မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူ
ကာ ဝေနေယျသတ္တ၀ါတို့အား တရားရေအေး တိုက်ကျွေးတော်မူ ပါတယ်။
တတိယဓည၀တီကို
ရခိုင်ဘုရင် “စန္ဒာသူရိယမင်း” က မဟာသက္ကရာဇ်(၉၇) ခု၊ ဘီစီ(၅၈၀) ခုနှစ်မှာ စတင်တည်ထောင်
ခဲ့ပါတယ်။ မဟာသက္ကရာဇ်(၁၂၃)ခုနှစ်၊ အရောက်၊ တစ်နေ့သောအခါ မဇ္ဈိမဒေသ(အိန္ဒိယပြည်)၌
သဗ္ဗညုမြတ်စွာဘုရား ပွင့်တော်မူကြောင်း ရာဇဂြိုလ်မှ ကုန်သည်အချို့တို့၏ ၀င်ရောက်လျှောက် ထား
မင်္ဂလာသတင်းစကား ကြားရရုံဖြင့် မြတ်စွာဘုရားအား ကြည်ညိုဖူးမြော်လိုစိတ် ပြင်းပြ လာခဲ့ပါတယ်။
ဒေ၀ကျော် (၀ိမလ)ပညာရှိအမတ်နှင့် နှမတော် ဥပ္ပရဒေ၀ီတို့ အကြံပေးချက်အရ သီရိဂုတ္တ
ကုန်းတော်တွင် သိမ်တော်ပြဿဒ်များ ဆောက်လုပ်ကာ ထင်းထိန်ကာရံလျက် သင်္ကန်းအစုံငါးရာ
နှင့် အုန်း၊ ငှက်ပျောသီး၊ ဆီမီးပန်းခိုင်များ ထွန်းညှိပူဇော်ကာ စန္ဒာသူရိယမင်းကြီးကိုယ်တော်တိုင်
မဇ္ဈိမဒေသ၊ ဘုရားပွင့်တော်မူရာအရပ်သို့ လက်အုပ်ချီမိုး ရှိခိုးတော်မူလျှက် ဗုဒ္ဓမြတ်စွာအား မနော
အဓိဌာန်ပြုကာ ပင့်ဖိတ်လျှောက်ထားတော်မူပါတယ်။
ဂေါတမမြတ်စွာဘုရားလည်း ဇေတ၀န်ကျောင်းတော်၌ ကိန်းအောင်းစံပယ်တော်မူနေစဉ်
သဗ္ဗညုတဉာဏ်တော်ဖြင့် ဆင်ခြင်ကြည့်ရှုတော်မူသောအခါ စန္ဒသူရိယမင်း၏ ပင့်လျှောက်မှုကို
မြင်တော်မူခဲ့ပါတယ်။
မြတ်စွာဘုရားရှင်ဟာ စန္ဒာသူရိယမင်းရဲ့ ပင့်ဖိတ်တာကိုသိတော်မူတဲ့အတွက် နံနက်မိုးလင်း
နေထွက်ချိန်တွင် ရာဇဂြိုလ်ပြည်မှ ယူဇနာကိုးရာကွာဝေးတဲ့ ရခိုင်ပြည်သို့ ရဟန္တာငါးရာ ခြံရံလျက်
နန်းပြဿဒ်ငါးရာဖြင့် ကောင်းကင်ခရီးမှ ကြွမြန်းတော်မူလာသည်ကို မဇ္ဈိမဒေသမှ လူအပေါင်းနှင့်
ရခိုင်ပြည်မှ ပြည်သူပြည်သား အပေါင်းတို့က ထူးဆန်းအံ့သြဖွယ် ဖူးမြင်တွေ့ကြရပါတယ်။ ဘုရား
ရှင်က သတ္တုဗိမ္ဗသုတ္တန်တော်မြတ်ကို ဟောကြားတော်မူရာ မင်းနှင့်တကွသော တရားနာပရိသတ်
အပေါင်းတို့လည်း သောတာပန် တည်ကြပါတယ်။ အချို့အနိမ့်ဆုံး သရဏဂုံတည်ကြပြီး ရခိုင်တစ်
ပြည်လုံး ဗုဒ္ဓဘာသာ၊ ဘုရားသားတော်များအဖြစ် ခံယူကြပါတယ်။
ယခု သာသနာတော်သက္ကရာဇ် (၂၅၅၀) ကျော်ပါပြီ။ လူတစ်ယောက်ရဲ့ အိမ်ထောင်ပြုသား
မွေး အရွယ်ဟာ အသက်(၂၀)-(၃၀) ကြားရှိတတ်ကြပါတယ်။ ခန့်မှန်းအားဖြင့် (၂၅၅၀÷၃၀=၈၅)
ဘိုးဘွားမှ=>မိဘမှ=>သားသမီး(၈၅)ဆက် ရှိနေကြပါပြီ။ မိမိ ယခုလို ဗုဒ္ဓဘာသာမိဘ အစဉ်အ
ဆက်မှ ဆင်းသက်ပြီး ဗုဒ္ဓဘာသာသွေးပါသော ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်လာတဲ့အတွက် မိဘ ရိုးရာ
သွေးဗုဒ္ဓဘာသာလို့ ခေါ်ရမှာပါ။
အကယ်၍ အမိအဖတို့သည် ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြဘဲ တခြားဘာသာဝင်များဖြစ်ကြ ငြားအံ့။
ကြီးရင့်သိတတ်မှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသက်ဝင်လာသူ ဖြစ်ခဲ့ပါမူ။ ကူးပြောင်းဗုဒ္ဓ
ဘာသာသစ် တစ်ဦးသာ ဖြစ်ပါမယ်။
မိဘမျိုးရိုး သွေးဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာသစ် ကွာခြားပါတယ်။ မိဘမျိုးရိုး သွေးဗုဒ္ဓဘာ သာဝင် တစ်ဦးဟာ
သူ ပဋိသန္ဓေနေလာခဲ့ရတဲ့ အမိအဖတို့ ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်များ ဖြစ်
ကြတဲ့အတွက် သူတို့ရဲ့ သုက်သွေးဖြင့် လူဖြစ်လာရတာပါ။ ဗုဒ္ဓဘာသာသစ် တစ်ဦးမှာမူ သူ့မိဘ
ထံမှ ဗုဒ္ဓဘာသာသွေးမပါ ပါ။ တခြားဘာသာသို့ ကူးပြောင်းလွယ်ပါတယ်။
{သမိုင်းပြုစုရေးအဖွဲ့၏ မာန်အောင်မြင် ပြည်တော်ပြန်ဘုရားသမိုင်း။ အောင်မြင်မှုမော်ကွန်း=
(တောင်ပေါက်ကြီးကျောက်စာ၊ ရခိုင်ပဏ္ဍိ၏ ဆရာကြီးဦးဦးသာထွန်း-မြောက်ဦးသမိုင်း၊ ဓည၀တီ ဦးအောင်ဇေယျ၏
ရခိုင်မင်းများနှင့် ဗုဒ္ဓသာသနာ၊ ဦးသာထွန်းအောင်၏ ရခိုင်မဟာရာဇ၀င်တော် ကြီး၊ နှစ်ဖက်လှဦးကျော်လွင်၏ ဗုဒ္ဓဘာသာ လူထက်လူ၊ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၏
မြောက်ဦးလမ်းညွှန်တို့ကို ကိုးကားရေးသားပါသည်။ }
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:381585
No comments:
Post a Comment