/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Monday, March 24, 2014

**** သမ္မုတိသစ္စာ နှင့် ပရမတ္ထသစ္စာ ****




သမ္မုတိသစ္စာ နှင့် ပရမတ္ထသစ္စာ
--------------------------
---------
မြတ်စွာဘုရားရဲ့ သဗ္ဗေညုတ ရွှေဥာဏ်တော်ကြီးနဲ့ ဟောကြားထားတဲ့ အရမ်းကိုတန်ဖိုးရှိပြီး ကြယ်ပြန့်လွန်းတဲ့ အဘိဓမ္မာတရားတော်ကြီးကို အင်မတန်ထက်မြတ်တဲ့ ဆရာတော်ကြီးတွေရဲ့ ရေးသားသော  
စာများကို လူတွေနားလည်အောင် အတတ်နိုင်ဆုံး ကျိုးစားတင်ပြခြင်းပါ အမှားများတွေ့ခဲ့လျှင် ဖြည့်စွက်ပြီးနားလည်းပေပါရန်
 တောင်းခံအပ်ပါတယ်။
 
တန်ဖိုးရှိလှသော စာပေများမို့ စာဖတ်သူတွေ စာတွေများတော့ ပြင်းမှာလည်းစိုးပါတယ်၊ တန်ဖိုးရှိတဲ့ စာတွေကို များများဖတ်မှတ်မှ သာလျှင်တန်ဖိုးဖြတ်မရတဲ့ အသိတွေ များများရမယ်နော်၊ စာဖတ်မပြင်းကြပါနဲ့ စာကိုပြီးစည်းအောင် ဖတ်စေလိုပါတယ်။

အဘိဓမ္မာမှာ သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ ၂-မျိုးရှိတယ်၊ ထဲက ဒီကနေ့ သမ္မုတိသစ္စာ အကြောင်းကို တင်ပြပါမယ်၊ လူတကာ အသိမှတ်ပြုတာကို သမ္မုတိလို့ခေါ်တယ်။

လောကလူသား အများစုက အသိမှတ်ပြုထားတဲ့ အရာဟာ မှန်တယ်။ ဒါကြောင့်သစ္စာလို့ ခေါ်တယ်။ ဘာဖြစ်လို့မှန်တုံးဆိုတော့ အများသဘောတူထားတာ ဖြစ်လို့ မှန်ကန်တယ်လို့ပြောရမယ်။ သဘာဝအားဖြင့် မှန်ကန်လို့ မှန်တယ်လို့ ပြောတာမဟုတ်ဘူး အများကလက်ခံလို့ မှန်တယ်လို့ ပြောရတဲ့အမှန်၊ အဲဒါကို သမ္မုတိသစ္စာ လို့ခေါ်တယ်။ တကယ် အမှန်မဟုတ်ပဲနဲ့ လူတွေက ဘာဖြစ်လို့ လက်ခံကြတာလဲ အမှန်မှမဟုတ်ပဲ လက်ခံစရာမလိုဘူး ဒီလိုပြောဖွယ်ရာရှိလာနိုင်တယ်။ 
 
 လောကလူသာတွေ ဘာကြောင့် လက်ခံကြတာလည်း ဆိုတာလေး ကြည့်ကြည့်ရအောင် ဘယ်ဘာသာစကားနဲ့ပဲ ပြောပြော အသံတွေသာပြောင်းသွားတယ် လူတွေနေတဲ့ အိမ်းကိုအိမ်းလို့ပဲခေါ်ကြတယ် ဘုန်းကြီတွေနေတဲ့ ကျောင်းကိုကြတော့ ဘုန်းကြီးကျောင်းလို့ခေါ်ကြတယ်။ 
 
