါက်ကြည့်ချင်ရာ အပိတ်အပင်အတားအဆီးမရှိ ကြည့်လိုရာကြည့်နိုင်တယ်ဆိုတဲ့ သင်ခန်းစာ နှစ်ရက်ပဲပေးပါတယ်။
ဘယ်လောက်အားရစရာ ကောင်းသလဲဘုရား။ ဥပမာ ရေကြောကိုကြည့်မယ်၊ ငလျင်ကြောကိုကြည့်မယ်၊ ဓါတ်သတ္တု၊ သယံဇာတ၊ ရေနံကြည့်မယ် ၊ ဇီဝလက်နက်တွေကြည့်မယ်၊ ဘယ်သူဘာလုပ်နေတယ်၊ အကုန်ကြည့်လို့ မရဘူးလားဘုရား။ သိပ်သေချာတာပေါ့။ ဒီထက်သိမ်မွှေ့တဲ့ ဗြဟ္မာတွေ သိကြားတွေက Metting ထိုင်နေတာ တပည့်တော်တို့ ဒီအတိုင်းတွေ့တာပဲ။ ဟာ ဓတရဠက ဒီမှာ၊ ၀ိရူပက္ခက ဒီမှာ၊ ၀ိရူဠက၊ ကုဝေရ၊ ဟောသူ့အဆောင်အယောင် သူ့အ၀တ်အစားတွေနဲ့ ၊ ဒီက သိကြားမင်း ၊ ဒီက မိဖုရားတွေ အတိုင်းသား တပည့်တော်တို့မြင်ရတယ်။ အံ့သြစရာ အလွန်ကောင်းပါတယ်။ ဒီက နိမိတ်လွှတ်လိုက်တဲ့အခါကျတော့ ဟယ်လီကော်ပတာတို့၊ ရော့ကက် ဒုံးပျံတို့လွှတ်တင်လိုက်တဲ့အခါမှာ မီးခိုးတန်းကြီးကျန်ခဲ့သလို၊ ဒီနှာသီးဖျားက ထွက်သွားတဲ့ အဖြူအလင်းရောင်တန်းကြီးဟာ ဟို တာဝတိသာက စူဠာမဏိစေတီကို ရောက်သွားတာပါပဲ။ ရောက်သွားတဲ့အခါကျတော့ သိကြားမင်းက ဆီးပြီးကြိုတယ်။ မိဖုရားလေးယောက်နဲ့ ဆီးပြီးကြိုတယ်။ လာမယ်ဆိုလို့ကြိုနေတာပါတဲ့ ....
မယုံကြည်နိုင်လောက်အောင်ကို ဆန်းကြယ်တဲ့တရားတွေ။ လာမယ်ဆိုလို့ဆိုတာက လှမ်းပြီးမေတ္တာပို့တယ်။ ကြိုးမဲ့ကြေးနန်းလိုပေါ့။ မေတ္တာထက်ကောင်းတာမရှိဘူး၊ ဖူးခွင့်ပေးပါ ခွင့်တောင်းလိုက်တယ်။ အဲဒီလိုသိနေတော့ ကြိုဆိုကြတာပေါ့။
ဒီအလင်းတန်းကြီးရဲ့ညာဖက်က နတ်သားတွေချည်းတန်းစီပြီး လက်အုပ်ချီပြီးတော့ ကြိုနေကြတာ။ တစ်ဖက်က နတ်သမီးတွေချည်းပဲ တန်းစီပြီး လက်အုပ်ချီပြီး ကြိုဆိုနေကြတာ။ နတ်သားကသီးခြား နတ်သမီးကသီးခြား။ ဒါလည်းမှတ်ထားနော်။
