“ဒေါသမူစိတ် ၂-မျိုး ဖြစ်ပုံ”
••••••••••••••••••••••••
ဒေါသက စိတ်နဲ့ ယှဉ်တဲ့အခါ ဒေါသမူစိတ် ၂-ခု။
သူ့ရဲ့ ခံစားချက်က “၀မ်းနည်းမှု”ပဲ။
အမြဲတမ်း စိတ်ထဲ မကျေမနပ်ဖြစ်မှု ဆိုတဲ့
ခံစားချက် တစ်ခုပဲ ရှိတယ်။
သူ့ကျတော့ ဘာနဲ့ခွဲလဲဆိုရင်
စိတ်ဆိုးတာဟာ ၀ုန်းဒိုင်းနဲ့ဆိုးတာ ရှိသလိုပဲ၊
တဖြည်းဖြည်းနဲ့ တွေးပြီးတော့ ဆိုးတာလည်း ရှိတယ်။
စိတ်ဆိုးတာလည်း နှစ်မျိုး ရှိတယ်၊
ခံစားချက်ကတော့ အတူတူပဲ၊
တစ်ခါတလေကျတော့ တစ်စိမ့်စိမ့်တွေးရင်းကနေ
ဒေါသက ပေါက်ကွဲလာတာ။
အစပထမကတော့ သူ့ဆဲသွားတာ ဒေါသဖြစ်ရမှန်း မသိဘူး၊
နောက်ကျတော့မှ ဒီကောင် ငါ့ဆဲတာ ထင်ပါရဲ့၊
ငါ့ဆဲတာ ထင်ပါရဲ့ ဆိုပြီးတော့ တွေးရင်း တွေးရင်းနဲ့
ပေါက်ကွဲတာ၊ ဟောအဲဒီလို သူက အခြေအနေ နှစ်ခုရှိတယ်။
“အသင်္ခါရိကနဲ့ သသင်္ခါရိက”
ချက်ချင်း ပေါက်ကွဲရင်တော့ “အသင်္ခါရိက”ပေါ့။
တဖြည်းဖြည်းတွေးပြီးတော့ ပေါက်ကွဲ
လာရင်တော့ “သသင်္ခါရိက”လို့ ဒီလို ခွဲတယ်။
အဲဒါကြောင့်မို့ “ဒေါသမူစိတ်”ဆိုတာ နှစ်မျိုးပဲ ရှိတယ်။
-【ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ) နှာ 274
မှ - ကောက်နှုတ်ပူဇော်ပါသည်။ 】
Dhamma Dãna Source ►
www.facebook.com/
No comments:
Post a Comment