လူတွေနေတဲ့ အိမ်ကို ဘုန်းကြီးကျောင်းလို့ ခေါ်ရင်မှားတယ် ဘုန်းကြီးတွေနေတဲ့ ကျောင်းကို အိမ်လို့ခေါ်ရင်လည်းမှားတယ်၊ ဒါအများလက်ခံထားတဲ့ အမှန် နောက် ယောကျာင်္းလေးကို မိန်မလို့ခေါ်ရင်လည်း မှားတယ် မိန်းမကိုယောကျာင်္းလို့ ခေါ်ရင်လည်းမှားတယ်၊ ဒါကြောင့် မိန်းကလေး ဝတ်တဲ့ အဝတ်၊ ယောကျာင်္းလေး ဝတ်တဲ့ အဝတ်ဆိုပြီး ခွဲခြားထားပြန်တယ်၊ မိန်းမ ဝတ်တဲ့ အဝတ်ကို ယောကျာင်္းလေး ဝတ်လို့မရဘူး ဒါအများ မှန်လို့မှန်တဲ့အမှန်။

နောက် သမ္မုတိသစ္စာဆိုတာ ပညတ် ပညတ် ဆိုတဲ့စကားလုံးကို လူအများနာရင်ပြီးသာ ဖြစ်မှာပါ၊ လူတွေက နေ့စဉ်ဘာတွေနဲ့ နေတုံးလို့ ကြည့်မယ်ဆိုရင် ဒီပညတ်တွေနဲ့ပဲနေရတယ်၊ ပညတ်မရှိလို့ရှိရင် လူတွေဟာ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ် ပြောကြားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ 
 
ဒါကြောင့် ဒီပညတ်တွေကို အများကလက်ခံ ထားရတယ်။ အဘိဓမ္မာ ၇-ကျမ်းမှာ မြတ်စွာဘုရားက ထည့်သွင်းပြီးတော့ ဟောထားတယ် ဘာဖြစ်လို့တုံးဆိုတော့ ပညတ်မပါဘဲနဲ့ စကားလုံးဆိုတာ မဖြစ်ဘူးလေ ဘယ်လိုမှ ပြောလို့မရဘူး တရားဟောတဲ့ နေရာမှာလည်း ပညတ်သုံးပြီ ဟောကြားမှ သာလျှင် သဘာဝတရားကို ဆိုက်ထိပြီ သိနိုင်တယ်။ 
 
တချိုကပြောတော့ ဟုတ်တယ် တချိုကပြောတော့ မဟုတ်ဘူး တကယ်ရှိတာကို ခေါ်တာတွေလည်းရှိတယ် မရှိတာတွေကို ခေါ်တာတွေလည်းရှိကြတယ်၊ ဘာပဲခေါ်ခေါ် အများက အသိမှတ်ပြုထားလို့ရှိရင် မှန်တယ်လို့ သတ်မှတ်ရတယ်နော်။
 
 ဒါကြောင့် “သင်္ကေတ ဝစနံ သစ္စံ, လောက သမ္မုတိ ကာရဏံ” ၊ သင်္ကေတ ဝစနံ- လူတွေ သင်္ကေလုပ်ထားတဲ့၊ အမှတ်ပြုထားတဲ့ စကားလုံးမှန်သမျှဟာ၊ သစ္စံ- မှန်တယ်တဲ့၊ လောကသမ္မုတိ ကာရဏံ-လောကလူတွေ အားလုံးကနေပြီးတော့ အသိမှတ် ပြုပြီးမှန်တဲ့ အမှန်ဆိုတော့ တကယ်အမှန်တော့ မဟုတ်ဘူး။

မြတ်စွာဘုရား အဘိဓမ္မာ တရားကိုဟောတဲ့အခါမှာ တရားဘယ်နှစ်မျိုးဟောလဲ၊(သို့မဟုတ်) အဘိဓမ္မာမှာ ဟောတဲ့ ဓမ္မ ဘယ်နှစ်မျိုး ရှိလဲလို့ အကျဉ်းအားဖြင့် ပြောမယ် ဆိုရင် ပညတ်နဲ့ ပရမတ်လို့ပြောရမယ်၊ ပညတ်ဆိုတာ ပါဠိလို ပညတ္တိဆိုတဲ့ စကားက လာတယ်၊
 