သိကြားမင်းကိုယ်တိုင် ဆံတော်နဲ့ စွယ်တော်ဌာပနာထားတဲ့ နေရာကို လိုက်လံပြီးတော့ပြသကြတယ်။ ဒါတွေဟာ မယုံကြည်လောက်အောင်ကို ဆန်းကြယ်တဲ့ အရာတွေပါ။
ဒါကြောင့်ဆရာတော်ဘုရားကြီးက ယောဂီတွေပြနေတာ နှစ်ပေါင်းသုံးဆယ်ရှိပါပြီ။ ဘယ်သူမှမပြောရဘူး။ မယုံကြည်တဲ့သူတွေ အကုသိုလ်ဖြစ်လိမ့်မယ်....ဆိုပြီး ပိတ်ထားတယ်။
မနှစ်ကနွေက ကျွန်တော့်လဲပြလိုက်ရော ဒီတရားကို ကျွန်တော်လည်းဝင်အားထုတ်လိုက်ရော၊ ကျွန်တော်တင်မကဘူး ခေတ်ပညာတတ်ပုဂ္ဂိုလ်တွေရောဆိုတော့ တစ်ခါတည်းပဲ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ပြောကြဆိုကြ တီးတိုးတီးတိုးပြောကြ၊ ပြောပြီးဝမ်းသာအားရ ဖြစ်ကြရ။
ဒီလို လက်နဲ့ကိုင်ပြီးပြလို့ရတဲ့တရားတွေ ဘာပြုလို့ဖုံးကွယ်ထားရမှာတုံး။ နိုင်ငံခြားသားတွေ၊ လက်တွေ့မှ ယုံမယ်ဆိုတဲ့သူတွေအတွက် အင်မတန်မှထိုက်တန်တဲ့ တရားတွေပါလား။ ဒီလိုဖြစ်လာကြပါတယ်။ ၀မ်းသာစရာပါပဲ။ တစ်သက်နဲ့တစ်ကိုယ် သာသနာတော်မြတ်ရဲ့ ဘုန်းကံတွေကြောင့် ဖူးမြော်ခွင့်ရကြတာပဲ။
ဗြဟ္မာပြည်ရောက်တော့လည်း ဒီအတိုင်းပါပဲ။ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြ၊ လိုက်လံပြီတော့ ပြသကြတယ်။
နတ်ပြည်ဆိုတာ မန္ဓာတုစကြာမင်းတို့ နေမိမင်းတို့ အစရှိတဲ့ လူသားတွေရောက်တာ ဗုဒ္ဓစာပေထဲမှာ တစ်ယောက်၊ နှစ်ယောက်လောက်ပဲရှိပါတယ်။ ဒီလို အစုလိုက် အပြုံလိုက်သွားပြီးတော့ ဘုရားဖူးကြ ပြန်လာကြ နောက်တစ်သုတ်က တက်သွားကြဆိုတော့ ကျွန်တော်စဉ်းစားမိတယ်။ တာဝတိသာတို့ ၊ ဟို...မပြောကောင်း ပြောကောင်းပေါ့လေ အကနိဌဗြဟ္မာဘုံဟာ ဒီစကြာဝဠာမှာ အမြင့်ဆုံးဘုံ။ ဒုဿစေတီ အမည်ရတဲ့ ဘုရားကြီးကလည်း အမြင့်ဆုံးဘုရားကြီး။
အဲဒီမှာရှိတဲ့ ဗြဟ္မာတွေနဲ့ နတ်တွေရဲ့ မီဒီယာတွေကတော့ တော်တော့ကို လှုပ်ရှားသွားမှာပဲ။

