/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, March 30, 2014

*** သံကိစ္စသာမဏေဝတ္ထု ****



သံကိစ္စသာမဏေဝတ္ထု
-----------------------

မြတ်စွာဘုရားသခင်သည် သာ
ဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌
သီတင်းသုံးတော်မူသောအခါ
ရဟန်းသုံးကျိပ်တို့သည် မြတ်စွာဘုရားရှင်ထံ ကမ္မဋ္ဌာန်းကိုယူ၍ တောအရပ်သို့ သွားကြမည်ရှိရာ 

ဘုရားရှင်သည် အနာဂတံသဥာဏ်တော်
ဖြင့် ရှုမျှော်တော်မူလျှင် ဘေးဥပဒ်
ကြီးစွာကျရောက်လတ္တံသည်ကိုမြင်
တော်မူ၍ ငါ၏ ချစ်သားအရှင်သာ
ရိပုတ္တရာအထံသို့ဝင်၍ သွားကြ
လော့ဟု မိန့်တော်မူသည့်အတိုင်း
ဝင်တော်မူလေ၏။ အရှင်သာရိပုတ္တ
ရာကလည်းတစုံတခုအကြောင်းရှိ
ရာသည်ဟု ဆင်ခြင်တော်မူလျှင်
ဘေးဥပဒ်မှ လွတ်ကင်းစေရန်သံကိ
စ္စသာမဏေကို ခေါ်၍ သွားကြလေ
လော့ဟု မိန့်တော်မူ၏။ ရဟန်းသုံး
ကျိပ်တို့မှလည်း ဤသာမဏေငယ်
ဖြင့် ပလိဗောဓကြောင့်ကြမကင်း
စိုးရိမ်ခြင်းမကွာ ရှိကြပါလိမ့်မည် မ
ခေါ်လိုပါဟု လျှောက်ထား၏။
အရှင်သာရိပုတ္တရာမထေရ်က
ငါ့ရှင်တို့ ဤသာမဏေငယ်ကြောင့်
ကြောင့်ကြခြင်း ပလိဗောဓမဖြစ်လ
တ္ထံ။ သင်တို့၏ ကြောင့်ကြခြင်းပလိ
ဗောဓ ကိုဤသာမဏေငယ်မှ ပယ်
ဖျောက်ရလတ္တံ့။့ ဤသာမဏေငယ်
ကို ခေါ်၍သာ သွားကြကုန်။ ဤအ
ကြောင်းကို မြင်တော်မူ၍ မြတ်စွာ
ဘုရားရှင်သည် အသင်တို့ကို ငါ့ထံ
ဝင်စေတော်မူသည်ဟုမိန့်တော်မူ၏
ဤသို့လျှင် ရဟန်းသုံးကျိပ်တို့
လည်းခေါ်၍ သွားကြလေ၏။ရဟန်း
တို့လည်း ယူဇနာ တစ်ရာ့နှစ်ဆယ်
အထက်၌ တစ်ခုသောရွာကို မှီ၍ဝါ
ကပ်ကြကုန်၏။ ငါ့ရှင်တို့ ဆွမ်းစား
သောအခါမှတပါး နှစ်းပါးသောရ
ဟန်းတို့ တစ်ခုသောအရပ်၌ မနေ
ကြစတမ်း။ အကြင်ရဟန်းမကျန်းမ
ခံ့သော ထိုရဟန်းက ကျောက်စည်