 ပရမတ်ဆိုတာ ပရမတ္ထဆိုတဲ့ ပါဠိစကားလုံးက လာတယ်။ အဘိဓမ္မာ ၇-ကျမ်းမှာ ဟောတဲ့ တရားတွေဟာ ဘာတွေတုံးလို့ မေးရင်၊ အကျဉ်းချုပ် ပညတ်နဲ့ ပရမတ်ကို အဘိဓမ္မာမှာဟောတယ်လို့ ဒီလိုပြောရမယ်၊ အဘိဓမ္မတ္ထလို့ခေါ်တဲ့ အဘိဓမ္မာ ၇-ကျမ်းမှာ ဟောတဲ့ အဓိကတရား ၂-မျိုးရှိတယ်၊ 
 
ဘာတွေလဲဆိုရင် ပညတ်နဲ့ ပရမတ်တဲ့။ အဲဒီတော့ ပညတ်ဆိုတဲ့ အကြောင်းကိုပြောရရင် သမ္မုတိသစ္စာလို့ ပြောရတဲ့ ပညတ်၊ အဲဒီပညတ်ဟာ အခြေခံအားဖြင့် ၂-မျိုးရှိပြန်တယ်၊သဒ္ဒပညတ်နဲ့ အတ္ထပညတ်လို့ အခြေခံအားဖြင့် နှစ်မျိုးအရင်မှတ်ရမယ်။

သဒ္ဒပညတ်= သဒ္ဒပညတ်ဆိုတာ လူတွေသုံးတဲ့ စကားလုံးတွေကို သင်္ကေတလုပ်ထားတာ၊ ဒါကို သဒ္ဒပညတ်လို့ခေါ်တယ်၊ အသံတွေကို စာလုံးနဲ့ မှတ်တမ်းတင်တယ်ပေါ့၊ အသံဆိုတာမြင်ရရဲ့လား၊ မမြင်ရဘူး စကားလုံးနဲ့ မှတ်ထားရင်တော့ ဒီအသံမျိုး ထပ်မရနိုင်ဘူးလား ရနိုင်တယ်၊ ကကြီး၊ ခခွေးနဲ့ ဗျည်း- ၃၃လုံးကိုဖလှယ်ပြီး မှတ်တမ်းတင်ထားတော့ ဘယ်သူရွတ်ရွတ် ဒီအသံပဲထွက်တယ်။
 
 A. B. C လဲဒီလိုပဲ ဘယ်သူဖတ်ဖတ် ဒီအသံပဲထွက်တယ်မဟုတ်လား၊ အဲဒီ ပညတ်ကို ဘာကြောင့် ပညတ်လို့ ခေါ်သလဲဆိုတော့ ပညတ္တိဆိုတဲ့ စကားလုံးက သိစေတယ်လို့ အဓိပ္ပါယ်ရတယ်။
 
 ဘာတွေကို သိစေတာလည်းဆိုတော့ သတ်မှတ်ထားတာတွေ အားလုံးကို ညွန်ပြနိုင်တယ် ဥပမာ- ထမင်းစားပွဲလို့ ရေးထားလိုက်ရင် ဘယ်သူကမှ အသံထွက်မပြောရပဲနဲ့ ဒီပညတ်စာလုံးတွေက ညွန်ပြနေတယ်မဟုတ်လား၊ ပုံသဏ္ဌာန်တွေ အားလုံးကိုပါ ဖော်ပြတယ်နော်။ ဒါကြောင့် “ပညာပေတီတိ ပညတ္တိ” အကောင် အထည်ဖော်ပြီးတော့ သိစေတတ်သောကြောင့်၊ ပညတ္တိ- ပညတ်မည်၏။ 