ဟုတ်ကဲ့. ခုခေတ်လူငယ်လေးတွေနဲ့တော့ အရမ်းကိုက်တဲ့ကျင့်စဉ်ပါ။ နတ်ပြည်၊ ငရဲပြည် ရှိတယ်ဆိုတာ မယုံကြည်တဲ့ပုဂ္ဂိုလ်တွေ လက်တွေ့ကျင့်ကြံအားထုတ်ပြီး သိမြင်နိုင်ပါတယ်။ ကန္နီနည်းဟာ ခက်ခက်ခဲခဲလဲမရှိပါဘူး၊ သမထဘက်ကို ပိုအားပြုပြီး နိမိတ်အလင်းနဲ့ ကစားပြိး ရုပ်တွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်နိုင်တဲ့နည်းပါ။ မမြင်ရရင်မယုံကြည်ဘူး၊မျက်စိနဲ့မြင်ရမှယုံမယ်ဆိုရင်တစ်ခုလောက်မေးပါရစေ၊ မိမိမျက်စိက ဘယ်လောက်ယုံရပါသလဲ၊ ရှိနေပြီး မိမိမျက်စိက မမြင်ရတာတွေ အများကြီးပါ၊ ဥပမာ လေ၊ တစ်ချို့ရောင်ခြည်တွေ၊ သံလိုက်စက်ကွင်းတွေ၊ ပိုးမွှားတွေ၊ အများကြီးပါပဲ။ ဆရာတော်ကြီးတစ်ပါးက သူ့ရဲ့ကျောင်းတိုက်အ၀င်ဝ မုဒ်ဦးကြီးမှာ သတိ နောက်ဘ၀ရှိသည်၊ငရဲပြည်ရှိသည်၊နတ်ပြည်ရှိသည်ဆိုတဲ့စာတမ်းကြီးကိုအထင်အရှားသတိပေးရေးထိုးထားပါတယ်။ ခုခေတ်လူငယ်လေးတွေ အထင်ကြီး အားကျ ယုံကြည်တဲ့ သိပ္ပံပညာဟာ ဘုရားရှင်တရားတော်တွေ မှန်ကန်ကြောင်း သက်သေခံဖော်ထုတ်ပေးနေပါပြီ။ လိုက်စားမယ်ဆိုရင်လဲ သိပ္ပံပညာကို အတွင်းကျကျသိအောင် လိုက်စားကြပါ။ Matter does not exit ဆိုတာကို သိပ္ပံပညာရှင်တွေဟာ ၀မ်းနည်းစွာနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀ ခန့်ကပင် ၀န်ခံပြီးပါပြီ။ ဘုရားရှင်ဟာ ရူပံ ဘိက္ခဝေ အနတ္တာ ဆိုပြီး ရုပ်မရှိကြောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကပင် ဟောကြားခဲ့ပြီးပါပြီ။ ဘုရားရှင်စကားတော်ကို မယုံကြည်တဲ့ လူသားတွေဟာ ဟုတ်ရဲ့လားဆိုတဲ့ သံသယနဲ့ ရှာဖွေခဲ့ကြရာ အနှစ် ၂၀၀၀ကျော်ကြာမှ သိနိုင်ခဲ့ကြပါတယ်။ ဘုရားရှင်စကားလေး တစ်ခွန်းကို သိဖို့ဒီလောက်ကြာမြင့်ခဲ့ပါတယ်။ ဘုရားစကားကိုသာ နားထောင်ပြီး ကျင့်ကြံအားထုတ် လိုက်နာကြမယ်ဆိုရင် ယနေ့ကမ္ဘာကြီးဟာ ဒီ့ထက်အများကြီး ငြိမ်းချမ်းနေမှာပါ။ ဘုရားရှင်၏ဓမ္မဒေသနာတော်တွေဟာ ဘယ်တော့မှ မမှားနိုင်တဲ့ ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် မရှိတဲ့ သစ္စာတရားတွေပါ။ ယနေ့ကမ္ဘာကြီးဟာ ဘုရားရှင်ချမှတ်ခဲ့တဲ့ နိစ္စသီလခေါ်တဲ့ ငါးပါးသီလကိုသာ မြဲမြံ ကျင့်သုံးကြမယ်ဆိုရင် အားလုံးလိုချင်တောင့်တတဲ့ တကယ်ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်မှာ သေချာပါတယ်။ 

