/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, March 30, 2014

**** အဓိဋ္ဌာန်ပါရမီဟူသည် ****



အဓိဋ္ဌာန်ပါရမီဟူသည်
-----------------------

အဓိဋ္ဌာန်ပါရမီဟူသည် ကောင်းသောလုပ်ငန်းများကို ပါရမီမြောက်အောင် ဆောင်ရွက်ရာ၌ ယင်းလုပ်ငန်းများ မပျက်ပြားသွားရလေအောင် ခိုင်မာသော ဆုံးဖြတ်ချက်ချပြီး ထိုဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ခြင်းပင်ဖြစ်၏။


 ထို့ကြောင့် အဓိဋ္ဌာန်ပါရမီဟူသည် ကျန်ပါရမီတို့ကို ဖြစ်မြောက်အောင် ပံ့ပိုးသောအားဖြင့် အားဖြည့်ပေးသော ပါရမီပင်ဖြစ်၏။ပံ့ပိုးသောအားဖြင့် အားဖြည့်ခြင်းဟူသည် ထိုပါရမီတို့၏ ဆန့်ကျင်ဘက်များကို ဖယ်ရှားနှိမ်နှင်းပေးခြင်း ဖြစ်၏။
ထို့ကြောင့် ကျန်ပါရမီများမရှိဘဲနှင့် အဓိဋ္ဌာန်ပါရမီဟူ၍ သီးခြားဖြစ်သည် မဟုတ် ။

အဓိဋ္ဌာန်ပါရမီဟူသည် ခိုင်မာသော ဆုံးဖြတ်ချက် ဖြစ်လေရာ ခိုင်မာသောဆုံးဖြတ်ချက် မပါဝင်ဘဲနှင့်လည်း အခြားသောပါရမီများ ဖြစ်ပေါ်လာမည် မဟုတ် ထို့ကြောင့် ပါရမီအားလုံးတို့အတွက် မောင်းနှင်အားအဖြစ်ဖြင့် အဓိဋ္ဌာန်ပါရမီကို ယူရ၏။ 

အမှန်အားဖြင့် အဓိဋ္ဌာန်ပါရမီတည်းဟူသော မောင်းနှင်အားကြောင့်သာ ဒါန သီလ စသော ပါရမီများသည် တရွေ့ရွေ့လှုပ်ရှားကြပြီး တဖြည်းဖြည်းရင့်ကျင့်လာခြင်း ဖြစ်၏။ 

ကုသိုလ်ကောင်းမှုများကို လုပ်ရာ၌ ခိုင်မာသောဆုံးဖြတ်ချက်ဖြင့် မောင်းနှင်ပံ့ပိုးပေးမှသာ ယင်းကောင်းမှုသည် အထွတ်အထိပ်သို့လည်း ရောက်၏။ ပါရမီသဘောကိုလည်း ဆောင်၏။ လူတို့သည် ဒါနကို ဒြပ်ရှိ အနေဖြင့်လည်း ပြုတတ်ကြ၏။

 ဒြပ်မဲ့အနေဖြင့်လည်း ပြုတတ်ကြ၏။ ဒြပ်ရှိအနေဖြင့် ပြုခြင်းဟူသည်မှာ မိမိ၏ ပစ္စည်းဥစ္စာကိုဖြစ်စေ မိမိ၏ ကာယအားနှင့် ဥာဏအားကိုဖြစ်စေ လှူဒါန်းခြင်း ဖြစ်၏။ မိမိ၏ ပစ္စည်းဥစ္စာကိုလှူလျှင် အာမိသဒါနဖြစ်၏။ မိမိ၏ ကာယအားဥာဏအားကိုလှူလျှင် ဓမ္မဒါနဖြစ်၏။

 အမှန်အားဖြင့် ဒါန၏အနှစ်သာရမှာ စွန့်လွတ်ခြင်းနှင့် အနစ်နာခံခြင်းဖြစ်၏။
ပုထုဇဉ်တို့ ဓမ္မတာအတိုင်း စွန့်လွတ်ရဖန် များလာသောအခါ ဖြစ်စေ အနစ်နာခံရဖန်များလာသောအခါ ဖြစ်စေ အလှူခံပုဂ္ဂိုလ်များ၌ စိတ်ကွက်စရာများကို ကြုံတွေ့ရသောကြောင့် ဖြစ်စေ ဒါယကာများဘက်က စိတ်ကွက်လာတတ်၏။ 

 စေတနာပျက်လာတတ်၏။ ဤသို့ ဖြစ်လာခြင်းသည် အဓိဋ္ဌာန်တည်းဟူသော မောင်းနှင်အား လျော့လာခြင်းပင်ဖြစ်၏။
 မောင်းနှင်အား လျော့လာသည်နှင့်အမျှ ဒါန၏ အရှိသည်လည်း လျော့လာ၏။ မောင်းနှင်အား ရပ်သွားသည်နှင့် တစ်ပြိုက်နက် ဒါန၏ အရှိန်သည်လည်း ရပ်သွား၏။ 

