ဥပသာလကပုဏ္ဏားကြီး
ဗုဒ္ဓ လက်ထက်တော်က ရာဇဂြိုလ်မြို့မှာဥပသာလကအမည်ရှိတဲ့ ပုဏ္ဏားကြီးတစ်ယောက်ရှိခဲ့ပါတယ်။ သူအသက်ကြီးလာ
တဲ့အခါကျတော့ သားဖြစ်သူကိုသူများနဲ့မတူတဲ့ ထူးခြားချက် တစ်ခုကို မှာကြားသတဲ့။ ဘယ်လိုမှာသလဲဆိုတော့ငါ့သား အဖေသေရင် ဘယ်လူသေကောင်မှမမြုပ်ရသေးတဲ့နေရာမှာ ရှာဖွေပြီးသင်္ဂြိုလ်
ပါတဲ့။
အဲဒီတော့ သားက
အဖေ သူသေမမြုပ်ရသေးတဲ့ နေရာဌာနဆို
တာအင်မတန်မှခဲယဉ်းလှပါတယ်။ ဒါကြောင့်
အဖေမသေခင်မှာပဲ မြုပ်နှံရမယ့်နေရာကိုရှာ
ဖွေပြထားခဲ့ပါလို့ ပြန်ပြောတဲ့အတွက် သား
အဖနှစ်ယောက် ဂိဇ္ဓျဂုဋ်တောင်ပေါ်တက်ပြီး
ရှာလိုက်ကြတာ တောင်စောင်းတစ်ခုပေါ်က
မြေကွက်လပ်လေးကို သဘောကျပြီး
ငါ့သားရေ ဒီနေရာလေးကတော့ ဘယ်လူ
သေမှ မမြုပ်ရလောက်သေးဘူး။ အဖေသေ
ရင် ဒီနေရာပဲ မြုပ်ပေးပါလို့ သားကိုသေချာ
မှာကြားပြီး တောင်အောက်ကိုဆင်းလာကြ
တယ်။ တောင်အောက်ရောက်တော့ ဗုဒ္ဓကို
တွေ့ကြတာပါပဲ။ ဂါထာတစ်ဂါထာလောက်
ဟောလိုက်တာနဲ့ ဥပသာလက ပုဏ္ဏားကြီး
သောတာပန်တည်မှာ မြင်တော်မူလို့ဘုရား
ရှင်ကိုယ်တော်မြတ် ကြွလာတော်မူခြင်းဖြစ်
ပါတယ်။
တွေ့လိုက်တာနဲ့ ဗုဒ္ဓက မေးတော်မူတယ်။
ဥပသာလက၊ ဂိဇ္ဈဂုဋ်တောင်ပေါ်ကိုအဘယ်
အကြောင်းကြောင့် တက်ရောက်ခဲ့လဲ။
မှန်လှပါ။ လူသေ မမြုပ်ဖူးတဲ့နေရာ ရှာဖို့
အတွက် တက်ရောက်ရခြင်းဖြစ်ပါတယ်။
လူသေမမြုပ်ရသေးတဲ့နေရာကောတွေ့
သလား။
မှန်ပါ။ တွေ့ခဲ့ကြောင်းပါ။
ဒါဆိုရင် အဲဒီနေရာကို ငါဘုရားအား လိုက်ပြ
ပါ လို့ပြောလိုက်တဲ့အတွက် ဥပသာလကဟာ
ဗုဒ္ဓကိုခေါ်ပြီး ဂိဇ္ဈဂုဋ်တောင်ပေါ်ကသူရွေးထား
တဲ့နေရာကို ပြပါတယ်။
ဥပသာလက ရွေးထားတဲ့နေရာကို ဗုဒ္ဓကလက်
ညှိုးညွှန်ပြပြီး ဟောဒီ ဂါထာကို ဟောတော်မူပါ
တယ်။
ဥပသာလကနမာနိ၊ သဟဿာနိစတုဒ္ဒသ၊
အသ္မိံပဒေသ ဒမာနိ၊ နတ္ထိလောကေအနာမတံ။
ဗြဟ္မဏ၊ ပုဏ္ဏားကြီး။ အသ္မိံပဒေသ၊ ဤယခု
အသင်ညွှန်ပြရာနေရာဌာန၌၊ ဥပသာလကနမာနိ၊
ဥပသာလကအမည်တစ်ခုတည်းဖြင့်၊ သဟဿာ
နိစတုဒ္ဒသ၊ အလောင်းကောင်ပေါင်းတစ်သောင်း
လေးထောင်တို့သည်၊ ဒမာနိ၊ နီးသင်္ဂြိုလ်လောင်
ကျွမ်းမြုပ်နှံခဲ့ရလေပြီ၊ လောကေ၊ ကမ္ဘာလောက
ကြီး၌၊ အနာမတံ၊လူသေကောင်ပုပ်မမြုပ်ဖူးသော
နေရာဌာနသည်၊ နတ္ထိ၊ စိတ်သာချပေတော့၊ မုချ
မရှိရိုးမှန်သည်သာတည်း။
ပုဏ္ဏားကြီး ဒီတောင်စောင်း မြေနေရာလေးကို
သင်ကဘယ်သူ့အလောင်းမှ မမြှုပ်ရသေးဘူးလို့
ထင်ခဲ့တယ်။ တကယ်တော့ ဒီနေရာလေးမှာသင်
ရဲ့ ဥပသာလကအမည်နဲ့အလောင်းကောင်ပေါင်း
တစ်သောင်းလေးထောင် မြှုပ်နှံခဲ့ပြီးပြီ။ ဒီကမ္ဘာ
ကြီးရဲ့နေရာအနှံ့မှာ လူသေကောင်ပုပ်မမြှုပ်ဖူးတဲ့
နေရာ တစ်နေရာမှမရှိဘူးလို့ ဟောတော်မူတဲ့နေ
ရာမှာ ပုဏ္ဏားကြီးဟာ ဒိဋ္ဌိ ၀ိစိကိစ္ဆာ ကင်းကွာပြီး
သောတာပန်တည်သွားခဲ့ပါတယ်။
ဒီဒေသနာကို
ထောက်ထားပြီး ကမ္ဘာ လောကကြီးဟာ မသာ
တွေနဲ့ပြည့်နေပါလား။ ဥပသာလကအမည်တစ်
ခုတည်းနဲ့တောင် ဘ၀ပေါင်း တစ်သောင်းလေး
ထောင် သေခဲ့ရတယ်ဆိုတော့ တခြား အမည်
တွေနဲ့ သေခဲ့ရတဲ့ ဘ၀တွေ ဘယ်လောက်များမ
လဲဆိုတာ တွေးကြည့်နိုင်ပါတယ်။
ဥပသာလကနည်းတူတရားဟောပုဂ္ဂိုလ်၊ တရား
နာ ပုဂ္ဂိုလ်များလည်း အ၀ိဇ္ဇာ တဏှာ ဦးစီးခဲ့တဲ့
ဘ၀တွေ မရေမတွက်နိုင်အောင် ဘယ်လောက်
အထိ များပြားမယ်ဆိုတာ ဓမ္မသံဝေဂ ယူနိုင်ပါ
တယ်။
မေတ္တာရှင် - ရွှေပြည်သာ
ကျွန်ုပ်ဘ၀မှ ဆောင်စရာနှင့်ရှောင်စရာများ
No comments:
Post a Comment