ဗုဒ္ဓမြတ်စွာဘုရားက အို၊ နာ၊ သေရခြင်းတို့၏ ကြောင်းကျိုးဆက်စပ်မှုကို ဆင်ခြင်မိပါတယ်။
အ၀ိဇ္ဖာကြောင့် သင်္ခါရ = အမှန်အတိုင်း မသိမြင်လို့ ဘ၀ဖြစ်ပေါ်ရေး ယခု လက်ရှိဘ၀မှာ ဘဝ
ကောင်း ဘ၀မှန်ဖြစ်ရေး၊ နောက်တမလွန်မှာလဲ ဘ၀ကောင်း ဘ၀မှန်တွေ ဖြစ်ပေါ်ရေးလုပ်မိတယ်။
အ၀ိဇ္ဖာကြောင့် သင်္ခါရ = အမှန်အတိုင်း မသိမြင်လို့ ဘ၀ဖြစ်ပေါ်ရေး ယခု လက်ရှိဘ၀မှာ ဘဝ
ကောင်း ဘ၀မှန်ဖြစ်ရေး၊ နောက်တမလွန်မှာလဲ ဘ၀ကောင်း ဘ၀မှန်တွေ ဖြစ်ပေါ်ရေးလုပ်မိတယ်။
သင်္ခါရကြောင့် ၀ိညာဏ် = ဘ၀ဖြစ်ပေါ်ရေးအလုပ်တွေ လုပ်မိတဲ့အတွက် တစ်ဘ၀မှာ အစဆုံး
စိတ်ကလေး ဖြစ်ပေါ်လာတယ်။ အဲဒီဘ၀ ဖြစ်ပေါ်ရေး အလုပ်တွေ လုပ်မိခြင်းက အကြောင်းတရား၊
တစ်ဘ၀မှာ အစဆုံး စိတ်ကလေးဖြစ်ပေါ်ခြင်းက အကျိုးတရား။
ဝိညာဏ်ကြောင့် နာမ်ရုပ် = အဲဒီ အစဆုံး စိတ်ကလေး ဖြစ်ပေါ်လိုက်တာနဲ့ပဲ သူနဲ့ယှဉ်ဘက်ဖြစ်
တဲ့ စိတ်သဘောတွေကလဲ နောက်က တစ်ဆက်တည်း ဆက်ဆက် ဖြစ်လာတယ်။ ရုပ်တွေကလဲ တစ်
ဆက်တည်း ဆက်ဆက် ဖြစ်လာတယ်။ ဒါကြောင့် တစ်ဘ၀ အစဆုံး စိတ်ကလေးကြောင့် နောက်
ထပ် ရုပ်အဆက်ဆက် နာမ်အဆက်ဆက်တွေ ဖြစ်ပေါ်လာတယ်။
နာမ်ရုပ်ကြောင့် သဠာယတန = အဲဒီ ရုပ်အဆက်ဆက် နာမ်အဆက်ဆက်တွေ ဖြစ်ပေါ်လာ
တော့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ဒီ အာယတနတွေလဲ ဖြစ်လာတယ်။
သဠာယတနကြောင့် ဖဿ = အဲဒါတွေ ဖြစ်ပေါ်လာတော့ မျက်စိက အဆင်းနဲ့ ဆုံမိတယ်။ နား
ကလဲ အသံနဲ့ ဆုံမိတယ်။ လျှာကလဲ အရသာနဲ့ ဆုံမိတယ်။ ကိုယ်ကလဲ ထိတွေ့စရာနဲ့ တိုးမိ ဆုံမိ
တယ်။ စိတ်ကလဲ ကြံတွေးစရာ သဘောတွေနဲ့ တိုးမိဆုံမိတယ်။ ဒီတော့ မျက်စိ နား နှာ လျှာ ကိုယ်
စိတ်ဆိုတဲ့ ဒီ အာယတန ၆ ပါး ရှိလို့ အဲဒီ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့စရာ သဘောဆိုတဲ့
အာရုံတွေနဲ့ သွား သွားပြီး တိုးမိ ဆုံမိ ထိမိတယ်။
ဖဿကြောင့် ဝေဒနာ = အဲဒီလို တိုးမိ ဆုံမိ ထိမိတဲ့အခါကျပြန်တော့ ရံဖန်ရံခါ မကောင်းတဲ့
