/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, March 28, 2014

**** ရတနသုတ်အမွှမ်း ****



အခြားသော ပရိတ်အမွမ်းများမှာ ထိုပရိတ်တော်ရဲ့ အကြောင်းများကို အကျဉ်းချုံးရေးထားတာများပါတယ်။ ရတနသုတ် အမွှမ်းကျတော့ ဘုရားအလောင်းတော်ကြီး သုမေဓာရှင်ရသေ့ ဘ၀က ဒီပင်္ကရာမြတ်စွာဘုရား ထံတော်မှောက်မှာ နိယတဗျာဒိတ်ပန်းကို
ဆင်မြန်းတော်မူပုံမှ အစပြု၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလ ပတ်လုံး ပါရမီ အမျိုးမျိုး ဖြည့်ကျင့်ခဲ့ပုံ၊ အဆုံးစွန်သော ဘ၀အဖြစ် မယ်တော်မဟာမာယာဒေ၀ီ ၀မ်းကြာတိုက်မှာ ပဋိသန္ဓေ ယူခဲ့ပုံ၊ ထိုမှ မွေးဖွားတော်မူခဲ့ပုံ၊ အရွယ်တော်ရောက်လာသည့်အခါ၊ မဟာနိက္ခမ တောထွက်တော်မူပုံ၊ အလွန်ဆင်းရဲ ငြိုငြင်စွာ ၆ နှစ်ကြာမျှ ၊ ဒုက္ကရစရိယ ကျင့်တော်မူပုံ၊ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ် ရောက်တော်မူခဲ့ပုံ၊
ဓမ္မစက္ကပ၀တ္တန သုတ်ကို တရားဦးအဖြစ်ဟောတော်မူခဲ့ပုံတို့ကို အရှင်အာနန္ဒာမထေရ်က ဆင်ခြင်ကြည်ညို မိသည့်အတိုင်း ရှေးဆရာတော်ကြီးများက ဗုဒ္ဓ၀င် အကျဉ်းချုပ်ကဲ့သို့ ရေးသားတော်မူတာဟာ ရတနသုတ် တစ်ခုမှာသာ ဖတ်ရကြည်ညိုရပါတယ်။


အဲသည်နောက် ဝေသာလီပြည်၌ဖြစ်သော ဘေး ၃ ပါးတို့ကို လွတ်ကင်းစိမ့်သောငှာ၊ အရှင်အာနန္ဒာအား ညဉ့်သုံးယံ ပတ်လုံး ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတော်တို့ကို သစ္စာဆို မြွက်စေကြောင်း ရေးသားထား ပါတယ်။ အဲဒီ အမွှမ်းကို ရွတ်ဆိုတိုင်း ဗုဒ္ဓ၀င် အကျဉ်းချုပ်ကို ကြည်ညိုရှိခိုးနေရသလို ခံစားနိုင်ကြပါတယ်။
အဲဒါဟာ ရတနသုတ်အမွှမ်းရဲ့ ပထမထူးခြားချက်ပါပဲ။


 မြင်းခြံ ၉ ဆောင်တိုက် ဆရာတော်ဘုရားကြီဟာ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးနှင့် ခေတ်ပြိုင် ကျမ်းတတ် အကျော်အမော် ဆရာတော်ကြီး ဖြစ်တော်မူပါတယ်။ ဆရာတော်ကြီးရဲ့အနက်မြန်မာပြန်အဖွင့်ဟာ ဘယ်လောက် အနှစ်သာရ ရှိတယ်လို့ တို့ကမပြောဝံ့လောက်အောင် ဖြစ်ပါတယ်။ 

မင်းကွန်း တိပိဋကဓရ ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီး ဦးစီးပြုစုတော်မူတဲ့ မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ၊ ဓမ္မရတနာအခန်း၊ ရတနသုတ် အပိုင်းမှာ ပြန်လည်ဖော်ပြထည့်သွင်း ရေးသားတော်မူတာကိုပဲ ချင့်ကြည့်ပါတော့။ အဲဒီ ပရိတ်ကြီး ပါဠိအနက် ၀တ်ရွတ်စဉ်ဟာ ' မြင်ခြံ ၉ ဆောင်တိုက်မူ မဟာပရိတ်တော်ကြီး နိဿယသစ် ' ရယ်လို့ ထင်ရှားတယ်။
ပဏိဓာနတော=သာရမဏ္ဍ၊ ကမ္ဘာမ,ထက်၊ စတုတ္ထမင်းတရားကြီး၏ ရွှေဖ၀ါးတော်မြတ်အောက်၊ လျားမှောက်ဝပ်စင်း၊ ကိုယ်ဖြင့်ခင်း၍၊ ကျင်းကျင်းသန်စွမ်း၊ မှုထမ်းအားကြီး၊ အရင်းနှီးခဲ့သဖြင့်၊ ချီးမြှောက် ပေးသနားတော်မူအပ်သော၊ နိယတ ဗျာဒိတ်ပန်းကို၊ မွမ်းမွမ်းထိပ်ပြင်၊ ပန်ဆင်တော်မူပြီးသည်မှ။