ထိုအခါ ဒါနသည် ပါရမီဒါန မဟုတ်တော့ သာမန်ဒါနသာ ဖြစ်လေတော့၏။
ထို့ကြောင့် ဒါနကို ပါရမီဒါနဖြစ်ရလေအောင် တကယ်တမ်း ဆောင်ရွက်တော့မည်ဆိုလျှင် စိတ်ကွက်စရာ အကြောင်းများစွာကို တွေ့ကြုံရသော်လည်း ယင်းစိတ်ကွက်စရာများကို ကျော်လွန်အောင် အားထုတ်ရ၏။ ယင်း စိတ်ကွက်စရာများသည် ဒါနပါရမီ၏ အန္တရာယ်များ ဖြစ်ကြ၏။ 

ယင်း အန္တရာယ်များကို ကျော်လွန်နိုင်ဖို့ လို၏။ ပယ်ရှာနိုင်ခြင်းသည်ပင် အဓိဋ္ဌာန်ပါရမီ ဖြစ်၏။ ဒါန၏ အန္တရာယ်များကို အဓိဋ္ဌာန်ပါရမီက ဖယ်ရှားပေး၏။ ဒါနလမ်းကြောင်းကို ဖြောင့်ဖြူးအောင် ခင်းကျင်းပေးမှသာ ဒါနသည် သူ၏လမ်းအတိုင်း ပန်းတိုင်သို့ ရောက်အောင်သွားနိုင်မည် ဖြစ်၏။

ပန်းတိုင်သို့ ရောက်အောင်သွားနိုင်ပါမှလည်း ဒါနသည် ပါရမီ မြောက်မည်ဖြစ်၏။ ဒါနကို ပါရမီမြောက်အောင် ဆောင်ရွက်ရာ၌ အဓိဋ္ဌာန်က လမ်းရှင်းပေးသကဲ့သို့ ဖြစ်၏။ ခန္တီက ပတ်ဝန်းကျင်၏ ဆွဲဆောင်မှုမှန်သမျှကို တွန်းလှန်ပေးသကဲ့သို့ ဖြစ်၏။ ဥပေက္ခာက ဒါနအနေဖြင့် မိမိ၏ လမ်းကြောင်းအတိုင်း တည့်တည့်မတ်မတ် သွားရအောင် ဆောင်ရွက်ပေးရသကဲ့သို့ ဖြစ်၏။

 နေက္ခမ္မက ဒါနက ရရှိလာမည့် အကျိုးတရားဟူသမျှ၌ ဒါယကာအနေဖြင့် (အလှူရှင်ဟူသော ထင်ပေါ်ကျော်ဇောခြင်း၌) စိတ်ဝင်စားခြင်းမရှိဘဲ စွန့်လွတ်ခြင်းနှင့် အနစ်နာခံခြင်း သက်သက်၌သာ စိတ်ဝင်စားအောင် ဆောင်ရွက်ပေး၏။ ထိုအခါ ဒါနသည် ပါရမီသဘောကို ဆောင်လေတော့၏။ 

ဤသို့ ဆောင်ပါမှလည်း ဒါနသည် မြင့်မြတ်သူတို့၏ လုပ်ငန်းဖြစ်နိုင်ပါ၏။ သို့မဟုတ်ပါက ဒါနသည် သူလိုငါလို သာမန်ပုဂ္ဂိုလ်တို့၏။ လုပ်ငန်းသာဖြစ်ချေမည်။ သီလကိုဆောက်တည်ရာ၌လည်း ပါရမီသီလဖြစ်ရလေအောင် အဓိဋ္ဌာန်က ကျုးလွန်ဖွယ်များရာဖြစ်သော ဒုစရိုက်များနှင့် ဒုရာဇီဝများကို ကြံ့ကြံ့ခိုင်ခိုင် နှိမ်နင်းပေး၏။ 

ခန္တီကဆွဲဆောင်မှုများကို ကြံ့ကြံ့ခံ၏။ ဥပေက္ခာက သီလအား မိမိလမ်းအတိုင်း ဖြောင့်ဖြောင့်သွားနိုင်အောင် တည့်မတ်ပေး၏။ ထိုအခါ သုစရိုက်နှင့် သမ္မာအာဇီဝကိုကျင့်သော အားဖြင့် ပါရမီသဘောကို ဆောင်လေ၏။

