/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, March 28, 2014

**** ၀ီထိမုတ်ပိုင်း၊ ကမ္မစတုက္က, အကုသိုလ်ကာယကံ ၃ ပါး ****


နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အရှင်သီလာနန္ဒာဘိဝံသ (ယခင် ပါမောက္ခချုပ်(ဟောင်း) ဆရာတော်)
အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ (တတိယတွဲ)


ဝီထိမုတ်ပိုင်း၊ ကမ္မစတုက္က, အကုသိုလ်ကာယကံ ၃ ပါး
ယခင်​​နေ့တွေက ကံအမျိုးမျိုး လေ့လာခဲ့ပြီးပြီ၊ ယခု နံပါတ် ၄ က အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံ ၄ မျိုးတဲ့နော်။

အဲဒီတော့ အကျိုးပေးရာ ဘုံဌာနနှင့်စပ်၍ ကံ ၄ မျိုး ရှိတယ်တဲ့၊ ကံ ၄ မျိုးက တခြားနည်းနဲ့လည်း ကံ ၄မျိုး ရှိတာ၊ ဟို အကျိုးပေးရာဘုံဌာနနှင့်စပ်ပြီးဆိုတော့ ဘာတွေတဲ့တုန်း၊ အကုသိုလ်ကံတဲ့နော်၊ အကုသိုလ်ကံဆိုတော့ ဘယ်ဘုံမှာ အကျိုးပေးမလဲ, အပါယ်ဘုံ၊ ပြီးတော့ လူ့ဘုံလည်း နည်းနည်းပါးပါး အကျိုးပေးပါသေးတယ်၊ ကာမာဝစရ ကုသိုလ်ကံ ကာမာဝစရဘုံဆိုကြပါစို့၊ ရူပါဝစရကုသိုလ်ကံ ရူပါဝစရဘုံမှာ အကျိုးပေးတယ်၊ အရူပါဝစရကုသိုလ်ကံ အရူပါဝစရဘုံမှာ အကျိုးပေးတယ်၊ အဲဒီတော့ ကာမာဝစရ ကုသိုလ်ကံကတော့ ကာမာဝစရဘုံမှာလည်း အကျိုးပေးမယ်၊ ရူပါဝစရ အရူပါဝစရမှာလည်း အကျိုးပေးသင့်​သလောက် အကျိုးပေးတာပေါ့လေ။

အဲဒီလို ကံ ၄ မျိုးတစ်ခါ ရှိပြန်တယ်တဲ့၊ အဲဒီကံ ၄ မျိုးကမှ အဘိဓမ္မာနဲ့ဆိုင်တဲ့ ကံ ၄ မျိုးဖြစ်တဲ့အတွက်ကြောင့်မို့ ကျမ်းဆရာက ဒါကို နည်းနည်း ကျယ်ကျယ်ပြတယ်၊ ကျယ်ကျယ်ပြတဲ့အခါကျတော့ ပထမဆုံး အကုသိုလ်ကံဆိုတာ ရှိတယ်နော်၊ အဲဒီအကုသိုလ်ကံ ဘယ်နှစ်မျိုးရှိသလဲ၊ ဒီနေ့ ဒါကိုပဲ လေ့လာကြရမယ်။

အဲဒီတော့ အကုသိုလ်ကံနဲ့ ပတ်သက်ပြီးတော့ စကားပြောတဲ့အခါမှာ အကုသလကမ္မပထ ၁၀ ပါးလို့ ဒီလိုပြောလေ့ရှိတယ်၊ ဆိုလိုတာကတော့ အကုသိုလ် ကံရဲ့အကြောင်းပေါ့လေ၊ ဒီလိုမှမဟုတ် အကုသိုလ်ကံပဲ ပြောကြပါစို့, အကုသိုလ်ကံ ၁၀ ပါး၊ ၁၀ မျိုးရှိတယ်တဲ့၊ အဲဒီ ၁၀ မျိုးက ဘာတုန်း။

