/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, March 30, 2014

*** တောင်ဖီလာဆရာတော်ကြီး၏ထေရုပ္ပတ္တိ ***

**** တောင်ဖီလာဆရာတော်ကြီး၏ထေရုပ္ပတ္တိ ****

စစ်ကိုင်းမြို့ တောင်ဖီလာတောရ၌ သီတင်းသုံးနေတော်မူသဖြင့် တောင်ဖီလာဆရာ တော်ဟု 

 ကျော်စောခဲ့သော ဆရာတော်ကို သက္ကရာဇ် ၉၄ဝ-ပြည့်နှစ်၊ တပေါင်းလဆန်း ၁၅- ရက်နေ့တွင် အဖ ဦးဖိုးစ၊ အမိ မယ်သီတို့မှ မွေးဖွားသန့်စင်ခဲ့၏။ နံတော်မှာ ကြာသပတေးသား ဖြစ်၍ငယ်မည်တော်ကို မောင်ကျော်ဟု ခေါ်သည်။

 မွေးဖွားရာဇာတိကား စလင်းမြို့ ဖြစ်သတည်း။

ခြောက်နှစ်သားအရွယ်တွင် မိမိ၏ ဦးရီးတော်အရင်းဖြစ်သော မင်းဝံတိုက်ဆရာတော် သျှင်ဥပါလိထံတွင် စာပေများကို သင်ကြားသည်။ ဦးရီးတော် သျှင်ဥပါလိသည် စာပေကိုတတ်ကျွမ်း တော်မူသောကြောင့် သဒ္ဒါရှစ်စောင်နိသျ၊ ဝစ္စဝါစကဒီပနီပါဌ်၊ ဝိဘတျတ္ထဒီပနီပါဌ်၊ သုတ္တသင်္ဂဟ ပါဠိတော်နိသျ၊ ဇာတ်ကြီးဆယ်စောင် အဋ္ဌကထာနိသျ တို့ကို ရေးသားတော် မူ၏။
တောင်ဖီလာဆရာတော်လောင်းဖြစ်သော သူငယ်တွင် မွေးချင်းအရင်းဖြစ်သော နှမတစ်ယောက် ရှိသည်။ 



အမည်မှာ မင်းအိမ်သူတည်း။ မင်းအိမ်သူသည် အရွယ်ရောက်လျှင် စလင်းမြို့သူကြီး မောင်အုန်းကျိုင်းနှင့် သင့်မြတ်ကြသည်။ တောင်ဖီလာဆရာတော်လောင်းလျာ သူငယ်ကား သာသနာဝင် သျှင်ရဟန်းဘဝကို လိုမက်သဖြင့် အရွယ်ငယ်စဉ်မှာပင် သာမဏေ ဘောင်သို့ တက်၍ ပရိယတ်စာပေများကို သင်ကြားဆည်းပူးလေသည်။ သက္ကရာဇ် ၉၅၃-ခု၊ ငါးဆူဒါယကာ မင်းကြီးလက်ထက် အသက် ၁၃-နှစ်အရွယ်တွင် ပြည်မြို့သို့ ပင့်ဆောင်ခြင်း ခံရသည်။
ထိုအချိန်တွင် သတိုးဓမ္မရာဇာဘွဲ့ခံ မင်းကြီးနှောင်းသည် ပြည်မြို့၌ မင်းပြုနေသောအခါ ဖြစ်၏။ 


ငါးဆူဒါယကာ မင်းတရားက အဆောင်အယောင်နှင့်တကွ ပြည်မြို့ကို ပေး၍ ငါ့ကိုချစ် လျှင် ပြည်သူရဟန်းတို့ကို ဝမ်းထွက်သားကဲ့သို့ ကျင့်ပါ၊ ငါ့အကျိုးတော်ကို လိုလျှင် ပြည်သူ ရဟန်း တို့ အကျိုးကို ဆောင်ပါ၊ ဟူ၍ မှာတော်မူသောအတိုင်း မင်းကြီးနှောင်းသည် ပြည်သူလူထု အကျိုးကို ရွက်ဆောင်တော်မူသည်။ ရဟန်းသံဃာများကိုလည်း ပင့်ယူကိုးကွယ်သည်။ ထိုသို့ ပင့်ယူကိုးကွယ်သည့် သျှင်ရဟန်းများထဲတွင် တောင်ဖီလာဆရာတော်လောင်းဖြစ်သော သာမဏေငယ်လည်း တစ်ပါးအပါအဝင်ဖြစ်ပေသည်။
သာမဏေငယ်သည် ပြည်မြို့ နဝင်းရွှေကျောင်းမှ သီဟိုဠ်ရောက်ဆရာတော် သျှင်အတု လဝံသမထေရ်၏ အနွယ်ဖြစ်၏။ 