အတ္ထပညတ်= နောက်တစ်ခုက အတ္ထပညတ်လို့ ခေါ်တယ် အတ္ထပညတ်ဆိုတာ အထည် ကိုယ်ဒြပ်ရှိတဲ့ အရာကို ဆိုလိုတယ်၊ သူကလဲ ပညတ်ပဲ ခုနက စားပွဲဆိုတဲ့ စကားလုံးနဲ့ အဲဒီ စကားက ဖော်ပြနေတဲ့ အရာဝတ္ထု တစ်ခုပေါ့ လူတွေမြင်နေရတဲ့ ခြေလေးချောင်းနဲ့ လုပ်ထားတဲ့ စားပွဲ ခြေသုံးချောင်းနဲ့ စားပွဲ ဆိုပါစို့ သူကခွဲခြားမသိဘူးလား သိတယ်နော်၊ဒီလိုသိလို့ စကားလုံးတွေ ဝေါဟာရတွေ အမည်နာမတွေ။
 
 ဒါတွေကို သဒ္ဒပညတ်လို့ ခေါ်တယ်၊ ထိုစကားလုံးတွေ အမည်နာမတွေ ဝေါဟာရတွေကနေ ဖော်ပြတဲ့ အရာဝတ္ထုကျတော့ အတ္ထပညတ်တဲ့၊ဒါကို အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းမှာဖော်ပြထားတယ်နော်။

“ပညာပေတီတိ ပညတ္တိ” သိအောင်လုပ်ပေး သောကြောင့်လဲ ပညတ်၊ ဒါကစကားလုံးတွေ အမည်နာမတွေ ဒါတွေကို သဒ္ဒပညတ်လို့ခေါ်တယ်၊ ထိုစကားလုံးတွေ အမည်နာမတွေ ဝေါဟာရတွေကနေ ဖော်ပြတဲ့ အရာဝတ္ထုတွေကျတော့ အတ္ထပညတ်တဲ့။ 
 
အဲဒီတော့ ပညတ်ဆိုတာ သဒ္ဒပညတ်နဲ့ အတ္ထပညတ် ဒီလိုပညတ် ၂-မျိုးရှိတယ်၊ အဲဒီပညတ် ၂-ခုကိုထပ်ပြီး ခွဲလိုက်တယ်၊ ရှိတာရော မရှိတာရော ထပ်ပြီးခေါ်လို့ ရပြန်တယ်၊ ဥပမာ- ယုန်မှာ ချိုရှိရဲ့လား မရှိဘူးနော်၊ ဒါပေမဲ့လို့ ယုန်ချိုလို့ စကားလုံးအားဖြင့် ခေါ်လို့မရဘူးလား ရတယ်နော်၊ ပြောတဲ့ အတိုင်းတကယ်ရှာလို့ ရလား မရဘူးနော်၊ 
 
ပင်ကိုယ် မရှိတာကို အစွဲပြုပြီး မရှိတဲ့ ပညတ်၊ တကယ်မရှိတာကို လူတွေက ပြောလေ့ရှိတဲ့ ပညတ်ကို ၊အဝိဇ္ဇမာန ပညတ်လို့ ခေါ်တယ်။ နောက် ရှိပညတ်- တချိုကျတော့ သဘာဝ အားဖြင့် တကယ်ကိုရှိတယ်၊ ဥပမာ- အာရုံကို သိတတ်တဲ့ သဘောကို စိတ်လို့ ခေါ်တယ်၊ လူတိုင်း လူတိုင်းမှာ စိတ်ရှိတယ်၊ မတွေ့နိုင်ဘူးလား တွေ့နိုင်တယ်၊ 
 
အဲဒီအရှိကို အစွဲပြုပြီး ခေါ်ဝေါ်ပညတ်တဲ့ စိတ်ဆိုတဲ့ ဝေါဟာရလေးကျတော့ ဝိဇ္ဇမာနပညတ်လို့ ခေါ်တယ်။ နောက်တစ်ခု ဥပမာ- နိဗ္ဗာန်၊ နိဗ္ဗာန်ဆိုတာလည်း ဘုရားအ ဆူဆူဟာ နိဗ္ဗာန်ကို ဝင်စံတော်မူကြတယ်၊ ရဟန္တာပုဂ္ဂိုလ်တွေလည်း ကိလေသာအသဝေါ ကုန်သွားတဲ့အခါ နိဗ္ဗာန်ကို ဝင်စံတော်မူကြတယ်၊ 
 