(၁) ကာယကံ ၃ ပါး


(၂) ၀စီကံ ၄ ပါး


(၃) မနောကံ ၃ ပါး


ဒီလို အကုသိုလ်ကံ ၁၀ မျိုး ရှိတယ်။

ကာယကံဆိုတာဘာလဲ၊ ခန္ဓာကိုယ်နဲ့ပြုလုပ်တဲ့ကံပေါ့နော်၊ စိတ်ကတော့ ပါရတာချည်းပေါ့၊ သို့သော် ခန္ဓာကိုယ်နဲ့ ပြုလုပ်တဲ့ကံမျိုး၊ ခန္ဓာကိုယ်လှုပ်ရှားပြီးတော့ ပြုလုပ်ရတဲ့ကံမျိုး၊ ကာယဒွါရလို့ ခေါ်တယ်နော်၊ အဲဒီ ကာယဒွါရဖြင့် ပြုအပ်တဲ့ကံကို ကာယကံ၊ မြန်မာလို ရိုးရိုးပြောရင်တော့ ခန္ဓာကိုယ်နဲ့ပြုလုပ်တဲ့ကံပေါ့။ အဲဒီကာယကံက ဘယ်နှစ်မျိုးရှိတုန်း၊ ၃ မျိုးရှိတယ်၊ သို့မဟုတ် ၃ ပါး ရှိတယ်တဲ့။နံပါတ်တစ်က သူ့အသက်သတ်ခြင်း။

သူ့အသက်သတ်ခြင်းဆိုတာကတော့ မြန်မာစကားလွယ်အောင် ရှင်းအောင်ပြောထားတာ၊ ပါဠိစကားနဲ့ ပြောမယ်ဆိုရင် ဒါဟာ ငါးပါးသီလထဲက ပါဏာတိပါတနော်၊ ပါဏာတိပါတဆိုတာ သတ္တ၀ါရဲ့ ဇီဝိတိနြေ္ဒကို လျင်စွာချခြင်းလို့ အဓိပ္ပါယ်ရှိတယ်၊ သတ္တ၀ါရဲ့ ဇီဝိတိနြေ္ဒကို လျင်စွာချခြင်းဆိုတာဘာလဲ၊ ဇီဝိတိနြေ္ဒဆိုတာ အသက်ပဲ မဟုတ်လားနော်၊ ရုပ်ဇီဝိတိနြေ္ဒရှိတယ်၊ နာမ်ဇီဝိတိနြေ္ဒလို့ရှိတယ်၊ ရုပ်ဇီဝိတိနြေ္ဒကတော့ မသိသေးဘူး ထားပါတော့ ဟုတ်လား၊ ရုပ်ပိုင်း မရောက်သေးလို့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အသက်ဓာတ် တစ်မျိုးမျိုးပေါ့လေ၊ အဲဒါရုပ် ဇီဝိတိနြေ္ဒ၊ နာမ်ဇီဝိတိနြေ္ဒကတော့ စေတသိက်၊ အဲဒီ ဇီဝိတိနြေ္ဒကို ဆက်လက်မဖြစ်ပွားအောင် လုပ်တာကိုပဲ လျင်စွာချတယ်လို့ ဒီလိုဆိုတယ်။

ဘာကြောင့်တုန်းဆိုတော့ ရုပ်ဇီဝိတိနြေ္ဒအနေနဲ့ဆိုရင် စိတ္တက္ခဏ တစ်ဆယ့်ခုနှစ်ချက် အသက်ရှည်တယ်၊ အဲဒီတစ်ဆယ့် ခုနှစ်ချက်အတွင်းတော့ ဘယ်လိုမှ လုပ်လို့ရတာ မဟုတ်ဘူးးနော်၊ လျင်စွာချတယ်ဆိုတာဟာ ဇီဝိတိနြေ္ဒ တစ်ခုပြီးတစ်ခု၊ တစ်ခုပြီးတစ်ခု ဖြစ်နေမှာကို မဖြစ်အောင် လုပ်တာကိုပဲ လျင်စွာချတယ်၊ ဒါကိုပဲ သူ့အသက်ကို သတ်တယ်ဆိုတယ်နော်၊ သူ့အသက် သတ်ခြင်းဟာ ခန္ဓာကိုယ်နဲ့ ပြုလုပ်ရတဲ့ အကုသိုလ်တစ်မျိုးပေါ့။