သာမဏေငယ်သည် ထိုနဝင်းတောင်ကြားကျောင်း၌ပင် နေတော်မူ၍ မကြာမီ ၁၅-နှစ်သား အရွယ်ရောက်သည်တွင် ' ဝေဿန္တရာပျို့ ' ကို စပ်ဆိုတော်မူ၏။ ထို့ကြောင့် ပြည်မြို့တွင် ဆရာတော်လောင်းလျာ သာမဏေ၏ ဂုဏ်သတင်းသည် ဝေးနီးပျံ့နှံ့ လျက် ' သာမဏေကျော် ' ဟု ထင်ရှားလာလေသည်။
သက္ကရာဇ် ၉၅၉-ခုနှစ်တွင် ပြည်ဘုရင် မင်းကြီးနှောင်းအား အထိန်းတော်ရန်နိုင်စားက လုပ်ကြံ၍ ပြည်မြို့တွင် မင်းပြုသည်။ 


မင်းပြု၍ မကြာမီပင် ရန်နိုင်စားသည် သာမဏေကျော်၏ အရည်အသွေးကို မြှင့်တင်သောအားဖြင့် ပစ္စည်းလေးပါးဒါယကာ ပြုလုပ်၍ ရဟန်းခံသည်။ ဘွဲ့တော်မှာ သျှင်မုနိန္ဒဃောသဟူ၍ ဖြစ်သည်။ သာသနာ့သမိုင်းများတွင်ကား ရဟန်းဖြစ်သော အခါ၌ ပြည်ပဉ္စင်းကျော်ဟူ၍ ခေါ်ဝေါ်ရေးသားကြသည်။ 


သက္ကရာဇ် ၉၆၇-ခုနှစ်တွင် အနောက်ဘက်လွန်မင်းတရားသည် အင်းဝရွှေနန်းကို သိမ်းမြန်း စိုးစံတော်မူ၏။ ၉၇ဝ-ပြည့်နှစ်တွင် ပြည်မြို့ကို အလိုတော်ပြည့်လေသည်။ ထိုအခါ မင်းတရားကြီးက ယူကောင်းသော သူတို့ကိုလည်း သိမ်းယူတော်မူ၊ ဟု မိန့်တော်မူသောကြောင့် တောင်ဖီလာဆရာတော်အလောင်း ဖြစ်သော သျှင်မုနိန္ဒဃောသနှင့် အရှင့်ကျေးဇူးသစ္စာကို စောင့် သိတတ်သော ၁၃-နှစ်အရွယ် ငထင်ငယ်တို့သည် အင်းဝသို့ ခေါ်ဆောင်ခြင်း ခံရသည်။


 ထို့ကြောင့် အနောက်ဘက်လွန်မင်းတရားကြီးက ပြည်မြို့ကို သိမ်းယူရာတွင် သျှင်တစ်ဆူ လူတစ်ယောက် သာ ရသည်၊ ဟု မိန့်တော်မူကြောင်း အမှတ်အသား ရှိပေသည်။
အင်းဝသို့ ရောက်လျှင် မဟာမြတ်မုနိ အရံတွင် သုဓမ္မာဇရပ်၌ နေထိုင်ရ၏။ 


ထိုမင်း လက်ထက်တွင် သာသနာပိုင်ဆရာတော်မှာ တူရွင်းတောင်ခြေမှ ပင့်၍ တင်မြှောက်ထားသော မဟာသံဃနာထဘွဲ့တံဆိပ်တော်ရ မဟာရာမဆရာတော် ဖြစ်သည်။ သာသနာပိုင်ဆရာတော်သည် စည်းခုံတော်ကျောင်းဟုခေါ်သော အရံကျာင်း ၄ဝ-ခြံရံသည့် လေးထပ်ကျောင်းတော်ကြီး၌ နေတော် မူ၏။ ပြည်ပဉ္စင်းကျော် သျှင်မုနိန္ဒဃောသသည် ထိုသာသနာပိုင်ဆရာတော် ဘုရားကြီးထံသို့ သွား ရောက်၍ စာပေ မေးမြန်းလျှောက်ထားခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်သည်။ 