လူတိုင်းလူတိုင်ဟာလည်း၊ ကောင်းမှု ပြုပြီး ဒီကောင်းမှုကြောင့် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုရပါလို၏လို့ ဆိုပြီး နိဗ္ဗာန်ကို ဦးတည်ဆုတောင်းနေကြတယ်၊ အဲဒီ နိဗ္ဗာန်ဟာ တကယ်ရှိလားဆိုတော့ အငြိမ်းဓါတ်အနေနဲ့ တကယ်ရှိတာ ဖြစ်သောကြောင့် နိဗ္ဗာန်ဆိုတဲ့ စကားလုံးသည် ဝိဇ္ဇမာနပညတ်၊ ပညတ်တော့ ပညတ်ပဲ၊ သူကအရှိကို ခေါ်တဲ့ ပညတ်လို့ ဒီလို ပြောတယ်၊ အဲဒါကို ဝိဇ္ဇမာန ပညတ်။
 
 နောက် ဝိဇ္ဇမာန အရှိကို ခေါ်တဲ့ပညတ်နဲ့ အဝိဇ္ဇမာန မရှိကိုခေါ်တဲ့ ပညတ်နဲ့၊ ဒီနှစ်ခုကို ပေါင်းပြီး ခွဲသေတယ်၊ ပညတ်ဆိုတာ လူတွေ အထင်နဲ့ ခေါ်ချင်သလို ခေါ်တာ၊ ဥပမာ- အသားမဲ တဲ့သူကို မောင်ဖြူလို့ ခေါ်ချင်လည်း ခေါ်မယ်၊ မောင်ညိုလို့ 
 ခေါ်ချင်လည်းခေါ်မယ်၊ ကိုက်ရဲ့လား၊ မကိုက်တာတွေ အများကြီးပဲ၊ ခေါ်ချင်ရာကို စွဲပြီး ခေါ်လိုက်တာ၊ မချောလို့ ဆိုပေမဲ့၊ ချောချင်မှ ချောမှာနော်၊ ဒီလိုခွဲခြားသိဖို့ လိုပါတယ် သမ္မုတိသစ္စာအနေနဲ့ အားဖြင့် မှန်တယ်၊ 
 
ဘာကြောင့်မှန်တာတုန်း အားလုံးက သဘောတူထားလို့ မှန်တာ၊ အဲဒီ သမ္မုတိ သစ္စာဟာ ထာဝရ မှန်နေတာ မဟုတ်သည့် အတွက်ကြောင့် ပြောင်းလို့ရတယ်၊ ပြောင်းလို့ရတဲ့ အတွက်ကြောင့် တစ်ခုခုသတ်မှတ် ပေးလိုက်တာနဲ့ ဒါအခေါ်အဝေါ် မှန်သမျှတွေဟာ ပြောင်လဲသွားကြတယ် ဒါကြောင့် ပညတ်တွေလို့ ဒီလိုမှတ်ရမယ်။ ဒီပညတ်ကလည်း အရေးကြီးတယ်နော်၊ 
 