အဲဒီ အကုသိုလ်တစ်မျိုးဖြစ်ရာမှာ သူက ကမ္မပထမြောက်တဲ့ သူ့အသက်သတ်ခြင်းရှိတယ်တဲ့နော်၊ ကမ္မပထဆိုတော့ သေသေချာချာကြီး အကုသိုလ်ဖြစ်သွားတာ၊ ကံဖြစ်သွားတာ၊ တချို့ကတော့ ဒီလို သိပ်ကို မရေမရာဖြစ်တာ၊ ဒီလို ၂ မျိုးရှိတယ်၊ ကမ္မပထမြောက်တယ်၊ ကမ္မပထမမြောက်ဘူးလို့ ဒီလို ခေါ်တယ်နော်။

အဲဒီတော့ ကမ္မပထမြောက်ရင်တော့ ပဋိသန္ဓေအကျိုးကို ဧကန်ပေးနိုင်တဲ့ သတ္တိရှိသွားတယ်၊ တစ်ခါတစ်လေကျတော့ ကမ္မပထ မမြောက်ဘဲနဲ့ သတ်မိတာလေးတွေ ရှိတယ်၊ အဲဒါမျိုးကျတော့တဲ့၊ ပဋိသန္ဓေအကျိုးကို ပေးနိုင်တယ်၊ မပေးနိုင်ဘူးး၊ ကိန်းသေမှတ်လို့ မရဘူးတဲ့၊ တချို့လည်းပေးနိုင်တယ်၊ တချို့လည်း မပေးနိုင်ဘူးး။
အဲဒီတော့ ကမ္မပထမြောက် မမြောက်ကို ဘယ်လိုသိရမှာတုန်း၊ သတ္တ၀ါတစ်ကောင် သတ်မိတယ်ဆိုပါတော့၊ အဲဒါ ကမ္မပထမြောက်တာက ဘယ်လိုလဲ ကမ္မပထ မမြောက်တာက ဘယ်လိုလဲဆိုတာ ဆုံးဖြတ်နည်းရှိတယ်။

အဲဒီဆုံးဖြတ်နည်းက ဘာလဲဆိုတော့ အဲဒါကတော့ Notes ကလေးတွေ ရေးနိုင်ရင် ကောင်းတယ်၊ အင်္ဂါနဲ့ လုံ့လပယောဂ အရေးကြီးလာတယ်နော်၊ ပါဏာတိပါတ အင်္ဂါရှိတယ်နော်၊ သတ္တ၀ါ အသက်သတ်တဲ့အခါမှာ အင်္ဂါရှိတယ်၊ အဲဒီအင်္ဂါနဲ့ ပြည့်စုံရင် ကမ္မပထမြောက်တယ်၊ အဲဒီအင်္ဂါနဲ့ မပြည့်စုံဘူးဆိုရင် ကမ္မပထမမြောက်ဘူးတဲ့။

အဲဒီတော့ နံပါတ်တစ် အင်္ဂါက - သတ္တ၀ါလည်းဖြစ်စေတဲ့၊ ကိုယ်သတ်တဲ့ ပုဂ္ဂိုလ်ဟာ သတ္တ၀ါ ဟုတ်ရမယ်။

နံပါတ်နှစ်က - သတ္တ၀ါမှန်း သိသည်လည်းဖြစ်စေတဲ့၊ သတ္တ၀ါလို့ သိပြီးတော့သတ်မှ၊ သတ္တ၀ါလို့ မထင်ဘဲနဲ့ လုပ်မိလို့ သေသွားတယ်၊ ဒါမဆိုင်ဘူး၊ သတ္တ၀ါလည်း ဟုတ်ရမယ်၊ သတ္တ၀ါလို့လည်း ကိုယ်ကသိရမယ်။