ခေါင်းလောင်းကိုထိုးလော့။ ထိုမှ
အလွတ်အခါများ၌ မမေ့မလျော့တ
ရားကို အားထုတ်ကြကုန်အံ့ဟု က
တိပြုကြ၏။
တစ်နေ့သော်သူဆင်းရဲတယောက်
သည် တစ်ပါးသောအရပ်မှာနေ
သော သမီးငယ်ထံသို့ ငတ်မွတ်၍
လာခဲ့သည်ရှိသော် လမ်းခရီး၌ ထို
ရဟန်းတို့၏ နေရာသို့ရောက်၍စား
ကြွင်းစားကျန် စားသောက်နေထိုင်
လေ၏။ နှစ်လ သုံးလ လွန်သော်
ထိုရဟန်းတို့က တားမြစ်မည်စိုး၍
မပန်ကြားပဲ သမီးငယ်ထံ သွားပြန်
၏။ ခရီးအကြားတောအုပ်၌ခိုးသား
ငါးရာ တို့သည် ဗလိနတ်စာ အလို့
ငှာ သတ်မည်ရှိသော် အရှင်တို့ ငါ
ကားစားကြွင်းစားတည်း။ သူဆင်း
ရဲတို့မည်သည်လူညံ့ယုတ်မာတည်း
ငါ၏ အရှင်ကောင်းတို့သည်မင်းမျိုး
မင်းနွယ်သည် ဤမည်သောအရပ်
၌ နေကြ၏ အရှင်မြတ်တို့ကို သတ်
၍ ဗလိနတ်စာ ပြုသော် နတ်တို့နှစ်
သက်၍ အကျိုးများပါလိမ့်မည်ဟု
ပြောဆို၏။
ခိုးသူတို့လည်း သဘောကျသ
ဖြင့် ထိုစားကြွင်းစားယောက်ျားကို
လမ်းညွှန်ပြစေ၍ ရောက်လေသော်
ကျောက်စည်ခေါင်းလောင်းကို ထိုး
စေ၏။ ထိုအခါ မထေရ်ကြီးက အ
ဘယ်သူသည် ခေါင်းလောင်းထိုးသ
နည်း။ ခိုးသူကြီးကလည်း ငါတို့ ထိုး
သည်။ အဘယ့်ကြောင့်နည်းဟုမေး
လျှင် အရှင်ဘုရားတို့တွင် တစ်ပါး
သောသူကို ယူဆောင် ဗလိနတ်စာ
ပြုလိုသည်ဟု ပြောဆို၏။ ရဟန်း
တို့သည် အကြီးဆုံးမထေရ် မှစ၍
ငါလိုက်မည် ကျန်အရှင်ဘုရားတို့
မမေ့မလျော့ တရားကို အားထုတ်
၍နေရစ်တော်မူကြပါဟုဆို၍ရဟန်း
သုံးကျိပ်လုံးပင် ထကြ၏။
ထိုအခါ သံကိစ္စမထေရ်သည်
အရှင်ဘုရားတို့ သည်းခံတော်မူကြ
ပါကုန်။ အကျွန်ုပ်လိုက်ပါမည်ဟု
ပြောဆိုလျှောက်ထား၏။ ရဟန်းတို့
ကလည်း အို ' ရှင်သာမဏေ သင်
ကား အရှင်သာရိပုတ္တရာမထေရ်၏
တပည့်ဖြစ်ပေသည် ငါတို့မထည့်ဝံ့
ကုန်'' သံကိစ္စသာမဏေကလည်း
"အရှင်ဘုရားတို့ဤကဲ့သို့ဘေးဥပဒ်