နတ်ပြည်၊ငရဲပြည်တစ်ကယ်ရှိသလား
*************************

နတ်ပြည်၊ ငရဲပြည်တစ်ကယ်ရှိသလားဆိုတာကို အိုဘယ့်ခရီးသည် စာအုပ်မှ ဓမ္မာစရိယ ဦးဌေးလှိုင်ရေးသားတဲ့ အောက်ပါစာများကို ဖတ်ကြည့်ပါ။

ဆရာကြီးဦးဌေးလှိုင်သည် ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားခဲ့ပြီး မှော်ဘီမြို့နယ် လှပဒါးကျောင်းတွင်ရဟန်းပုဂ္ဂိုလ်များဆိုလျင် ဓမ္မာစရိယအောင်ပြီးသားနှင့် လူပဂ္ဂိုလ်ဆိုလျင် ဘွဲ့ရပြီးသားများကို စုစည်းပြီး မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး ဦးသောဘိတထံတွင် ကန္နီရွှေသိမ်တောရ ဆရာတော်ဘုရားကြီး၏ ကန္နီနည်းဖြင့် ရက် (၆၀)တရားစခန်းတွင် အားထုတ်ရာမှ တွေ့မြင်မှု့များကို ရေးသားထားခြင်းဖြစ်ပါသည်။

အံ့သြစရာတွေချဉ်းတွေ့မြင်ရ

ချုံ့၍ဘုရားတပည့်တော်လျှောက်ပါမယ်၊ သမထကျင့်စဉ်မှာ ဒီဝိသုဒ္ဓိမဂ်မှာတော့ နှာသီးဖျားသည်အစရင်ချိုင့်သည်အလယ်ချက်

သည်အဆုံး၊ ချက်သည်အစ ရင်ချိုင့်သည်အလယ်၊ နှာသီးဖျားသည် အဆုံးပေါ့။ ဟိုမှာတော့ အဲဒီလို မဟုတ်ဘူး။ 

အထက်ဘ၀ဂ်သည်အစ ရင်ချိုင့်သည်အလယ် အောက်အာကာသသည် အဆုံးဆိုပြီးတော့တပည့်တော်တို့နိမိတ်အလင်းလုံးကိုအောက်
ကိုဖောက်ချရပါတယ်။နှစ်သိန်းလေးသောင်းအထုရှိသောမြေကြီး
ကိုအလင်းလွန်ပူကြီးဒီလိုရစ်ပြီးတော့ဖောက်သွားသလို
တပည့်တော်အတိုင်းသား ငုံ့ကြည့်တော့ မြင်နေရပါတယ်။

 တပည့်တော်ဖောက်လိုက်တဲ့ အလင်းလွန်ပူကြီးဟာဆိုရင် ရှိရှိ ရှိရှိ နဲ့ တော်တော်ကြာ ရပ်သွားပြီးတော့ ကြည့်လိုက်တော့ အောက်မှာစိမ်းပြာပြာ လှိုင်းကလေးတွေနဲ့ လွန့်နေတာ တွေ့ရပါတယ်။ 

အဲဒီလှိုင်းကလေးပေါ်မှာ လကလေးကသာနေတာတွေ့ရပါတယ်။ ဟာ ရေပေါ်မှာ 'လ' သာနေပါလားကြည့်လိုက်တော့ 'လ'လေးလို့ ထင်တာပေါ့လေ။ ကြည့်လိုက်တော့မဟုတ်ဘူး။ ငါ့ရဲ့လွှတ်လိုက်တဲ့ အလင်းဟာ အဲဒီရေပေါ်တင် သူကရပ်နေသေးတာပါလားလို့ သွားတွေ့တယ်။ အဲဒါနဲ့ တပည့်တော်ဆက်ပြီး ဖောက်တယ်ပေါ့ဘုရား။

 အောက်ရောက်တော့ တိမ်တိုက်တွေ တွေ့ရတယ်။ အံ့သြစရာကောင်းတယ်ဘုရား။ မြေအောက်ရေ ရေအောက်လေ
 လေအောက်အာကာသ လောက၀ိဒူ အဖွင့်နဲ့လည်းပဲ အင်မတန်ကိုက်ညီပါတယ်ဘုရား။ So many Universal အဲဒီသိပ္ပံနည်းနဲ့လည်း ကိုက်ညီပါတယ်ဘုရား။
အဲဒီလို Method က နှစ်ရက်ထဲခိုင်းပါတယ်ဘုရား။ အဲဒီ Lesson က ဘာကိုပြတာလည်းဆိုတော့ တပည့်တော် သဘောပေါက်သွားတာ လျှောက်တာပါဘုရား။