နံပါတ်သုံးက - သတ်လိုတဲ့ စေတနာလည်း ရှိရမယ်၊ သတ်ချင်လို့ သတ်တာ၊ မတော်တဆ နင်းမိသွားတယ်၊ တစ်ခါတလေ ပုရွက်ဆိတ်လို့တော့ သိသား၊ ကိုယ့်ခြေထောက်က မရှောင်နိုင်ဘူး၊ မတော်တဆ နင်းမိသွားတယ်၊ သတ်ချင်တဲ့ စေတနာမပါဘူး၊ ဒီကျတော့ ဘာလဲ၊ သတ်လိုတဲ့ စေတနာရှိသည်လည်း ဖြစ်စေ။
နံပါတ်လေးက - သတ်ဖြတ်မှု လုံ့လတစ်ခုခုပြုသည်လည်းဖြစ်စေ၊ အထူးသဖြင့်တော့ ခန္ဓာကိုယ်နဲ့ပေါ့နော်၊ လုံ့လလည်း ပြုရမယ်၊ ဘာနဲ့သတ်သတ်ပေါ့လေ၊ လုံ့လပြုမှုလည်း ဖြစ်စေ။

နံပါတ်ငါးက - အဲဒီလုံ့လကြောင့် သေသည်လည်းဖြစ်စေ၊ အဲဒီလို အင်္ဂါငါးပါးနဲ့ ပြည့်စုံရမယ်တဲ့၊ အဲဒီလို ပြည့်စုံရင် ပါဏာတိပါတကံ ကမ္မပထမြောက်တယ်တဲ့၊ အဲသလိုဆိုရင် ပါဏာတိပါတကံက ဧကန် အပါယ်မှာ အကျိုးပေးတော့မှာပဲ။

ကောင်းပြီ၊ အဲဒီ ကမ္မပထမြောက်တဲ့ အပြစ်မှာလည်းပဲ အပြစ်အကြီင်္းအငယ် ဘယ်လို ကွာသေးသလဲတဲ့နော်၊ အပြစ်မှာတော့ အတော်အသေးစိပ်လိုက်တယ်၊ ဘုန်းကြီးအနေနဲ့ ၀ိနည်းအနေနဲ့ ပြောမယ်ဆိုရင် ပုရွက်ဆိတ် သတ်တာနဲ့ ဆင်သတ်တာအတူတူပဲ၊ ပါစိတ်အာပါတ် သင့်တာပဲ၊ ပုရွက်ဆိတ်သတ်လည်း ဒီအာပါတ်ပဲ၊ ဒီထက်ကြီးတဲ့ သတ္တ၀ါခွေး၊ နွားသတ်လည်း ဒီအာပါတ်ပဲ၊ ဆင်သတ်လည်း ဒီအာပါတ်ပဲ၊ ဒါပေမယ်လို့ အဘိဓမ္မာကျတော့ ဒါမျိုး မရဘူးနော်။

အဘိဓမ္မာကျတော့ ဘယ်လိုလိုက်တသလဲ၊ သတ္တ၀ါအကြီးအငယ် လိုက်ပြီးတော့လည်းပဲ အပြစ်အလေးအပေါ့ ရှိတယ်၊ သတ္တ၀ါကြီးရင် ပိုပြီး အပြစ်များတယ်ပေါ့၊ သူက သတ္တ၀ါကြီးတော့ ဇီဝိတိနြေ္ဒများတာပေါ့ ဟုတ်လား၊ ဇီဝိတိနြေ္ဒများများကို ဖြတ်ပစ်ရတဲ့ သဘောရှိတယ်၊ အဲဒါကြောင့် သတ္တ၀ါကြီးရင် အပြစ်ကြီးတယ်၊ သတ္တ၀ါငယ်ရင် အပြစ်ငယ်တယ်ပေါ့။