အမှန်အားဖြင့် ဆုံးဖြတ်ချက် ခိုင်မာမှသာ မြင့်မြတ်သူများသည် မိမိတို့တွေ့ကြုံရသော အခက်အခဲဟူသမျှကို ကျော်လွှားပြီး မိမိတို့ရည်ရွယ်ထားသည့် ပါရမီလမ်းအတိုင်း ဖြောင့်ဖြောင့်မတ်မတ် သွားနိုင်ကြ၏။ ထိုတွင် ဆုံးဖြတ်ချက်ခိုင်မာခြင်းသည် အဓိဋ္ဌာန်ပါရမီကြောင့် ဖြစ်၏။ ဖြောင့်ဖြောင့်တန်းတန်း ကိုယ့်လမ်းကို သွားနိုင်ခြင်းသည် ဥပေက္ခာပါရမီကြောင့် ဖြစ်၏။ မည်သည့်အကျိုးကိုမျှ မမျှော်ကိုးပဲ စေတနာသန့်သန့်ဖြင့် ဆောင်ရွက်ခြင်းသည်
 နေက္ခမပါရမီကြောင့် ဖြစ်၏။ 

လောက၌ လူကောင်းဖြစ်စေ လူဆိုးဖြစ်စေ မည်သူမဆို ဓမ္မနှင့်အညီ လုပ်ကိုင်ဆောင်ရွက် လိုကြသည်ချည်းဖြစ်၏။ သူမတရားဟူ၍ိံမည်သူမျှ အပြောမခံလိုကြ။ သူတရားတယ်ဟူ၍သာ အပြောခံလိုချင် ကြသူချည်းဖြစ်၏။ ဤကမ္ဘာမှာ လူ့ဘဝ၏ ဗီဇဓမ္မတာ ဖြစ်၏။ 

လူဘဝ၏ ဗီဇဟူသည် ကုသိုလ်ကံ၏ အကျိုးတရားသာဖြစ်၏။ 
သို့ရာတွင် ကောင်းသောလုပ်ငန်းများကို ဆောင်ရွက်ရာ၌ မိမိအဆင့်အရ မက်မော လောက်ဖွယ်ကို မတွေ့သေးလျှင် ထိုက်တန်သလောက် အနစ်နာခံနိုင် ကြသော်လည်း မက်မောလောက်သော အခွင့်အရေးနှင့် ကြုံတွေ့ရသောအခါ မိမိဘက်က အသာမရလျှင် ရအောင်ယူတတ်ကြ၏။ 

ဤသည်မှာ မိမိတို့၏ စိတ်ဓာတ် မခိုင်မာမှုကြောင့် ဖြစ်၏။ စိတ်ဓာတ် မခိုင်မာလျှင် ဆုံးဖြတ်ချက်လည်း မခိုင်မာချေ။ ဆုံဖြတ်ချက် မခိုင်မာခြင်းသည် အဓိဋ္ဌာန်ပါရမီ ပျက်ပြားခြင်းပင်ဖြစ်၏။ အဓိဋ္ဌာန်ပါရမီ ပျက်ပြားလျှင် ရရှိမည့် အကျိုးတရား၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်။ ထိုအခါ မူလက မိမိရည်ရွယ်ထားသည့်အတိုင်း လုပ်ငန်းကို အပြီးသတ်အောင် မဆောင်ရွက်နိုင်တော့ဘဲ မိမိ၏ မူလရည်ရွယ်ချက်မှ သွေဖယ်သွားလေ၏။ 

ထိုအခါ လုပ်ငန်းနှင့်ပတ်သက်၍ ရရှိမည့် အကျိုးတရားကို မရလျှင်ရသည့်နည်းဖြင့် ရအောင်ကြိုးစားတော့၏။
 
ယှဉ်ဘက်များကို နင်းမှရမည်ဆိုလျှင် နင်းတော့၏။ အထက်လူကြီးများကို ခစားရမည်ဆိုလျှင်လည်း နည်းမျိုးစုံဖြင့် ခစားတော့၏။ ထိုအခါ လုပ်ငန်းပြီးမြောက်ရေးသာ ပဓာနဟူသော မိမိ၏ မူလရည်ရွယ်ချက် နေက္ခမ္မသည် ပျက်လေတော့၏။ 

ထို့ကြောင့် နေက္ခမ္မပျက်ပြားခြင်းသည်လည်း အဓိဋ္ဌာန်ပါရမီအပေါ်၌ တာဝန်ရှိလေ၏။ သို့ဖြစ်လေရာ နေက္ခမ္မပါရမီ ဖြစ်မြောက်ရေး၌လည်း အဓိဋ္ဌာန်ပါရမီသည် များစွာပြဋ္ဌာန်း၏။ 

အမှန်အားဖြင့် မည်သည့်ကောင်းမှုကို လုပ်သည်ဖြစ်စေ ဆုံးဖြတ်ချက် ခိုင်မာခြင်းတည်းဟူသော အဓိဋ္ဌာန်ပါရမီ မပျက်စီးပါမှလည်း မည်သည့် အကျိုးကိုမျှ မျှော်ကိုးခြင်းမရှိဘဲ တာဝန်အရ စေတနာသန့်သန့်ဖြင့် လုပ်ခြင်းတည်းဟူသော နေက္ခမ္မပါရမီ ဖြစ်နိုင်၏။
-------------------------------


(ဦးရွှေအောင်)

 https://www.facebook.com/ko.latt.5015/posts/233788493490225:0

No comments:

Post a Comment