သာသနာပိုင်ဆရာ တော်သည် ပြည်ပဉ္စင်းကျော်၏ အရည်အသွေးကို အလွန်နှစ်သက်တော်မူ၏။
ထိုအခါ အင်းဝတွင် သျှင်အရိယာလင်္ကာရလည်း စာပေအလွန်တတ်ပွန်သဖြင့် အင်းဝပဉ္စင်းကျော်ဟု ထင်ရှားသည်။ ပြည်ပဉ္စင်းကျော် ရောက်လာကြောင်းကို အင်းဝပဉ္စင်းကျော် ကြားသဖြင့် တောတွင်းမှာသာ ကျော်လိမ့်မည်၊ မင်းနေပြည်မှာ မကျော်လေရာ၊ ဟု ဗားတမော့ ဆရာတော်အား ပြောကြားသည်ဆို၏။ ဗားတမော့ဆရာတော်က မပုတ်ဘဲကို မပေါ်၊ မဟုတ်ဘဲကို မကျော်ဟု ရှေးသူဟောင်းတို့ ဆိုရိုးရှိသည်၊ မဟုတ်ဘဲ ကျော်ပါမည်လော၊ ဟု အမိန့်ရှိလေသည်။ 


ထိုအခါ အင်းဝပဉ္စင်းကျော်က မိမိကိုယ်တိုင် ပြည်ပဉ္စင်းကျော်အား တွေ့လိုကြောင်း ပြောပြရာ ဗားတမော့ဆရာတော်က ကိုယ်တိုင်သွား၍ မသင့်တော်ပါ၊ အာဂန္တုဧည့်သည် ဖြစ်၍ နှိမ်ချရာ ရောက်ပလေသည်၊ အကြောင်းကို သိလိုလျှင် ဂါထာဗန္ဓဖွဲ့၍ မေးသင့်ပါသည်၊ ဟု ပြောကြားသဖြင့် ဂါထာဖွဲ့၍ မေးမြန်းလေသည်။ ထိုမေးမြန်းချက်ကို ပြည်ပဉ္စင်းကျော်ကလည်း ¤င်းကဲ့သို့ပင် ဂါထာဖွဲ့စီ၍ ပြန်လည်ဖြေကြားသည်။ ပုဂ္ဂိုလ်ကျော်နှစ်ပါး အမေးအဖြေဟု ထင်ရှား လေသည်။ 


ပုဂ္ဂိုလ်ကျော်နှစ်ပါးတို့ ဤသို့ပြောကြားခြင်းကို အနောက်ဘက်လွန်မင်းတရားကြီး ကြားသိသောအခါ မင်းကြီးက လေးထပ်ကျောင်းဆရာတော်ကို ပင့်၍ ပုဂ္ဂိလ်ကျော် နှစ်ပါးတို့ ကို လေးထပ်ကျောင်းတွင် တွေ့ဆုံ၍ စကားပြောစေရန် လျှောက်ထားသည်။ ထို့ကြောင့် ပဉ္စင်းကျော် နှစ်ပါးသည် လေးထပ်ကျောင်းတွင် ရဟန်းသျှင်လူတို့ ရှေ့မှောက် ၌ စကားပြောဆိုကြရ၏။ 


ဓာတုကထာဋီကာကို ပြောကြားကြရာတွင် အင်းဝပဉ္စင်းကျော်ကို ပြည် ပဉ္စင်းကျော်က နှစ်ကြိမ်သာ ပလေသည်ဟု လေးထပ်ဆရာတော်ကြီးက မိန့်ကြားလေသည်။ ထို့နောက် ဆရာတော်ကြီးက ဂန္ထန္တရနှင့် စပ်သည်ကို သျှင်မုနိန္ဒဃောသအား မေးလျှင် ဝါးခွဲသကဲ့သို့ ရှိပေသည်၊ ဝိဂြိုဟ် ဝစနတ္ထနှင့် စပ်သည်ကို သျှင်အရိယာလင်္ကာရအား မေးလျှင် မိုးသေး မိုးဖွဲကျသကဲ့သို့ ရှိပေသည်၊ ဟု ပုဂ္ဂိုလ်ကျော် နှစ်ပါး၏ သတ္တိကို ဆိုစမှတ်ပြုတော်မူသည်။ သျှင်မုနိန္ဒဃောသသည် အင်းဝရောက်၍ လေးနှစ်မျှအကြာ သက္ကရာဇ် ၉၇၄-ခုနှစ်တွင် သန်လျင်စား ငဇင်ကာအရေး ပေါ်ပေါက်လာသောကြောင့် အနောက်ဘက်လွန်မင်းတရားကြီးသည် သန်လျင်သို့ ချီတော်မူရသည်။