ပြီးတော့တစ်ခါ အဲဒီ အသတ်ခံရတဲ့ သတ္တ၀ါရဲ့ (သတ္တ၀ါဆိုတာလူလည်း ပါတယ်) အကျင့်သိက္ခာလိုက်ပြီးတော့ အပြစ်ကြီးမကြီးလည်းရှိတယ်နော်၊ အကျင့် သိက္ခာရှိတဲ့ ပုဂ္ဂိုလ်ကို သတ်မိရင် အပြစ်ကြီးတယ်၊ အကျင့်သိက္ခာမရှိတဲ့ ပုဂ္ဂိုလ်ကို သတ်မိရင် အပြစ်သိပ်မကြီးဘူး၊ အဲဒီလိုပဲ အသတ်ခံရတဲ့ ပုဂ္ဂိုလ်ရဲ့ အကျင့်သိက္ခာလိုက်ပြီးတော့လည်းပဲ အပြစ်အကြီးအသေး ရှိတယ်။

တစ်ခါ သီလ သိက္ခာရှိတဲ့သူကို သတ်မိမယ်ဆိုရင်တော့ အဲဒီသူပိုပြီးအပြစ်ကြီးသွားတာပေါ့၊ မိဘတို့ ရဟန္တာတို့ သတ်မိရင်တော့ သွားပြီ၊ အနန္တရိယကံဆိုတာ ထိုက်သွားပြီ၊ ပိုပြီး အပြစ်ကြီးသွားပြန်ပြီ။

အဲဒီအကောင်အထည်အားဖြင့်ဖြစ်စေ၊ ဂုဏ်သိက္ခာအားဖြင့်ဖြစ်စေ၊ တူနေပါပြီတဲ့၊ အဲသလိုကျတော့ ဘာလဲ၊ ပယောဂ လုံ့လစိုက်မှုအားကြီးရင် ပိုပြီးအပြစ်ကြီးတာပေါ့၊ လုံ့လစိုက်မှုသေးရင် အပြစ်သေးတာပေါ့နော်၊ အဲဒီလို အပြစ်အကြီးအသေးကလည်း ကွာသေးတယ်၊ ပုရွက်ဆိတ်သတ်တာနဲ့ ဆင်သတ်တာမတူဘူးပေါ့၊ ပုရွက်ဆိတ်သတ်တာက လုံ့လသိပ်မထုတ်ရဘူးး၊ ဆင်သတ်တာဆို လုံ့လအများကြီးထုတ်ရမယ်၊ အဲဒါကြောင့်မို့ အသတ်ခံရတဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်လိုက်ပြီးတော့လည်း ဖြစ်တယ်၊ သီလ လိုက်ပြီးတော့လည်း ဖြစ်တယ်၊ ဂုဏ်ဆိုတာလည်း သီလပါပဲ ဟုတ်လား၊ ပြီးတော့ အကြီးအသေးလိုက်ပြီးတော့လည်း ဖြစ်တယ်နော်၊ ပယောဂများတာ နည်းတာလိုက်ပြီး တော့လည်းဖြစ်တယ်။
တစ်ခါ အဲဒီသတ်တဲ့နေရာမှာ ပယောဂလို့ခေါ်တဲ့ အားထုတ်မှုကလည်း ရှိသေးတယ်၊ အဲဒီပယောဂတွေကိုလည်းပဲ သတိထားရမယ်။

ပထမဘာလဲဆိုတော့ ကိုယ်တိုင်သတ်တာတဲ့၊ ကိုယ်တိုင်သတ်ခြင်း၊ ဓားနဲ့ ခုတ်တယ်၊ တုတ်နဲ့ရိုက်တယ်၊ ဘာလုပ်လုပ်ပေါ့လေ ကိုယ်ထိလက်ရောက်သတ်တာ ကိုယ်တိုင်သတ်တာကို ဘာလို့ ခေါ်သလဲဆိုတော့ ပါဠိလိုကျတော့ သဟတ္ထိကလို့ ခေါ်တယ်၊ ကိုယ်တိုင်လှူရင်လည်းပဲ သဟတ္ထိက လှူတယ်လို့ ခေါ်တယ်၊ သဟတ္ထိကဆိုတာ မိမိလက်နဲ့လုပ်တယ်လို့ ဆိုလိုတယ်၊ ကိုယ်တိုင်သတ်တာတစ်ခု။

