/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, March 22, 2014

"နှုတ်ချိုသျှိုတစ်ပါး"

"နှုတ်ချိုသျှိုတစ်ပါး"

★လူ့လောကလူသားတို့သည် စကားပြောဆိုကြရာ၌အသိပညာဖြင့်
ဆင်ခြင်စောင့်ဆည်းခြင်းမရှိဘဲ ပြောဆိုလေ့ရှိကြသည်။ 
ဤသို့ပြောဆိုလေ့ရှိသည့်အတွက် လူသားအချင်းချင်းအမုန်း
ပွားပြီး ခိုက်ရန်ဒေါသဖြစ်လာရခြင်း၊ တစ်ဦးပေါ်
တစ်ဦး ရန်ငြိုးထားပြီး ရန်သူများဖြစ်လာရခြင်း
ကြောင့် အသက်အန္တရယ်ဖြစ်လာရသည့်အခြေ
အနေသို့ ရောက်ရှိလာရတတ်ပါသည်။

★ နှုတ်ကိုစောင့်ဆည်းခြင်းအဖြစ်အပျက်အကြောင်းအရာသည်
မြတ်စွာဘုရားရှင်လက်ထက်အခါကလည်းဖြစ်ပါသည်။
ရှေးအခါကမြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး
နေတော်မူစဉ် ကောကာလိကဘွဲ့အမည်တွင်သောရဟန်းသည်
ကောကာလိကတိုင်းကောကာလိကမြို့မှ ကောကာလိက 
သူဋ္ဌေးသားဖြစ်ခဲ့၏။ ထိုရဟန်းသည်ဖခင်သူဋ္ဌေးကြီးဆောက်
လုပ်ထားသော ကျောင်း၌ နေ၏။

★ ထိုအခါတွင် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်အဂ္ဂသာဝက
နှစ်ပါးတို့သည် နောက်လိုက်ရဟန်းအပါးငါးရာတို့နှင့်အတူ
ဒေသစာရီလှည့်လည်ကြွချီရင်း ၀ါကပ်ချိန်နီးလာသဖြင့်
အေးချမ်းတည်ငြိမ်စွာသီတင်းသုံးလိုသောကြောင့်နောက်လိုက်
ရဟန်းတို့ကို နေရင်း ဌာနသို့ ပြန်လွှတ်လိုက်ပြီးနောက်
ကောကာလိက သီတင်းသုံးရာကျောင်းသို့ကြွမြန်း
ကြကုန်၏။

★ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့သည်ကောကာလိက
ရဟန်းအား ငါတို့သည် ၀ါတွင်းသုံးလကာလပါတ်လုံး 
ဤကျောင်း၌ ၀ါကပ်ဝါဆို၍နေပါမည်။တစုံတစ်ယောက်သော
သူကိုမျှမသိစေနှင့်ဟုမှာကြားထား၏။ ကောကာလိက ရဟန်းသည်
ထိုရဟန်း၏ ၀တ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ကိုပြုပေး၏။ 
သီတင်းကျွတ်သော အခါတွင် ပ၀ါရဏာပြုပြီး၍ ကောကာလိက 
ရဟန်းအား အဂ္ဂသာဝကနှစ်ပါးတို့က သွားတော့မည်ဟု နှုတ်ဆက်
ပန်ကြားကြ၏။ ထိုအခါကောကာလိက ရဟန်းက
တစ်ရက်ဆိုင်းပါဟု တားမြစ်လျှောက်ထား၏။

နောက်နေ့တွင် ကောကာလိကရဟန်းသည် မြို့ထဲသို့ဝင်၍ ၄င်း၏
ကျောင်းတွင် အဂ္ဂသာဝကနှစ်ပါးရောက်ရှိနေကြောင်းအလှူဒါန လာရောက်ပြုကြပါရန်ဖိတ်ကြား၏။ ထိုအခါ ဒါယကာအပေါင်းတို့သည်
လျှင်မြန်စွာစည်းဝေး၍ လှူဖွယ် ပစ္စည်း သင်္ကန်း စ
သည်တို့ကိုယူဆောင်ပြီး ကျောင်းသို့လာကြသည်။