 ထိုအခါ တောင်ဖီလာဆရာတော်လောင်းဖြစ်သော သျှင်မုနိန္ဒ ဃောသလည်း ပါရသည်။ ထိုမှတစ်ဖန် ဟံသာဝတီသို့ ပါရသည်။
အင်းဝသို့ ပြန်ရောက်သည်တွင် ၉၇၇-ခုနှစ်၌ ညီတော်စလင်းစား မင်းရဲကျော်စွာက သျှင်မုနိန္ဒဃောသအား ကိုးကွယ်လိုကြောင်း သုံးကြိမ်တိုင် လျှောက်ထား တောင်းဆိုသောကြောင့် မင်းရဲကျော်စွာ ကိုးကွယ်ရသည်။ ထို့နောက် စစ်ကိုင်းမြို့ မြစ်နားလေးထပ်ကျောင်းကို ၉၇၉-ခုတွင် ဆောက်လုပ်သည်။ ထိုအချိန်တွင် သာသနာပိုင်နေသော ကျောင်းမှာလည်း လေးထပ်ကျောင်းပင်

 ဖြစ်သဖြင့် မင်းရဲကျော်စွာ ဆောက်လုပ်သော ကျောင်းကို ' မြစ်နားလေးထပ်ကျောင်း' ဟု ခေါ် လေသည်။
သက္ကရာဇ် ၉၈၃-ခုနှစ်တွင် ကျောင်းတော်ကြီးကို သျှင်မုနိန္ဒဃောသအား တင်လှူတော်မူ သည်။ ထိုနေ့၌ပင် အနောက်ဘက်လွန်မင်းတရားကြီးက ' တိပိဋကာလင်္ကာရ ' ဟူသော ဘွဲ့တံဆိပ် ကိုလည်း လှူဒါန်းတော်မူသည်။ 


သာသနာလင်္ကာရစာတမ်း၌ သာလွန်မင်းက ပေးလှူသည်ဟု ဆိုသည်။
ထိုစဉ်အတွင်း ဆရာတော်သည် ကျောင်းဒါယကာ မင်းရဲကျော်စွာက တောင်းပန်သော ကြောင့် ' ယသဝဍ္ဎနဝတ္ထု ' ကို ရေးသားတော်မူသည်။
သက္ကရာဇ် ၉၉၁-ခုနှစ်တွင် သာလွန်မင်းတရား နန်းတက်တော်မူသည်။ သို့ရာတွင် ရာဇဘိသေက မခံသေးဘဲ တိုင်းရေး ပြည်ရေး အရှုပ်အထွေးများကို သုတ်သင်တော်မူသည်။


 အရေးတော် ပြီးပြေသောအခါမှ သက္ကရာဇ် ၉၉၅-ခုနှစ်တွင် ဟံသာဝတီ အနောက်မြောက်ယွန်း အောင်မြေအရပ်၌ မင်္ဂလာနန်းတော်ကို ဆောက်လုပ်စေ၍ ရာဇဘိသေကခံတော်မူသည်။
ထိုအခါ မွန်အမျိုးသား မှူးမတ် ရဟန်းသျှင်လူတို့က မြန်မာရဟန်းများတွင် စာပေ ကျမ်းဂန် တတ်သိသူ မရှိကြ၊ ဟု ပြောဆိုသော စကားကို သာလွန်မင်းတရားကြီး ကြားသိတော်မူ သဖြင့် အင်းဝရှိ လေးထပ်ဆရာတော်ဘုရားကြီးထံသို့ အသက် ၃ဝ-အရွယ်၊ ၄ဝ-အရွယ် ပိဋကတ် ဗေဒင် လောကဝတ် ဓမ္မဝတ် တတ်ကျွမ်းလိမ္မာသော ပုဂ္ဂိုလ် နှစ်ပါး သုံးပါးကို ဟံသာဝတီသို့ ပို့လွှတ်ပါရန် မှာကြားလျှောက်ထားလေသည်။ 