ခံစားမှုတွေ ဖြစ်တယ်။ ရံဖန်ရံခါ မကောင်းမဆိုး ခံစားမှုတွေ ဖြစ်ပေါ်လာတယ်။
ဝေဒနာကြောင့် တဏှာ = အဲဒီတော့ အဲဒီ ခံစားမှုတွေကြောင့် လိုချင် တပ်မက်မှု နှစ်သက်မှု
တွေ ဖြစ်လာပြန်တယ်။
တဏှာကြောင့် ဥပါဒါန် = အဲဒီ လိုချင်တပ်မက်မှု နှစ်သက်မှုတွေ ဖြစ်လာရတဲ့အခါမှာ ဒါတွေ
ငြိမ်းမသွားပြန်ဘဲ သူတို့က အားကောင်းလာတဲ့အခါကျတော့ လိုချင်တဲ့အရာတွေကို မရ မနေနိုင်တဲ့
စွဲလမ်းမှုတွေ ဖြစ်ပေါ်လာရတယ်။
ဥပါဒါန်ကြောင့် ဘ၀ = အစွဲကြီးစွဲမှု ဖြစ်ပေါ်လာတဲ့အခါကျတော့ အဲဒါကို ရအောင် လုပ်တဲ့
အလုပ်တွေ တစ်ခါ ဖြစ်ပြန်တယ်။
ကမ္မဘ၀ကြောင့် ဘ၀သစ် = အဲဒီ အလုပ်တွေထဲမှာ ဘ၀ကောင်း ဘ၀မှန်တွေရရေး ရည်ရွယ်
ချက် ပါတယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ လုပ်တဲ့ အလုပ်တွေကြောင့် ဘ၀သစ်တစ်ဖန် ပြန်ပြီးဖြစ်ရတယ်။
အဲဒီလို ဘ၀သစ်တစ်ဖန် ပြန်ဖြစ်တယ်ဆိုတာက တစ်ဘ၀မှာ အစဆုံးဖြစ်တဲ့ စိတ်နဲ့ ရုပ်ပဲ။
ဒီလို ဘ၀သစ်တစ်ဖန် ဖြစ်ပြန်တော့ တစ်ခါ အိုရတယ်၊ နာရတယ်၊ သေရတယ်၊ စိုးရိမ်ပူဆွေး
ရတယ်၊ ငိုကြွေးရတယ်၊ ကိုယ်ဆင်းရဲရတယ်၊ စိတ်ဆင်းရဲရတယ်၊ စိတ်နှလုံးပြင်းစွာ ပင်ပန်းရတယ်။ ဒီ
လိုနဲ့ ဆင်းရဲကတစ်ပတ်လည်သွားပြန်တယ်။ ( ဘ၀သစ် ဇာတိဖြစ်ရခြင်းကြောင့် ဇရာ မရဏ သော
က ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပယာသတို့ ဖြစ်ကြတယ်။)
ဒီနည်းအားဖြင့် သဘာဝ ဖြစ်စဉ်ကြီး တစ်ပတ်ပြီးတစ်ပတ် လည်နေတာဟာ ရပ်တယ် ပြတ်
တယ်လို့ မရှိပါတကား။ ဒါကြောင့် ဆင်းရဲနေတာပဲ။ အဲဒီလို မြတ်စွာဘုရား မြင်တော်မူတယ်။ ဒါကို
“ပဋိစ္စသမုပ္ပါဒ်” လို့ ခေါ်တယ်။ “ကြောင်းကျိုးဆက်သွယ်မှု သဘာဝ” လို့ အဓိပ္ပါယ် ရတယ်။
{ချမ်းမြေ့ဆရာတော် ဟောကြားသော ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်}
http://www.damanady.tk/2014/03/blog-post_311.html
No comments:
Post a Comment