/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, March 30, 2014

**** အရှင်သေဠိလာဘိဝံသ၏ထေရုပ္ပတ္တိ ****

****  အရှင်သေဠိလာဘိဝံသ၏ထေရုပ္ပတ္တိ  ****

 
အရှင်သေဠိလာဘိဝံသ (၁၈၉၆-၁၉၉၇)


အရှင်သေဠိလာဘိဝံသ

၁။ အမည်ရင်း - ဦးမောင်ခင် ၂။ မိဘအမည် - ဦးအေး + ဒေါ်ထွေး ၃။ မွေးသက္ကရာဇ် - ၁၂၅၈ ခုနှစ်၊ ဒုတိယဝါဆိုဆန်း ၁ ရက် ၄။ မွေးဖွားရာဒေသ - ပုတီးကုန်းရွာ၊ ပျော်ဘွယ်မြို့


ထေရုပ္ပတ္တိအကျဉ်း


အရှင်သေဠိလာဝံသကို ပျော်ဘွယ်မြို့နယ်၊ ပုတီးကုန်းရွာတွင် ခမည်းတော် ဦးအေးနှင့် မယ်တော်ဒေါ်ထွေးတို့က ၁၂၅၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁ ရက်နေ့ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်နာမည်မှာ မောင်ခင် ဖြစ်သည်။ အသက်ရှစ်နှစ်တွင် ပုတီးကုန်းကျောင်း ဆရာတော် အရှင်ကဝိန္ဒထံတွင် ပညာသင်ယူသည်။ အသက် ၁၃ နှစ်သားတွင် ခမည်းတော် မယ်တော်တို့၏ မစ္စယာနုဂ္ဂဘဖြင့် ပုတီးကျန်း ဆရာတော်ထံ၌ သာမဏေ အဖြစ်သို့ ရောက်တော်မူခဲ့သည်။ ဘွဲ့တော်မှာ ရှင်သေဠိလ ဖြစ်သည်။ 


အသက် ၁၇ နှစ် အရွယ်တွင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်သို့ ပြောင်းရွှေ့ ပညာသင်ယူသည်။ အသက် ၁၉ နှစ် အရွယ်တွင် ပထမကြီးတန်း အောင်မြင်တော်မူသည်။ ၁၂၇၇ ခုနှစ်တွင် မော်လမြိုင်မြို့ တောင်လေးလုံးကျောင်းတိုက် ခဏ္ဍသိမ်တော်ကြီးတွင် ကြံခင်းကျောင်းတိုက် ဆရာတော် အရှင်အာဒိစ္စဝံသကို ဥပ္ပဈာယ်ပြု၍ မြတ်သော ရဟန်း အဖြစ်သို့ ရောက်တော်မူသည်။ 

 မန္တလေးသို့ ပြောင်းရွှေ့၍ မိုးကောင်းကျောင်းတိုက်၊ ညောင်ရမ်း ဆရာတော် ဘုရားကြီး၊ တိုက်အုပ်ဆရာတော် ဘန္ဒန္တအာစရဟာထေရ်နှင့် ခေမာသီဝံ ကျောင်းတိုက် ဆရာတော်များထံတွင် နှစ်နှစ်ခန့် စာပေ ပရိယတ္တိတို့ကို ထပ်မံ ဆည်းပူး သင်ယူခဲ့သည်။ ရဟန်းသိက္ခာ ထပ်သောအခါတွင် ရန်ကုန်မြို့ စေတီယင်္ဂ စာမေးပွဲနှင့် မန္တလေးမြို့ သကျသီဟ ပရိယတ္တိသာသနာဟိတ စာမေးပွဲ နှစ်ခုကို တနှစ်တည်း အောင်မြင်တော်မူသည်။ သိက္ခာတော် သုံးဝါအရတွင် မန္တလေးမြို့ သကျသီဟ စာမေးပွဲ၌ ပါရဇိကဏ်၊ သိလက္ခန်၊ အဌသာလိနီ၊ အဠကထာကြီး ၃ ကျမ်းကို အောင်မြင်တောင်မူ၍ ဘွဲ့တံဆိပ်ရတော်မူသည်။