ထို့ကြောင့် လေးထပ်ဆရာတော်ကြီးသည် တိပိဋကာ လင်္ကာရမထေရ်၊ တိလောကာလင်္ကာရမထေရ်၊ တိသာသနာလင်္ကာရမထေရ်သုံးပါးတို့ကို နောက်ပါ သံဃာသုံးကျိပ်တို့နှင့်တကွ ဟံသာဝတီသို့ စေလွှတ်လိုက်သည်။
ဆရာတော်သုံးပါးတို့သည် ဟံသာဝတီသို့ ရောက်ကြလျှင် ရွှေမော်ဓောစေတီတော်ကြီး ၏ အရှေ့အရပ်၌ တဲကျောင်း သုံးကျောင်း ဆောက်လုပ်၍ ထိုကျောင်းများတွင် သီတင်းသုံးကာ စာပေကျမ်းဂန်တို့ကို ပို့သတော်မူကြသည်။ ရံခါ ဥပုသ်နေ့များတွင် ရွှေမော်ဓောစေတီ ရင်ပြင်တော် သုဓမ္မာဇရပ်၍ ရာမညတိုင်းသား မွန်အမျိုးသား ရဟန်းတော်များနှင့် စည်းဝေး၍ စာပေကျမ်းဂန်နှင့် စပ်သောစကားတို့ကို ပြောဆိုကြရသည်။ 


ထိုအခါမှ မွန်ရဟန်းပညာရှင်တို့သည် မြန်မာရဟန်းတော် တို့၏ စွယ်စုံတတ်ကျွမ်းမှုကို ချီးမွမ်းထောမနာ ပြုကြလေသည်။
သက္ကရာဇ် ၉၉၆-ခုနှစ်၊ သာလွန်မင်းတရားကြီး အင်းဝသို့ ဆန်တက်မည် ပြုရာတွင် တိပိဋကာလင်္ကာရဆရာတော်နှင့် အဖွဲ့သည် ပြန်လည်လိုက်ပါရန် ပြင်ဆင်ကြရ၏။ တိပိဋကာ လင်္ကာရဆရာတော်သည် ဟံသာဝတီရောက်စဉ် သိကျွမ်းရသော မွန်ဘုန်းတော်ကြီး တိလောက ဂုရုထံ သွား၍ ဂါရဝပြုလေသည်။ 


ထိုအခါ မွန်ဆရာတော်ကြီးက တိပိဋကာလင်္ကာရဘုန်းကြီး သည် ဆွမ်းခံရာတွင် ဝါးခြမ်း ကြိမ်ခြမ်းပင် ရသော်လည်း ယူဆောင်၍ ကျောင်းကို ပြင်ဆင်လေ့ ရှိသည်၊ ထိုပုဂ္ဂိုလ်မျိုးသည် ကျောင်းကို အလှူခံရလွယ်သည်၊ ဟု မိန့်တော်မူလိုက်၏။ မှန်ပေသည်။ တိပိဋကာလင်္ကာရဆရာတော်သည် မြစ်နားလေးထပ်ကျောင်း
ကိုလည်းကောင်း၊ တောင်ဖီလာ တောရကျောင်းကိုလည်းကောင်း လွယ်ကူစွာ အလှူခံရလေသည်။ 


ထိုနှစ်အတွင်း အင်ဝသို့ ပြန်ရောက်သည်တွင် သာလွန်မင်းတရားသည် တိပိဋကာ လင်္ကာရ ဆရာတော်အား ဆရာပြု၍ ကိုးကွယ်လေသည်။ မင်းတရားသည် တစ်စုံတစ်ခု ပြုလုပ်ဖွယ်ရာ များကိုလည်းကောင်း၊ အသိပညာရေးဆိုင်ရာများကိုလည်းကောင်း ဆရာတော်အား မေးမြန်းလေ့ ရှိပေသည်။ 