သူကိုလည်း လိုက်နာရမယ်။ ဘာကြောင့် အရေးကြီးလည်းဆိုတော့ ဘာကြောင့် လိုက်နာရတာလည်းဆိုတော့ ဥပမာ-အစကတော့ ကျာက်တုံးပေါ့ နောက် ပန်းပုဆရာတွေက မြတ်စွာဘုရား ပုံတော်ကိုရည်မှန်းပြီး ပုံထွန်းလိုက်တော့ ချီခိုးဦးချရဘူးလား ဒါဘယ်သူကပြတာလည်း ဒီပညတ်တွေက သိသာအောင် ညွန်ပြတာနော်၊ နောက် မြေနီတွေနဲ့ လုပ်ထားတဲ့ အုတ်ပေါ့ နောက်ကျတော့ ဘုရားတည်ပြီး ရွှေတိဂုံဖြစ်သွားတော့ လူတွေမလေးစားရဘူးလား လေးစာရတယ်နော်၊ နောက်ပြီး အစကတော့ တောင်ယာထဲတုန်းကတော့ ဝါပင်ပေါ့ ဝါပင်ကထွက်ပြီးနောက် ဂွန်းဖြစ်သွားတယ်
 
 ချီဖြစ်သွား နောက် သင်္ကန်ချုပ်လုပ်လိုက်တော့ သင်္ကန်းဖြစ်သွားရော သူအဆင့်ဆင့် ကွဲပြားလာတဲ့ ပညတ်တွေ သင်္ကန်းလည်းဖြစ်သွားရော လူတွေမလေးစားရဘူးလား ဒီသင်္ကန်းကို ခြေနဲ့တောင် မကျော်ရဲ့ ကျဘူးမဟုတ်လား ဒီလောက်ကိုသူနေရာနဲ့သူ အရေးတကြီး လိုက်နာရမှာ အရေးကြီးတယ်ဆိုတာ မြင်သာအောင်ဖော်ခြင်းပါ၊ 
 
ဒါဟာလူတွေအမည် တတ်ပြီးအားလုံးက လက်ခံထားကြတဲ့ သမ္မုတိသစ္စာပဲ၊ ဒါကြောင့် သမ္မုတိသစ္စာဆိုတာ အင်မတန်မှ ကြီးမာတယ်နော်၊ လောကလုသာတွေဟာ သမ္မုတိသစ္စာနဲ့ပဲ အားလုံးနေနေကြရတာ၊ သမ္မုတိသစ္စာကို ရိုသေလေးစားပြီး သမ္မုတိသစ္စာ အတိုင်း သတ်မှတ်ပြီးတော့ နေကြရတယ်၊ သမ္မုတိသစ္စာကို ဖောက်ဖျက်မယ်ဆိုလို့ ရှိရင် ဒီပုဂ္ဂိုလ်ဟာ စိတ်မမှန်တဲ့ပုဂ္ဂိုလ် ဖြစ်သွားလိမ့်မယ်၊
 
 မြတ်စွာဘုရားကိုတိုင် သမ္မုတိသစ္စာကို အခြေခံထားပြီး ဟောတဲ့ သုတ္တန်တရားတွေ ရှိတယ်၊ မင်္ဂလသုတ္တန်မှာကြည့်၊ “အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ” လူမိုက်တွေ မပေါင်းနဲ့တဲ့၊ ပညာရှိတဲ ပုဂ္ဂိုလ်တွေကိုယ်သာ ပေါင်းဆိုတော့ လူမိုက်ရယ်၊ ပညာရှိရယ်လို့ ဒါ သမ္မုတတိသစ္စာ ပိုင်းက ခွဲပြောလိုက်တာလေ၊
 
 အဲဒီလိုမှ မခွဲလို့ရှိရင် လူမိုက်မှာလည်း ရုပ်နဲ့နာမ်ပဲရှိတာပဲ၊ ပညာရှိမှာလည်း ရုပ်နဲ့နာမ်ပဲရှိတာပဲ ရှိတာပဲလို့ ဒီလိုသြွးပြောလို့ ရမလား၊ မရဘူး လုမိုက်နဲ့ ပညာရှိ မတူညီတဲ့ အချက်တွေ အများကြီး ရှိတယ်၊ 
 