ကောကာလိက ရဟန်း၏ အကြံသည်ကားအဂ္ဂသာဝက နှစ်ပါးတို့မှာ 
အလွန် အလိုနည်းကြသည်။နှုတ်ဖြင့်ပြောဆို၍ဖြစ်ပွားလာ
သောလာဘ်လာဘတို့ကို မခံယူလိုကြပါ။
ထို့ကြောင့် ကျောင်းနေရဟန်းကိုသာ ပေးလှူကုန်
လော့ဟု ပြောဆိုပေလိမ့်မည်ဟု ထင်မြင်နေ၏။
လူတို့သည် လက်ဆောင် ပစ္စည်းများကို ယူပြီး
မထေရ်တို့အထံသွားကြ၏။

ထိုအဂ္ဂသာဝက ရဟန်းတို့သည် ဤ လှူဖွယ်ပစ္စည်းများကို
တွေ့မြင်သောအခါ၌ ငါတို့အားမသုံးဆောင်ထိုက်ကုန်ဟုဆို၏။
ကောကာလိက ရဟန်းသည်လည်း ဤသို့သောပစ္စည်းများကို ၀ိနည်းတော်အရမသုံးဆောင်ထိုက်ဟုပယ်တော်မူ၍
ကြွသွားတော်မူကြကုန်၏။

★ကောကလိကရဟန်းသည် ဤလှူဖွယ်ပစ္စည်းများကို မိမိတို့ကလည်း 
လက်မခံ၊ ငါ့အားလည်းမပေးလှူစေဘဲကြွသွားကြသည်
ဆိုပြီးစိတ်မကောင်းဖြစကာ ရန်ငြိုးဖွဲ့ထားလေ၏။
အဂ္ဂသာဝကနှစ်ပါးတို့သည် ဘုရားရှိရာဇေတ၀န်ကျောင်းတော်သို့ 
ကြွရောက်ပြီး မြတ်စွာဘုရားကိုရှိခိုးပြီးသော် မိမိပရိသတ်ကိုခေါ်ကာ
ဒေသစာရီလှည့်လည်ပြန်ရင်း ကောကာလိကမြို့သို့ရောက်
လာပြန်၏။

★ မြို့သူလူတို့သည် အဂ္ဂသာဝကတို့ကိုမှတ်မိကြသဖြင့် မြို့လယ်တွင် 
မဏ္ဍာပ်ဆောက်ပြီး ပရိက္ခရာတို့နှင့်လှူဒါန်းကြကုန်၏။ 
မထေရ်တို့က ရဟန်းသံဃာတော်တို့အား ပေးဝေကုန်၏။
ကောကာလိကရဟန်းသည် ဤသို့မြင်လေလျှင် မထေရ်
တို့သည် ရှေးက အလိုနည်း၏။ ယခုမူကားအလိုကြီးဖြစ်နေကြ၏။ 
ယခင်အခါက ဟန်ဆောင်နေခြင်းဖြစ်သည်ဟု ကြံစည်စိတ်ကူးပြီး 
မထေရ်တို့အား ယုတ်မာသောရဟန်းများဖြစ်သည်ဟု ပြော
ဆိုပြီး မြတ်စွာဘုရားရှိရာ သာဝတ္ထိပြည် ဇေတ၀န်
ကျောင်းသို့သွားကာ မြတ်စွာဘုရားအားလျှောက်
ကြား၏။

ထိုအခါ မြတ်စွာဘုရားက ဤသို့ မပြောဆိုသင့်ကြောင်း၊ ရှင်သာရိပုတ္တရာ 
ကိုယ်တော်မြတ်နှင့်ရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်တို့သည် သီလ
ကိုချစ်မြတ်နိုးသူတို့ပင် ဖြစ်သည်ဟု မိန့်တော်မူ
၏။