ထိုအမေးနှင့် အဖြေများကို စုပေါင်း၍ မှတ်တမ်းတင်ခဲ့ရာ 'သာလွန်မင်းအမေးတော်ပုံ ' ဟူ၍ ယခုတိုင် ထင်ရှားရှိပေသည်။ ဤအတွင်းတွင် ဆရာတော်သည် လူသူကင်းမဲ့သော တောချုံများ ဖုံးအုပ်နေသည့် စက်တော်ရာ နှစ်ဆူရှိရာသို့ြ<ွကရောက် တော်မူခဲ့သည်။ ထိုအချိန်မှ စ၍ လူဒါယကာတို့သည် စက်တော်ရာ သွားလမ်းများကို ခုတ်ထွင်ရှင်းလင်းကြလေတော့သည်။ 

ဆရာတော်သည် သက္ကရာဇ် ၁ဝဝဝ-ပြည့်နှစ်၊ တပေါင်းလပြည့် အင်္ဂါနေ့တွင် မြစ်နာလေးထပ်ကျောင်းမှ ဖဲခဲ့၍မင်းဝံတောင်ကြား တောင်ဖီလာတောရကျောင်းတွင် သီတင်းသုံး တော်မူသည်။ ဤကဲ့သို့ တောရကျောင်းသို့ ထွက်ခွာလာခြင်းကို ဆရာတော်သည် သာလွန်မင်းအား အသိမပေးခဲ့ပေ။ အကယ်၍ အသိပေးပါကလည်း တားမြစ်နေဦးမည် ဖြစ်ကြောင်း ဆရာတော် သိပေသည်။ ထို့ကြောင့်လည်း တိတ်တဆိတ်ထွက်ခွာလာခဲ့ခြင်း ဖြစ်ပေသည်။
ဆရာတော် တောရဆောက်တည်သွားကြောင်းကို သာလွန်မင်းတရားကြီး ကြားလျှင် များစွာ စိတ်မကောင်းပေ။ 


မင်းကြီး၏ ဆန္ဒမှာ ဆရာတော်အား ကိုယ်တိုင် ဆွမ်းကပ်၍ အမြဲမပြတ် ဝတ်ပြုနေလိုသည်။ ယခုမူ ဝေးကွာသော နေရာသို့ ရောက်ရှိနေသဖြင့် ကိုယ်တိုင်သွားရောက်ရန် ခဲယဉ်းပေလိမ့်မည်။ 

သို့အတွက် တောင်ဖီလာတောရကိုကား မနေစေချင်ပေ။ မြစ်နားလေးထပ် ကျောင်းတွင် မနေလိုက အခြားနေရာတစ်ခုကို ဆရာတော်စိတ်ကြိုက် ရွေး၍ မနီးမဝေးမှာပင် နေမည်ဆိုက ကျောင်းဆောက်လှူမည်ဟု ရည်ရွယ်ထားသည်။ ထို့ကြောင့်ပင် များစွာ ရက်မဆိုင်းနိုင် ဘဲ တစ်ရက်ခြားဖြစ်သော လပြည့်ကျော် နှစ်ရက်နေ့တွင် သင်းတော်စားကို ခေါ်၍ ဤသို့ မိန့်တော်မူုလိုက်သည်။ 

ဆရာတော်သည် ဂိုဏ်းသင်္ဃာအစည်းအဝေး အမျိုးရွာက ခွာတော်မူ၍ မဂ်ဖိုလ်
နိဗ္ဗာန်အလို့ငှာ မင်းအစရှိသော အမျိုးလေးပါးတို့၏ လယ်မြေကောင်းသဖွယ် အရညဝါသီ ဆောက်တည်တော်မူသည်ကို အလွန်ဝမ်းမြောက်သည်။ နေတော်မူသည့် အရပ်သည် ဝေး လွန်းလှသည်။ ကျွန်ုပ်တို့သည် အလှူဒါန မပြတ်ရောက်နိုင်မည် ခဲသည်။ မနီးမဝေး သင့်တင့် သောအရပ်ကို ယူတော်မူဟု လျှောက်ခဲ့။ 


စိတ်ချပြီးလျှင်လည်း ချပြီးသည့်အရပ် ဘုရားကျောင်း ကန် မြို့ရွာနှင့် အနီးအဝေးကို မှတ်ခဲ့။ ( သာလွန်မင်းအမေးတော်ပုံ )
သင်းတော်စားနှင့် အဖွဲ့သည် ဆရာတော်အား သာလွန်မင်းတရား မှာကြားတော်မူသော အထက်ပါစကားအတိုင်း လျှောက်ကြားကြ၏။ 