သို့သော် လူအတူတူပဲလို့ လုပ်လို့မရဘူနော်။ သူနေရာသူ မှန်တယ်နော်၊ မြန်မာပြည်မှာ အရင်တုန်းက ပရမတ်နဲ့ ပညတ် အငြင်းအခုန်တွေ တော်တော်လေး ဖြစ်ခဲ့ဘူးတယ်၊ သူနေရာနဲ့သူမှန်တယ်လို့ ဒီလိုမှတ်ရမယ်၊ သမ္မုတိသစ္စာကလည်း သမ္မုတိသစ္စာအတိုင်းမှန်တယ်။ 
 
ဗုဒ္ဓမြတ်စွာက လူတွေရဲ့ ကျင့်ဝတ်တွေကို ချမှတ်တော်မူခဲ့တယ်၊ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတာ။ကြည့်လေ ၊ လူတွေကို အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်၊ အစ်ကို၊ အစ်မ၊ မောင်လေး၊ ညီမဆိုပြီးအဆင့်ဆင့် ခွဲခြားပြခဲ့တာ၊ အဘိုးနဲ့အဘွား၊ အဖေနဲ့အမေ၊ ဆရာသမားများကို လေးစားရမယ်၊
 
 ပြီတော့ သူကျင့်ဝတ်နဲ့သူ ဟောပြော ဆိုဆုံးမ တော်မူခဲ့တာတွေ ရှိတာပဲ၊ နောက်သောက်ရေအိုးနဲ့ အိမ်သာထဲကရေးအိုး အတူတူ ထားလို့ရလား ရေချင်းတူတူပဲ လုပ်လို့ရလား မရဘူးနော်။ အဲဒီတော့ ပညတ်တွေ မှန်သမျှဟာ သမ္မုတိသစ္စာလို့ဆိုတော့ ပညတ်ရဲ့ အသွင်အပြင် သဏ္ဌာန်လေးကို ကြည့်ရအောင်၊ 
 
ဘာကြောင့် ပညတ်လို့ ခေါ်သလည်း၊ ဘယ်လိုသဘာဝတရားကို ပညတ်လို့ ခေါ်သလည်းဆိုတာကို ကြည့်ရမယ်၊မှည့်ခေါ်ထားတဲ့ အမည်နာမတွေ ထိုအမည်နာမတွေ ဖော်ပြတဲ့ အရာဝတ္ထုတွေ၊ ထိုစကားလုံးတွေက ဖော်ပြတဲ့ အရာဝတ္ထုတွေ၊ အားလုံးဟာ ပညတ် ချည်းပဲလို့ ဒီလို ပြောခဲ့ပြီ။ 
 
ဒါဖြင့် ပညတ်ရဲ့ သဘောလက္ခဏာက ဘယ်ပုံ ဘယ်သဏ္ဌာန် ရှိသလဲဆိုရင် ပညတ်ဆိုသည်မှာ “ယသ္မိံ ဘိန္နေ ဉာဏေနဝါ ဝိဘေဒိတေ န တံ သမညာ” ဘယ်လိုပဲ အများက အသိမှတ် ပြုထားပေမယ်လို့ ပညတ်ဆိုတာဟာ ပုံသဏ္ဌာန်ပျက်သွားလို့ ရှိရင် အမည်ပြောင်းသွားတယ်။ ကိုယ်နေတဲ့ နေရာကနေ ရပ်ဝေးကိုသွားရင် ဘာနဲ့သွားလဲ ဥပမာ- ဆိုကြပါစို့ ကားနဲ့သွားတယ်၊ ကားလို့ ပြောတဲ့အရာတစ်ခုကို ရှာကြည့်ရအောင် တစ်ခုစီ တစ်ခုစီ မေးခွန်းတွေ ထုပ်လိုက်မယ်၊ 
 