ပဋ္ဌာယ=စ၍ ။ တထာဂတဿ=ဂင်္ဂါ ၀ါဠု၊ သဲစုအတူ၊ လွန်တော်မူသော၊ တစ်ဆူမကြွင်း၊ တရားမင်းတို့ကဲ့သို့၊ လာခြင်းကောင်းတော်မူသော အစိန္တေယျ မြတ်စွာဘုရား၏။ 


ဒသပါရမီယော= ဥစ္စာ၊ သား , မယား၊ ပြည်တိုင်းကား တို့ကို၊ ပယ်ရှားစွန့်လှူ၊ ဖြည့်ကျင့်တော်မူသော ဒသပါရမီတော် တို့လည်းကောင်း။ ဒသဥပပါရမီယော= မျက်စိ, နား, နှာ၊ အင်္ဂါ , ခြေ , လက် တို့ကို၊ ရက်ရက်စွန့်လှူ၊ ဖြည့်ကျင့်တော်မူသော ဒသဥပပါရမီတော်တို့လည်းကောင်း။ ဒသ ပရမတ္ထပါရမီယော=အသက်ကိုစင်း၊ မခင်မမက်၊ ရက်ရက်စွန့်လှူ၊ ဖြည့်ကျင့်တော်မူသော ဒသပရမတ္ထ ပါရမီတော်တို့လည်းကောင်း။

 ဣတိ=ဤသို့။ သမတ္တိံသ ပါရမီယော၊ ဆယ်ပါး ၃ လီ၊ အမျှ ၃၀ သော ပါရမီတော်တို့ကိုလည်းကောင်း။ ပဉ္စမဟာပရိစ္စာဂေ= ကိုယ်ခန္ဓာနှင့်၊ ပြည်ရွာ သား, မယား၊ ဥစ္စာအားဖြင့် ငါးပါးသော စွန့်ခြင်းကြီးတို့ကို လည်းကောင်း။ လောကတ္ထစရိယံ=သတ္တလောကဓာတ်၊ သူကျိုးမြတ်စေခြင်းငှာ၊ ရိုးမတ်စွာ ကျင့်တော်မူခြင်းလည်းကောင်း။ ဥာတတ္ထစရိယံ=ဆွေတော်မျိုးတော်၊ သူ ကျိုးမြှော်၍၊ ကျင့်တော်မူခြင်းလည်းကောင်း။ 

ဗုဒ္ဓတ္ထစရိယံ=ကိုယ်ကျိုးစင်စစ်၊ ဘုရားဖြစ်စေခြင်းငှာ၊ သစ်သစ်အားယူ၊ ကျင့်တော်မူခြင်းလည်းကောင်း။ ဣတိ=ဤသို့။ တိေဿာ စရိယာ ယော=သုံးပါးသင့်လျော် အကျင့်တော်တို့ကိုလည်းကောင်း။ ပစ္ဆိမဘဝေ=ပဋိစ္စသမုပ္ပါဒ် ရဟတ်စက်ကြီး၊ ပျက်စီးယုတ်သိမ်း၊ ချုပ်ငြိမ်းရာခေတ်၊ အဆုံးစွန်သော ကိုယ်တော်၏ အဖြစ်၌။ 

ဂဗ္ဘဝေါက္ကန္တိံ= ဖလ်သား၊ မှန်သား၊ ရံတားသိင်္ဂီ၊ စေတီတော်တွင်း၊ ရွှေဆင်းတု သွင်းသကဲ့သို့၊ သနင်းတောင်ညာ၊ မယ်မာယာ၏ ၊ ရတနာပလ္လင်၊ တိုက်ဝမ်းဝင်၍၊ မြန်းရွှင်သန္ဓေ၊ တည်စံနေခြင်းကို လည်းကောင်း။ ဇာတိံ= လုမ္ဗနီဟု၊ ဂုဏ်ဆီသင်းကြိုင်၊ အင်ကြင်းမြိုင်၌၊ တစ်ပြိုင်စက္က၀ါ၊ ဘ၀ဂ်ငြာထိ၊ ထောမနာကြီး၊ သြဘာချီးလျက်၊ မီးရှုးသန့်စင်၊ ဖွားမြော်မြင်ခြင်းကိုလည်းကောင်း။