ထိုအခါ ဆရာတော်က မိမိသည် ပျိုရွယ်စဉ်ကပင် တောရဆောက်တည်မည်ဟု ရည်ရွယ်ခဲ့ကြောင်း၊ သို့ရာတွင် အကြာင်း အမျိုးမျိုးကြောင့် အထ မမြောက်နိုင်ခဲ့ကြောင်း၊ ယခုနေသော တောင်ဖီလာအရပ်သည် ရဟန်းတို့အတွက် လိုအပ်သော ဘုရားသိမ်စသည်တို့နှင့် ပြည့်စုံသဖြင့် ထိုအရပ်မှာပင် နေတော့မည့် အကြောင်းကို သင်းတော်စား နှင့် အဖွဲ့အား မှာကြားလိုက်သည်။

ဤသို့ တောင်ဖီလာအရပ်တွင် သီတင်းသုံးသော အခါမှ ဆရာတော်အား တောင်ဖီလာ ဆရာတော် ဟူသော နာမည်ထူးကို ခေါ်ကျူးခဲ့ကြပေသည်။ သာလွန်မင်းတရားကြီးကကည်း ဆရာ တော်သည် မိမိအလိုသို့ မလိုက်နိုင်တော့ကြောင်း သိရသောအခါတွင် တောင်ဖီလာတောရ၌ ကျောင်းဆောက်၍ လှူဒါန်းလေသည်။ 


တောင်ဖီလာဆရာတော်သည် မိမိသီတင်းသုံးရာ အရပ်၌ ' လေးကျွန်းဆီမီးဘုရား ' ကို တည်တော်မူသည်။ နောင်အခါတွင် တောင်ဖီလာဘုရားဟုပင်

 ခေါ်ဝေါ်ကြသည်။ ဆရာတော်သည် ငယ်ရွယ်စဉ်မှ စ၍ အားလပ်ချိန်ကို မထားမူ၍ စာပေပြုစုမှု အလုပ်ကို ကြိုးပမ်းအားထုတ်တော်မူခဲ့၏။ 

ဆရာတော်၏ စာစုများသည် ပါဠိဘာသာကျမ်း၊ ပျို့၊ ရတု၊ ဓာတ်ကျမ်း၊ ဆေးကျမ်းစသည်ဖြင့် အမျိုးအစား စုံလင်လှသည်။ ဆရာတော်ရေးသော ကျမ်းစာရင်း တို့ကို တွေ့ရှိသမျှ ဖော်ပြရသော် ဝေဿန္တရာပျို့၊ အဋ္ဌသာလိနီကျမ်း ဂါထာ ၂ဝ-အဖွင့်၊ ယသဝဍ္ဎန ဝတ္ထု၊ သာလွန်မင်း အမေးတော်ပုံကျမ်း၊ ဝိနယာလင်္ကာရဋီကာ၊ ရာဇိန္ဒရာဇ နာမာဘိဓေယျဝိသော ဒနီ၊ လောကဝိဒူ၊ မာတိကာအကောက်၊ ဓာတုကထာပါဠိတော်နိသျ၊ ယမိုက် ၁ဝ-ကျမ်းပါဠိတော် နိသျ၊ ပဋ္ဌာန်းပါဠိတော်နိသျ၊ ဝိနည်းငါးကျမ်း ပါဠိတော်နိဿယ၊ ကထိနဝိနိစ္ဆယ၊ မနုသာရဓမ္မသတ်၊ ရွှေမျဉ်းဓမ္မသတ်၊ ကွန်ချာဆေးကျမ်း၊ ကွန်ချာဓာတ်ကျမ်း၊ သမ္ပန္နဓာတ်ကျမ်း၊ ကမ္မဇရုပ်ကျမ်း၊ အဋ္ဌဓာတုကိန်းဥပဒေကျမ်း၊ မဟာနရီဓာတ်ကျမ်း၊ သြဝါဒရတုပိုဒ်စုံ၊ ဖျက်စု ခက်စု မမြဲစုများ၊ ထွက်ရပ်ပေါက်လင်္ကာတို့ ဖြစ်ကြပေသည်။