 ဟုတ်ချင်မှဟုတ်မှာပါ။ စကြာဝဋ္ဋာအနန္တကို တိုးလျှိုပေါက်ကြည့်ချင်ရာ အပိတ်အပင်အတားအဆီးမရှိ ကြည့်လိုရာကြည့်နိုင်တယ်ဆိုတဲ့ သင်ခန်းစာ နှစ်ရက်ပဲပေးပါတယ်။
ဘယ်လောက်အားရစရာ ကောင်းသလဲဘုရား။ 


ဥပမာ ရေကြောကိုကြည့်မယ်၊ ငလျင်ကြောကိုကြည့်မယ်၊ ဓါတ်သတ္တု၊ သယံဇာတ၊ ရေနံကြည့်မယ် ၊ ဇီဝလက်နက်တွေကြည့်မယ်၊ ဘယ်သူဘာလုပ်နေတယ်၊ အကုန်ကြည့်လို့ မရဘူးလားဘုရား။ 

 သိပ်သေချာတာပေါ့။ ဒီထက်သိမ်မွှေ့တဲ့ ဗြဟ္မာတွေ သိကြားတွေက Metting ထိုင်နေတာ တပည့်တော်တို့ ဒီအတိုင်းတွေ့တာပဲ။ ဟာ ဓတရဠက ဒီမှာ၊ ၀ိရူပက္ခက ဒီမှာ၊ ၀ိရူဠက၊ ကုဝေရ၊ ဟောသူ့အဆောင်အယောင် သူ့အ၀တ်အစားတွေနဲ့ ၊ ဒီက သိကြားမင်း ၊ ဒီက မိဖုရားတွေ အတိုင်းသား တပည့်တော်တို့မြင်ရတယ်။

 အံ့သြစရာ အလွန်ကောင်းပါတယ်။ ဒီက နိမိတ်လွှတ်လိုက်တဲ့အခါကျတော့ ဟယ်လီကော်ပတာတို့၊ ရော့ကက် ဒုံးပျံတို့လွှတ်တင်လိုက်တဲ့အခါမှာ မီးခိုးတန်းကြီးကျန်ခဲ့သလို၊ ဒီနှာသီးဖျားက ထွက်သွားတဲ့ အဖြူအလင်းရောင်တန်းကြီးဟာ ဟို တာဝတိသာက စူဠာမဏိစေတီကို ရောက်သွားတာပါပဲ။

 ရောက်သွားတဲ့အခါကျတော့ သိကြားမင်းက ဆီးပြီးကြိုတယ်။ မိဖုရားလေးယောက်နဲ့ ဆီးပြီးကြိုတယ်။ လာမယ်ဆိုလို့ကြိုနေတာပါတဲ့ ....
မယုံကြည်နိုင်လောက်အောင်ကို ဆန်းကြယ်တဲ့တရားတွေ။ လာမယ်ဆိုလို့ဆိုတာက လှမ်းပြီးမေတ္တာပို့တယ်။ 


ကြိုးမဲ့ကြေးနန်းလိုပေါ့။ မေတ္တာထက်ကောင်းတာမရှိဘူး၊ ဖူးခွင့်ပေးပါ ခွင့်တောင်းလိုက်တယ်။ အဲဒီလိုသိနေတော့ ကြိုဆိုကြတာပေါ့။
ဒီအလင်းတန်းကြီးရဲ့ညာဖက်က နတ်သားတွေချည်းတန်းစီပြီး လက်အုပ်ချီပြီးတော့ ကြိုနေကြတာ။ တစ်ဖက်က နတ်သမီးတွေချည်းပဲ တန်းစီပြီး လက်အုပ်ချီပြီး ကြိုဆိုနေကြတာ။ နတ်သားကသီးခြား နတ်သမီးကသီးခြား။ ဒါလည်းမှတ်ထားနော်။