 အဘိနိက္ခမနံ=သံယောဇဉ်နှင့် မယှဉ်မစပ်၊ အစဉ် ဖြတ်လျက် မြတ်သောတောထွက်တော်မူခြင်းကိုလည်းကောင်း ပဓာနစရိယံ= တစ်နေ့တာတွက်၊ သစ်တစ်ရွက်နှင့်၊ နှစ်သက်စေပြီး၊ သစ်တစ်သီးမျှ၊ ကြီးလျှင်တစ်ခြမ်း၊ နှမ်းတစ်စေ့ ဆန်တစ်စေ့၊ ရံခါလည်း မတွေ့ရဘဲ၊ နေ့ဆက် ရက်ဆက်၊ ထက်မြက်သောဥဿာဟ၊ ဒုက္ကရစရိယာ၊ ခြောက်နှစ်ကြာပင်၊ ငြိုငြင်စွာ ကျင့်တော်မူခြင်းကိုလည်းကောင်း။ ဗောဓိပလ္လင်္ကေ= ရတနာပလ္လင်၊ ဗောဓိပင်၌။ မာရ၀ိဇယံ= ဒေ၀ပုတ္တ စသည် အပြား၊ မာရ် ငါးပါးကို ၊ လှံ , ဓား မဖက် ၊ ဥာဏ်လက်နက်ဖြင့်၊ ပယ်ဖျက်ကုန်စင်၊ ပြီးအောင်မြင်ခြင်းကိုလည်းကောင်း။ 

သဗ္ဗညုတညာဏပဋိဝေဓံ= သစ္စာလေးဝ၊ ဉေယျငါးပါး၊ တရားမူလ၊ ဟူသမျှကို၊ မြူမျှမကျန်၊ ဘူသယံဖြင့်၊ သူမဆံဘိ၊ ထိုးထွင်း၍သိတော်မူခြင်းကိုလည်းကောင်း။ ဓမ္မစက္ကပ္ပ၀တ္တနံ=မိဂဒါဝုန်၊ တောရဂုံ၌၊ ဘုံ ပထ၀ီ၊ သုန်သုန်ဟီအောင်၊ ဂုဏ်ဆီပြည့်နှက်၊ ပဉ္စ၀ဂ်တို့အား၊ ဓမ္မစက်ထူး၊ တရားဦးကို၊ ဖြန့်ဖြူးဟောကြားတော်မူခြင်းကိုလည်းကောင်း။ 

န၀ လောကုတ္တရဓမ္မေ= မဂ် , ဖိုလ် ရှစ်တန်၊ နေရဗာန်နှင့်၊ ဝေဖန်ပိုင်းခြား၊ ၉ ပါးသော လောကုတ္တရာ တရားတော်တို့ကိုလည်းကောင်း။ ဣတိဧ၀မာဒိကေ= ဤသို့ အစရှိကုန်သော။ သဗ္ဗေပိ= အလုံးစုံလည်းဖြစ်ကုန်သော။ ဣမေဗုဒ္ဓဂုဏေ=ဤစရိယစာဂီ ၊ ပါရမီအဆင့်ဆင့်၊ ရင့်ထက်ရင့်၍၊ ပွင့်ခြင်းသို့ ရောက်တော်မူသော အစိန္တေယျ မြတ်စွာဘုရား၏၊ 

များစွာသော ကျေးဇူးတော် ဂုဏ်တော်တို့ကို။ အာဝဇ္ဇေတွာ= ဥာဏ်သမ္ပဇဉ် ၊ ကြံဆင်ခြင်တော်မူ၍ ။ ဝေသာလိယာ= တံတိုင်း သုံးရပ်၊ ထပ်လျက် , ထပ်လျက် ၊ ပတ်ယှက် ဆူဝေ၊ လူနေ အိမ်ခြေ ၊ မရေ မတွက်သာ၊ ကျယ်ဝန်းစွာကြောင့်၊ ဝေသာလီ အမည်ရှိသော ပြည်ကြီး၌။

တီသုပါ ကာရန္တရေသု= မီးတား ရံဆိုင်း၊ ထပ်ထပ် ၀ိုင်းသား၊ တံတိုင်း သုံးရပ်တို့၏ အကြားတို့၌။
တိယာမရတ္တိံ = ညဉ့်ဦးသန်းခေါင်၊ သောက်ရောင်ဝိုးဝင်း၊ မိုး အလင်းဟူသော ယင်းညဉ့်သုံးယံ ကာလပတ်လုံး။