ကားမှာ အစိတ်အပိုင်းတွေ မြောက်မြားစွာရှိတယ်၊ အပေါ်ကြည့်လို့ရှိရင် ကားရဲ့ဘော်ဒီ ရှိမယ်၊ အောက်ပိုင်းမှာ ဘီးရှိမယ်၊ အင်ဂျင်ရှိတယ်၊ တံခါးတွေ ပါတယ်၊ အစိတ်ပိုင်းတွေ အကုန်လုံး တစ်ခုစီ တစ်ခုစီ ပြောမယ်ဆိုရင် ကားဆိုတာ ရှိသေးရဲ့လား၊ ဒီအစိတ်ပိုင်တွေ တစ်စစီ ထားလိုက်မယ်ဆိုရင် ဘယ်ဟာကို ကားလို့ခေါ်တာလဲ၊
 
 ဒီအရာဝတ္ထု ပစ္စည်းတွေ ပေါင်းလိုက်မှ ကားဆိုတဲ့ ဝေါဟာရဖြစ်လာတာ၊ လူလည်းဒီ အတိုင်းပါပဲ ဦးခေါင်းကို လူခေါ်တာလား၊ နောက် မျက်စိ၊ နားရွက်၊ နှာခေါင်း၊ ပါးစပ်၊ လက်၊ ဝမ်းဗိုက်၊ ခြေ ဒီအင်္ဂါရပ်တွေထဲက ဘယ်ဟာကို လူလို့ ခေါ်တာလဲ၊ လူတွေ့ရ ရဲ့လား မတွေ့ရဘူးနော်၊ 
 
ဒီအင်္ဂါရပ်တွေ အကုန်လုံးစုပေါင်း လိုက်မှ လူဆိုတဲ့ ဝေါဟာရ တစ်ခု ဖြစ်လာတာပေါ့၊ အဲဒါကို ဉာဏေနဝါ ဝိဘေတိတေ- အသိဥာဏ်နဲ့ ခွဲစိတ်ကြည့်လိုက်လို့ ရှိရင်လည်း “န တံ သမညာ” အဲဒီအမည် မဟုတ်တော့ဘဲနဲ့ အမည်ပျောက်သွား လို့ရှိရင် ပညတ်တဲ့၊ ဒါဟာသမ္မုတိသစ္စာလို့ ခေါ်တဲ့ ပညတ်ရဲ့ သဘာဝ လက္ခဏာပဲ။ 
 
ဒါဆိုပညတ်ကို ဘာအတွက်သုံးလဲ ဆိုရင် လောကလူသာတွေ စည်းကမ်းတကျ နေတတ်ဖို့ စည်းမျဉ်း ဥပဒေအတိုင်း နေတတ်ဖို့၊ ညီညီညွတ်ညွတ် နေတတ်ဖို့၊ လောကမှာ ကြီးပွါးတိုးတက်ဖို့ဆိုတာ၊ ဟောဒီ ပညတ်နဲ့ သွားရတယ်၊ အမေ အဖေ ဆိုရင်လေးစားရမယ်၊ ပြုစုရမယ်၊ ရဟန်းသံဃာဆိုရင်၊ ရိုသေရတယ်၊ မျိုးစုံ အဆင့်လိုက် အဆင့်လိုက် လူတွေအသိမှတ်ပြုထားတဲ့ အတိုင်း လေးစားလိုက်နာကြရတာ၊ နို့မို့ဆိုရင် ပညတ်တွေ ဖြုတ်လိုက်မယ်၊ 
 
သမ္မုတိသစ္စာတွေ ဖြုတ်လိုက်မယ်ဆိုရင် လူချင်းပဲ အတူတူပဲဆိုလို့ ရှိရင် အကုန် ရောထွေးမသွားဘူးလား၊ ရောထွေးသွားမှာပဲ၊ ဒါကြောင့် သမ္မုတိသစ္စာရဲ့ လောကကြီးကို ထိန်းသိမ်းထားနိုင်တဲ့ အစွမ်းဟာ အံ့မခန်းပါပဲ။ 
 
(အဂ္ဂမဟာ ပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) ရေးသားသော )
အဘိဓမ္မာ မြတ်ဒေသနာ စာအုတ်မှ ထုပ်နှုတ်တင်ပြသည်။

No comments:

Post a Comment