ကောကာလိကသည် သုံးကြိမ်တိုင်အောင်ဆဲရေးစွပ်စွဲလျှောက်ထား၏။
မြတ်စွာဘုရားသည်လည်းသုံးကြိမ်တိုင်တိုင် တားမြစ်ဆုံးမတော်မူ၏။ 
ထိုအခါ ကောကာလိက ရဟန်းသည် မြတ်စွာဘုရားမှမြတ်စွာဘုရားမှ 
မိမိ၏ လျှောက်ထားချက်ကိုပင်တားမြစ်ခဲ့သည်ဟု ဆိုပြီး
မြတ်စွာဘုရားအား ရှိခိုးကာ ထိုနေရာမှ ထသွားလေတော့သည်။
မြတ်စွာဘုရား ကွယ်ရာသို့ရောက်သောအခါ မိမိ၏အသား
အရေတို့မှာ ဖူးယောင်လာ၏။ ဇေတ၀န်ကျောင်းတော်အထွက်တွင် 
အနာတို့သည် ပေါက်ကွဲကုန်ပြီး သွေးပြည်တို့ ယိုစီး ကျလာကုန်၏။ ထိုသို့ ဖြစ်လာပြီးနောက် သေလွန်သွားသည့်အခါ အဂ္ဂသာ
ဝက တည်းဟူသော အရိယာပုဂ္ဂိုလ်တို့ကို ပြော
ဆို စွပ်စွဲမိခြင်း၏ အပြစ်ကြောင့် ပဒုမ ငရဲသို့ ကျ
ရောက်သွားလေတော့၏။

★ မြတ်စွာဘုရားသခင်သည် တစ်ခုသောတရား သ
ဘင်တွင် ရဟန်းတော်အပေါင်းတို့အားရဟန်းတို့
မည်သည် နှုတ်ကိုစောင့်စည်းရာ၏။နူးညံ့သိမ်မွေ့
ပြီးငြိမ်သက်သောစိတ်လည်းရှိရာ၏။ ပျံ့လွင့်သော
စိတ် ကင်းရာ၏။ နှုတ်ဖြင့်ပြောရာ၌ ပညာဖြင့်ဆင်
ခြင်ရာ၏။ ထောင်လွှားသောစိတ်သည် မရှိဖြစ်ရာ
၏ဟု မိန့်ကြားတော်မူခဲ့၏။ ဒေသနာတော်အဆုံး၌
များစွာသောရဟန်းတို့သည် သောတာပတ္တိဖိုလ်၌
တည်ကြကုန်၏။

★ထို့ကြောင့်ကျွန်ုပ်တို့သည်လည်း နှုတ်မြွက်ပြောဆိုရမည့်အခါ၌ မပြောဆိုမှီတွင် မိမိ ပြောဆိုမည့်စကားသည် 
အချိန်အခါနေရာကိုကြည့်ပြီး ပြောဆိုရန်သင့်မသင့်ကို
ဦးစွာဉာဏ်ပညာဖြင့် ဆင်ခြင်စဉ်းစားလျက် သုံးသပ်ပြီး
မှပြောဆိုရာ၏။ ထိုသို့မဟုတ်မူဘဲ ပြောဆိုပါက 
အလွဲလွဲအချော်ချော် အမှားများသွားပါက ဒုက္ခရောက်ရတတ်ပါသည်။ 
ထိုသို့ပြောဆိုရာ၌လည်း နူးညံ့သိမ်မွေ့ပြီး ချိုသာသောစကား
များကိုသာလျှင်နှုတ်မှမြွက်ကြားပြောဆိုကြရန် စေ
တနာကောင်းဖြင့်သတိပေးပြောဆိုလိုက်ပါသည်။

မင်းဖေမြင့် (မုဒုံ)
ဓမ္မ၀ီရဂျာနယ်
အတွဲ ၁၄၊ အမှတ် ၆။

(Credit to ဓမ္မစာပေများ)

နှလုံးသားအဟာရ

ကျောင်းတွင် အဂ္ဂသာဝကနှစ်ပါးရောက်ရှိနေကြောင်းအလှူဒါန လာရောက်ပြုကြပါရန်ဖိတ်ကြား၏။ 

ထိုအခါ ဒါယကာအပေါင်းတို့သည်

 https://www.facebook.com/min.zaw.7798/posts/623807491033405:0

No comments:

Post a Comment