ရဟန်းသိက္ခာ ခုနှစ်ဝါရပြီး ၁၂၈၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ စန်ဆိနိကတန်သို့ သွားရောက်၍ အင်္ဂလိပ်ဘာသာနှင့် သက္ကတဘာသာကို သင်ယူခဲ့သည်။ ၁၉၃၀ ပြည့်နှစ်တွင် သီဟိုဠ်ကျွန်းသို့ ကရောက်၍ Prince College တွင် ပညာသင်ယူသည်။ သီဟိုကျွန်းမှ မဒရပ်သို့ ပြောင်းရွှေ့ ပညာဆည်းပူးသည်။

ဆဠသင်္ဂါယနာ တင်ပွဲတွင် ဆဠင်္သဂီတီပါဠိဝိသောဓက အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၆ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ သာသနာရေး ဝန်ကြီးဌာန လက်အောက်ရှိ ဗုဒ္ဓသာသနာ အဖွဲ့မှ ကြီးမှူး ဖွင့်လှစ်သော နိုင်ငံခြား သာသနာပြု ဓမ္မဒူက သင်တန်းကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချခဲ့သည်။ ကမ္ဘာအေးကုန်းမြေ သံဃာ့ တက္ကသိုလ် ကထိကချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။ ဆရာတော်သည် အိန္ဒိယတွင် ငါးနှစ်၊ သီဟိုတွင် နှစ်နှစ် အင်္ဂလိပ်ဘာသာနှင့် သက္ကတဘာသာ တို့ကို သင်ကြားခဲ့ပြီး တရားတော်များကို အင်္ဂလိပ်ဘာသာဖြင့် ဟောကြားတော်မူခဲ့သည်။ 

အင်္ဂလန်တွင် ၁၆ နှစ်တိုင်တိုင် သာသနာပြုခဲ့သည်။ အမေရိကန် တက္ကသိုလ်များ အဖွဲ့၏ ပင့်ဖိတ်ချက်အရ ပြည်နယ် ၃၂ ပြည်နယ်ရှိ တက္ဗသိုလ် ၁၀၀ ကျော်တွင် ဗုဒ္ဓဘာသာကို အင်္ဂလိပ်ဘာသာဖြင့် လှည့်လည် ဟောပြော ပို့ချခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော် ဆက်ကပ်ခြင်း ခံရသည်။ 

သာသနာရေး ဌာနက ထုတ်ဝေသော the light of the Dhamma ၏ စာစောင်တွင် အယ်ဒီတာချုပ် အဖြစ် ၁၉၆၂ ခုနှစ်မှ ၁၉၆၃ ခုနှစ်တွင် "အဘိဓဇမဟာရဌဂုရု" ဘွဲ့တံဆိပ်နှင့် ၁၉၉၃ ခုနှစ်တွင် "အဘိဓဇအဂ္ဂမဟာသဒ္ဒ မ္မဇောတိက" ဘွဲ့တံဆိပ်တော် ဆပ်ကပ်ခြင်း ခံရသည်။
ဆရာတော်သည် ၁၃၅၈ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်၊ သောကြာနေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။


ရေးသားပြုစုခဲ့သော စာအုပ်များ


၁။ ဓမ္မပဒပါဋ္ဋိတော် မြန်မာဘာသာပြန် ၁၉၄၉
 

၂။ ဗုဒ္ဓဘာသာနှင့် ကိုယ်ပိုင်နေထိုင်ရေး ၁၉၄၉
 

၃။ ဘဒ္ဒန္တမဏိဇောတ၏ ထေရုပ္ပတ္တိကာ၊ က္ကစ္ဆာသရ ပုံနှိပ်တိုက်
 

၎။ မုံရွာ လယ်တီ ပဌာန်းဟောခန်း အမှတ်(၁)၊ ၁၉၉၇၊ အသိုင်းအဝိုင်းစာပေ
 

၅။ Buddhism and personallife
 

၆။ Essential themes of Buddhist
 

၇။ Lectures
 

၈။ The Book of Analysis
 

၉။ The path of the Buddha 


ကိုးကား
 

 ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)' ကနေ "အရှင်သေဠိလာဘိဝံသ (၁၈၉၆-၁၉၉၇)" ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းနဲ့ စာစုစာရင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

ကျေးဇူးတော် ဆရာတော်ကြီးများရဲ့ မှတ်တမ်း ထေရုပ္ပတ္တိများကို ရှာဖွေကာ ပြန်လည်ပို့ချလိုက်ပါတယ်.
ခုလိုပြန်လည် တင်ပြခြင်းဖြင့် အားလုံးကြည်ညိုနိုင်ကြပါစေဗျာ...


http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:231139

No comments:

Post a Comment