သိကြားမင်းကိုယ်တိုင် ဆံတော်နဲ့ စွယ်တော်ဌာပနာထားတဲ့ နေရာကို လိုက်လံပြီးတော့ပြသကြတယ်။ ဒါတွေဟာ မယုံကြည်လောက်အောင်ကို ဆန်းကြယ်တဲ့ အရာတွေပါ။


ဒါကြောင့်ဆရာတော်ဘုရားကြီးက ယောဂီတွေပြနေတာ 

 နှစ်ပေါင်းသုံးဆယ်ရှိပါပြီ။ ဘယ်သူမှမပြောရဘူး။ မယုံကြည်တဲ့သူတွေ အကုသိုလ်ဖြစ်လိမ့်မယ်....ဆိုပြီး ပိတ်ထားတယ်။

မနှစ်ကနွေက ကျွန်တော့်လဲပြလိုက်ရော ဒီတရားကို ကျွန်တော်လည်းဝင်အားထုတ်လိုက်ရော၊ ကျွန်တော်တင်မကဘူး ခေတ်ပညာတတ်ပုဂ္ဂိုလ်တွေရောဆိုတော့ တစ်ခါတည်းပဲ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ပြောကြဆိုကြ တီးတိုးတီးတိုးပြောကြ၊ ပြောပြီးဝမ်းသာအားရ ဖြစ်ကြရ။
ဒီလို လက်နဲ့ကိုင်ပြီးပြလို့ရတဲ့တရားတွေ ဘာပြုလို့ဖုံးကွယ်ထားရမှာတုံး။


 နိုင်ငံခြားသားတွေ၊ လက်တွေ့မှ ယုံမယ်ဆိုတဲ့သူတွေအတွက် အင်မတန်မှထိုက်တန်တဲ့ တရားတွေပါလား။ ဒီလိုဖြစ်လာကြပါတယ်။ ၀မ်းသာစရာပါပဲ။ တစ်သက်နဲ့တစ်ကိုယ် သာသနာတော်မြတ်ရဲ့ ဘုန်းကံတွေကြောင့် ဖူးမြော်ခွင့်ရကြတာပဲ။
ဗြဟ္မာပြည်ရောက်တော့လည်း ဒီအတိုင်းပါပဲ။ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြ၊ လိုက်လံပြီတော့ ပြသကြတယ်။



နတ်ပြည်ဆိုတာ မန္ဓာတုစကြာမင်းတို့ နေမိမင်းတို့ အစရှိတဲ့ လူသားတွေရောက်တာ ဗုဒ္ဓစာပေထဲမှာ တစ်ယောက်၊ နှစ်ယောက်လောက်ပဲရှိပါတယ်။ ဒီလို အစုလိုက် အပြုံလိုက်သွားပြီးတော့ ဘုရားဖူးကြ ပြန်လာကြ နောက်တစ်သုတ်က တက်သွားကြဆိုတော့ ကျွန်တော်စဉ်းစားမိတယ်။ 


တာဝတိသာတို့ ၊ ဟို...မပြောကောင်း ပြောကောင်းပေါ့လေ အကနိဌဗြဟ္မာဘုံဟာ ဒီစကြာဝဠာမှာ အမြင့်ဆုံးဘုံ။ ဒုဿစေတီ အမည်ရတဲ့ ဘုရားကြီးကလည်း အမြင့်ဆုံးဘုရားကြီး။
အဲဒီမှာရှိတဲ့ ဗြဟ္မာတွေနဲ့ နတ်တွေရဲ့ မီဒီယာတွေကတော့ တော်တော့ကို လှုပ်ရှားသွားမှာပဲ။

ဟုတ်ကဲ့. ခုခေတ်လူငယ်လေးတွေနဲ့တော့ အရမ်းကိုက်တဲ့ကျင့်စဉ်ပါ။ နတ်ပြည်၊ ငရဲပြည် ရှိတယ်ဆိုတာ မယုံကြည်တဲ့ပုဂ္ဂိုလ်တွေ လက်တွေ့ကျင့်ကြံအားထုတ်ပြီး သိမြင်နိုင်ပါတယ်။ ကန္နီနည်းဟာ ခက်ခက်ခဲခဲလဲမရှိပါဘူး၊ သမထဘက်ကို ပိုအားပြုပြီး နိမိတ်အလင်းနဲ့ ကစားပြိး ရုပ်တွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်နိုင်တဲ့နည်းပါ။ 