ကိုမြင်တော်မူ၍ အကျွန်ုပ်ကို ထည့်

လိုက်ပါသည်။ မြစ်တားတော်မမူပါ
လင့်" ဟုခွင့်ပန် ရှိခိုးပြီးလျှင် ခိုးသူ
တို့နှင့် လိုက်သွားလေ၏။
ခိုးသူကြီးလည်း သန်လျက်ကို
ကိုင်၍ သတ်အံ့ဟု သာမဏေထံ
ချဉ်းကပ်လေ၏။ သာမဏေလည်း
ထိုင်လျက်သာလျှင် မေတ္တာဈာန်
ကို ဝင်စာ်းနေလေ၏။
ခိုးသူကြီးလည်း သန်လျက်ဖြင့်
ပခုံးကိုခုတ်၏သန်လျက်သည်ခွေ၍
အသွားချင်းထိလျက်တည်လေ၏။
ခိုးသူကြီးက ချော်ချွတ်သည်ထင်၍
တစ်ဖန် ခုတ်ပြန်၏။ သန်းလျက်
ကားထန်းရွက်ကဲ့သို့ လိမ်၍ စု၍
တည်လေသော် ငါ၏ သန်လျက်
သည် ရှားနှစ်တိုင်တို့ပင် ဝါး ကြိမ်
မြက်ကဲ့သို့တစ်ချက်တည်းခုတ်ခြင်း
ငှာစွမ်း၏။ အသက်ဝိညာဉ်မရှိ အဝိ
ညာဏက ဖြစ်လျက်ဤသာမဏေ
၏ ဂုဏ်ကျေးဇူးကိုသိ၏။ ငါသည်
လူသားစင်စစ် သဝိညာဏက ထင်
ရှားဖြစ်ပါလျက် မသိမိုက်မှားမိချက်
သည် နက်နဲလေစွတကား ဟုသန်
လျက်ကို ပစ်ချ၍ သာမဏေ၏ ခြေ
ရင်းတွင် ဝပ်တွားလျက် "အရှင်ဘု
ရား အကျွန်ုပ်တို့သည် ဥစ္စာကြောင့်
တောအုပ်၌ ဝင်ကြကုန်၏အဝေးက
မြင်လျှင်ပင် တစ်ထောင်မျှသော
ယောက်ျားတို့ပင်သော်လည်း တုန်
လှုပ်ကုန်၏။ အမောင်သာမဏေ
ကား ဖိုဝ၌ လှော်အပ်သော ရွှေစင်
ကဲ့သို့ ။ ကောင်းစွာ ပွင့်သောမဟာ
လှေကားပန်းကဲ့သို့ သင်၏ မျက်နှာ
သည် လွန်စွာတင့်တယ်ဘိ၏ဘေး
ကြီးရောက်ဆဲအခါဝယ် ဘဇာမူ၍
မငိုကြွေးဘိသနည်း"ဟု မေး၏။
သံကိစ္စသာမဏေလည်းမေတ္တာ
ဈာန်မှ ထ၍ " အို .…ခိုးသူကြီး
ရဟန္တာ ပုဂ္ဂိုလ်တို့၏ အတ္တဘော
မည်သည်ကား ဦးခေါင်း၌ထားအပ်
သော ဆံနှင့်တူ၏။ ထိုအတ္တဘော
ပျက်ဆီးသည်ရှိသော် အနည်းငယ်
မျှကြောက်လန့်ခြင်းမရှိ" ဟုဆို၏။
ခိုးသူကြီးသည်သံကိစ္စသာမဏေ၏
စကားကိုကြားလျှင် ကြည်ညိုလွန်း
၍ ခိုးသားအပေါင်းနှင့်တကွသံကိစ္စ
သာမဏေ၏ရှင်အဖြစ်တောင်းပန်
ကြ၏။ ထိုခိုးသူတို့ကို ဆောင်ယူ၍
ရဟန်းသုံးကျိပ်ထံ ပြန်ပြော
လျှောက်ထားခဲ့၍ အရှင်သာရိပုတ္တ
ရာအထံမှသည် မြတ်စွာဘုရားထံ
တော်သို့ဝင်၍ အကြောင်းအလုံးစုံ
ကိုလျှောက်ထားလေ၏။ ထိုအခါ
မြတ်စွာဘုရားမှ ထိုခိုးသားရဟန်း
တို့ကို အကြောင်းပြု၍ -
"ယောစ ဝဿသတံဇီဝေ ဒုဿီလော အသမာဟိတော။
ဧကာ ဟံ ဇီဝိတံ သေယျော
သီလဝန္တဿ ဈာယိနော" ။ ။

ဟူသောဂါထာကို ဟောတော်မူ၏။
ဂါထာ၏ အဆုံး၌ ထိုရဟန်းငါးရာ
သည် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ
ရဟန္တာဖြစ်လေကုန်၏။
~~~~~~~~~~~~~~~~~~
(ဂါထာ၏ အနက်ကို မကြာခင်က ရေးတင်ပြီးဖြစ်ပါသည်။)
•••မှီငြမ်း
မောင်းထောင်ဆရာတော်ဘုရား
ကြီး ရေးသားစီရင်တော်မူသော
ဒေါသကထာ .…မှ့

No comments:

Post a Comment