နောက်တစ်ခုကတော့ ခိုင်းစေပြီးတော့ သတ်တာ၊ ကိုယ်တိုင်မသတ်ပဲနဲ့ သူများခိုင်းတာမျိုးကို အာဏတ္ထိက ပယောဂလို့ခေါ်တယ်။
နောက်တစ်ခုက ဘာလဲဆိုတော့ ပါဠိလိုကျတော့ နိဿဂ္ဂိယလို့ခေါ်တယ်၊ ဒါကဘာလဲဆိုတော့ ပစ်လို့ရတဲ့ဝတ္ထုပစ္စည်းနဲ့သတ်တာနော်။

နောက်တစ်ခုကတော့ ထာဝရပယောဂလို့ခေါ်တယ်နော်၊ ဒါက ဘာလဲဆိုတော့ အမြဲထာဝရ တည်ရှိနိုင်တဲ့ ပစ္စည်းတစ်ခုခုနဲ့သတ်တာ၊ ဆိုလိုတာကတော့ အခုခေတ် ဗုံးထောင်တာမျိုးပေါ့နော်၊ ထောက်ချောက်ဆင်တာမျိုး၊ ပြီးတော့ ဒီလူက သူ့ကိုယ်သူ သတ်သေချင်တာ၊ သူ့နားသွားပြီးတော့ ဓားတို့လှံတို့ အလွယ်တကူ ရအောင် သွားချပေးထားတာမျိုး၊ ဒါမျိုးကို ထာဝရ ပယောဂလို့ ခေါ်တယ်။
နောက်တစ်ခုကတော့ ၀ိဇ္ဇာမယတဲ့၊ ၀ိဇ္ဇာမယဆိုတာတော့ အတတ်ပညာနဲ့ဆိုတော့ ပြုစားတာမျိုးပေါ့။

အဲ နောက်တစ်ခုကတော့ ဣဒ္ဓိမယတဲ့၊ ဣဒ္ဓိမယဆိုတာကတော့ တချို့ပုဂ္ဂိုလ်တွေမှာ ကံကြောင့် သူတို့မှာ တန်ခိုးရှိနေတတ်တယ်၊ အဲဒီလို တန်ခိုးရှိနေတတ်တော့ သူတို့က နည်းနည်းလေးလုပ်လိုက်ပေါ့၊ တခြားတစ်ဖက်သားမှာ အကြီးအကျယ် ထိခိုက်ပြီး သေသွားနိုင်တယ်၊ အဲဒီလိုဟာမျိုးနဲ့ သတ်တာမျိုးကို ဣဒ္ဓိမယနော်။

ဒါကြောင့်မို့ ကိုယ်တိုင်သတ်မှ ပါဏာတိပါတ ဖြစ်တာမဟုတ်ဘူး၊ သူများ ခိုင်းသတ်ရင်လည်းပဲ ပါဏာတိပါတဖြစ်တာပဲ၊ အာဏတ္ထိတ၊ နိဿဂ္ဂိယ၊ ထာဝရ ပစ္စည်းတွေ ဘာတွေလုပ်ရင်လည်းပဲ ပါဏာတိပါတ၊ ဒါကြောင့်မို့ လက်နက်ရောင်းတာတို့ ဘာတို့ကို သမ္မာအာဇီဝ မဟုတ်ဘူးလို့ မြတ်စွာဘုရားက ဟောတာပေါ့၊ လက်နက်ရောင်တော့ ထာဝရပစ္စည်းကိုး၊ ထာဝရပစ္စည်းရောင်းတာပေါ့။

ဝိဇ္ဇာမယ အတတ်ပညာနဲ့ သတ်တာ၊ ဣဒ္ဓိမယတန်ခိုးနဲ့သတ်တာ၊ အဲဒီလို ပယောဂတွေကလည်းပဲ အမျိုးမျိုးရှိသေးတယ်၊ ဒါတွေနဲ့ အကုန်လုံးလိုက်ပြီးတော့ ကြည့်ရမယ်၊ ပါဏာတိပါတ။
ဆက်လက်ဖော်ပြပေးပါမည်။
အကုသိုလ် ကမ္မပထတရားတို့မှ ကင်းဝေးကြပါစေ။

မေတ္တာဖြင့်
TNO

 http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:418745

No comments:

Post a Comment