 မမြင်ရရင်မယုံကြည်ဘူး၊မျက်စိနဲ့မြင်ရမှယုံမယ်ဆိုရင်
တစ်ခုလောက်မေးပါရစေ၊ မိမိမျက်စိက ဘယ်လောက်ယုံရပါသလဲ၊ ရှိနေပြီး မိမိမျက်စိက မမြင်ရတာတွေ အများကြီးပါ၊ ဥပမာ လေ၊ တစ်ချို့ရောင်ခြည်တွေ၊ သံလိုက်စက်ကွင်းတွေ၊ ပိုးမွှားတွေ၊ အများကြီးပါပဲ။ 

ဆရာတော်ကြီးတစ်ပါးက သူ့ရဲ့ကျောင်းတိုက်အ၀င်ဝ မုဒ်ဦးကြီးမှာ သတိ နောက်ဘ၀ရှိသည်၊ငရဲပြည်ရှိသည်၊နတ်ပြည်ရှိသည်ဆိုတဲ့
စာတမ်းကြီးကိုအထင်အရှားသတိပေးရေးထိုးထားပါတယ်။ ခုခေတ်လူငယ်လေးတွေ အထင်ကြီး အားကျ ယုံကြည်တဲ့ သိပ္ပံပညာဟာ ဘုရားရှင်တရားတော်တွေ မှန်ကန်ကြောင်း သက်သေခံဖော်ထုတ်ပေးနေပါပြီ။ လိုက်စားမယ်ဆိုရင်လဲ သိပ္ပံပညာကို အတွင်းကျကျသိအောင် လိုက်စားကြပါ။ 

Matter does not exit ဆိုတာကို သိပ္ပံပညာရှင်တွေဟာ ၀မ်းနည်းစွာနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀ ခန့်ကပင် ၀န်ခံပြီးပါပြီ။ ဘုရားရှင်ဟာ ရူပံ ဘိက္ခဝေ အနတ္တာ ဆိုပြီး ရုပ်မရှိကြောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကပင် ဟောကြားခဲ့ပြီးပါပြီ။ ဘုရားရှင်စကားတော်ကို မယုံကြည်တဲ့ လူသားတွေဟာ ဟုတ်ရဲ့လားဆိုတဲ့ သံသယနဲ့ ရှာဖွေခဲ့ကြရာ အနှစ် ၂၀၀၀ကျော်ကြာမှ သိနိုင်ခဲ့ကြပါတယ်။

 ဘုရားရှင်စကားလေး တစ်ခွန်းကို သိဖို့ဒီလောက်ကြာမြင့်ခဲ့ပါတယ်။ ဘုရားစကားကိုသာ နားထောင်ပြီး ကျင့်ကြံအားထုတ် လိုက်နာကြမယ်ဆိုရင် ယနေ့ကမ္ဘာကြီးဟာ ဒီ့ထက်အများကြီး ငြိမ်းချမ်းနေမှာပါ။ ဘုရားရှင်၏ဓမ္မဒေသနာတော်တွေဟာ ဘယ်တော့မှ မမှားနိုင်တဲ့ ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် မရှိတဲ့ သစ္စာတရားတွေပါ။ 

ယနေ့ကမ္ဘာကြီးဟာ ဘုရားရှင်ချမှတ်ခဲ့တဲ့ နိစ္စသီလခေါ်တဲ့ ငါးပါးသီလကိုသာ မြဲမြံ ကျင့်သုံးကြမယ်ဆိုရင် အားလုံးလိုချင်တောင့်တတဲ့ တကယ်ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်မှာ သေချာပါတယ်။

ဓမ္မနဒီဆိုဒ်မှ မူကြိုဆရာရေးသားသော ပို့မှ ကူးယူမျှဝေသည်...။

No comments:

Post a Comment