ပရိတ္တံ= ရတနသုတ်၊ ရွှေနှုတ်မြွက်ဖော်၊ ပရိတ်တော်ကို၊ ကရောန္တော= သဒ္ဒါမပျက်၊ အနက်မမှား၊ သနားရှေးရှု့ ၊ ဟောရွတ်တော်မူပေသော။ အာယသ္မာ အာနန္ဒတ္ထေရောဝိယ= ဗဟုသုတ၊ စသည် ဧတဒဂ်၊ ပွားတက်အစဉ်၊ ငါးချက်တင်သော အရှင်အာနန္ဒာ မထေရ်မြတ်ကဲ့သို့။


 ကာရုညစိတ္တံ= ဒုက္ခိတ သတ္တ၀ါ၊ ဝေနေယျတို့အား၊ ကြင်နာသနားခြင်းနှင့် ယှဉ်သောစိတ်ကို။ ဥပဋ္ဌ ပေတွာ= ဖြစ်စေ၍ ။
ကောဋိသတ သဟဿသု= ထောင် , သောင်း , သိန်း , သန်း၊ ဂဏန်းခြေပေါင်း၊ မရေကောင်းမျှ၊ ကုဋေပေါင်း တစ်သိန်းကုန်သော။


 စက္က၀ါဋ္ဌေသု= ယူဇနာပေါင်း၊ ရှစ်သောင်းနှစ်ထောင် အမြင်ဆောင်သား၊ တောင်စကြ၀ဠာ၊ ကာရံ ကျောက်စိုက်၊ ၀န်း၍ ၀ှိုက်သော၊ တိုက်လောကဓာတ်တို့၌။ ၀သန္တာ= ဘုံ အသီးသီး၊ ကြီးကြီး , ငယ်ငယ်၊ သွယ်သွယ် ၀၀၊ နေထိုင်ကြကုန်သော။ ဒေ၀တာ= အာဏာလွှမ်းမိုး၊ တန်ခိုး ကြီးမြတ်၊ အနတ်နတ်တို့သည်။
ယဿ= အကြင် ရတနသုတ်၊ ရွှေနှုတ် မြွက်ဖော်၊ ပရိတ်တော်၏ ။


 အာဏံ= သိန်းကုဋေကုန်၊ ဘုံစက္က၀ါ၊ တုန်သွက်ခါမျှသော အာဏာတော်စက်ရိပ်ကို။ ပဋိဂ္ဂဏှန္တိ= ၀မ်းသာကြည်နူး ၊ လွန်ရွင်မြူးလှ၍ ၊ ဦးဖြင့် ခံယူကြကုန်၏ ။ ယဉ္စံ ယံဧ၀ ပရိတ္တံ= အကြင်ရတနသုတ်၊ ရွှေနှုတ်မြွက်ဖော်၊ ပရိတ်တော်သည် သာလျှင်။
ဝေသာလိယာ= ဝေသာလီ အမည်ရှိသော။ ပုရေ= ရာဇဌာနီ၊ ကျူးသည်အောင်စည်၊ မင်းနေပြည်၌။


ရောဂါမနုဿဒုဗ္ဘိက္ခသမ္ဘူတံ= ရောဂါသောင်းကျန်း၊ ဘီလူးဖမ်းနှင့်၊ ကုန်ခမ်း ခေါင်းပါးသော ထမင်းကြောင့်ဖြစ်သော။ တိဝိဓံဘယံ= ကပ်ကြီးသုံးကပ်၊ မရပ်တည်နိုင်၊ အပြိုင်တိုက်ရေး၊သုံးပါး အပြားရှိသော ဘေးကို ။ ခိပ္ပံ= အလျင်အမြန်။ အန္တရဓာပေသိ= ကွယ်စေ , ပျောက်စေ , ငြိမ်းစေ၏ ။


တံပရိတ္တံ= ထို မဟပ္ဖလမျိုး၊ အကျိုးအာနိသံသ၊ ကြီးမားလှသော၊ ရတနသုတ်၊ ရွှေနှုတ်မြွက်ဖော်၊ ပရိတ်တော်ကို။ ဟေ= သီတင်းသုံးဖက်၊ သမဂ္ဂပေါင်း၊ သူတော်ကောင်းတို့။ မယံ= ငါတို့သည်။ ဘဏာမ= သဒ္ဒါမပျက်၊ အနက်မယိမ်း၊ ဘေးခပ်သိမ်းတို့၊ ကင်းငြိမ်း စိမ့်ငှာ၊ ရွတ်ဖတ်သရဇ္ဇျာယ်ကြပါကုန်အံ့။


ဆရာကြီးဦးသုခ ၏ ရတနသုတ် မှ.......


No comments:

Post a Comment