အနောက်ဘက်လွန်မင်းတရား အမေးတော်ပုံကျမ်းနှင့် ဝမ်းဘဲအင်းစံမင်း အမေးတော်ပုံ ကျမ်းတို့ကိုလည်း ရေးသားကြာင်း အချို့စာပေတို့၌ အမှတ်အသား ရှိ၏။ ဝမ်းဘဲအင်းစံမင်းအမေး တော်ပုံကျမ်း ဆိုသည်မှာ အခြားဆရာတော် တစ်ပါးသာ ဖြစ်နိုင်ပေသည်။


 အဘယ့်ကြောင့်ဆိုသော် တောင်ဖီလာဆရာတော်သည် သက္ကရာ် ၁ဝ၁၃-ခုနှစ်တွင် စုတိသည်။ ဝမ်းဘဲအင်းစံမင်းသည် ၁ဝ၃၄-ခုနှစ်တွင် နန်းတက်သည်။ အိမ်နိမ့် ၂၂-နှစ်ဖြစ်၍ ၁ဝ၁၂-ခုနှစ်တွင် ဖွားမြင်သည်။ ဝမ်းဘဲ အင်းစံမင်းသည် တောင်ဖီလာဆရာတော် အသက်ရှင်စဉ် တစ်နှစ်သား အရွယ်သာ ရှိပေသေး သည်။ 

ထို့ကြောင့် ဝမ်းဘဲအင်းစံမင်းအမေးတော်ပုံမှာ တောင်ဖီလာဆရာတော်
 ရေးသားသည် မဟုတ်ကြောင်း ထင်ရှားလှပေသည်။
တိပိဋကာလင်္ကာရဘွဲ့တော်ရ တောင်ဖီလာဆရာတော်ကြီးသည် သာသနာလင်္ကာရ စာတမ်းအလိုအရ ၁ဝ၁၂-ခုနှစ်တွင် ပျံလွန်တော်မူကြောင်း ဆိုထား၏။


 စာပေအများစုအရကား ၁ဝ၁၃-ခုနှစ်တွင် ပျံလွန်တော်မူကြောင်း အညီအညွတ် အဆိုပြုထားကြသည်။ ဆရာတော်သည် မိမိပျံလွန်တော်မူခါနီးတွင် လူမတွေ့နိုင်သော တောသို့ ဝင်တော်မူ၍ ခန္ဓာကိုယ်ကို တောတိရစ္ဆာန် တို့ စားသုံးရန်အတွက် ရေချမ်းအိုးကို တည်တော်မူပြီးလျှင် တိတ်တဆိတ် ပျံလွန်တော်မူကြောင်း အဆင့်ဆင့် အမှတ်အသား ရှိပေသည်။


ကိုးကား

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။


ဆက်လက်လေ့လာရန်


၁) သာသနာလင်္ကာရစာတမ်း၊ သာလွန်မင်း အမေးတော်ပုံကျမ်း၊ မြန်မာစာပေသမိုင်း၊ ကထိန ဝိနိစ္ဆယ၊ ဦးဖိုးကျားမှတ်စု၊ သာသနဗဟုဿုတပ္ပကာသနီကျမ်း၊ ဆုံးမစာပေါင်းချုပ်၊ ကဗျာ သာရတ္ထသင်္ဂြိုဟ်၊ ဒေါင်းဋီကာသစ်၊ မုံရွေးဆရာတော်မှတ်စု၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ပခန်းအကြောင်း သိကောင်းစရာ၊ မြန်မာစကားပြေ လက်ရွေးစင်အဖြေ၊ မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)၊ သင်္ချာဂုဏပကာသနီကျမ်းကြီး၊ ငွေတာရီမဂ္ဂဇင်း အမှတ် ၁၂၃-မှ ဒဂုံဦးထွန်းမြင့် ၏ ' တောင်ဖီလာဆရာတော်နှင့် ရှင်ဥပါလိ ' ဆောင်းပါး ၊

ကျေးဇူးတော် ဆရာတော်ကြီးများရဲ့ မှတ်တမ်း ထေရုပ္ပတ္တိများကို ရှာဖွေကာ ပြန်လည်ပို့ချလိုက်ပါတယ်.
ခုလိုပြန်လည် တင်ပြခြင်းဖြင့် အားလုံးကြည်ညိုနိုင်ကြပါစေဗျာ...


အောင်အောင်(မကစ)

www.depelyin.co.cc


http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:231846

No comments:

Post a Comment