""ငါသည် မုချ သေရမည်""တရားတော်မှ အနှစ်သာရများ
အပိုင်း(2)***
ဒကာ ဒကာမတို့
သေကံနီးတွေက သေကံဝေးတွေ
ကို ငဲ့နေတာခက်တယ်။
သက်တမ်းအတိုင်းဆိုရင်
သေကံဝေး(ငယ်တဲ့သူ)တွေကို
သေခါနီး(အသက်ကြီး) သူတွေက
ကိုယ့်အသေကိုယ်လွတ်အောင်
ဝိပဿနာရှုရမယ့်အလုပ်ကို
မလုပ်ဘဲ ငါမရှိရင် မဖြစ်ပါဘူး
ဆိုပြီး ပူပင်ငဲ့ကွက်နေတာဟာ
အမိုက်တစ်မျိုးလို့ ဆိုရမှာပါပဲ။
ဒီလိုမျိုး အမိုက်တစ်မျိုး
ပြောလိုက်လို့ မနာကြပါနဲ့။
ဘာကြောင့်လဲဆိုတော့
ကိုယ်ကအသက်ကြီးပြီး သက်တမ်း
အတိုင်း ကိုယ်ကသေခါနီးဖြစ်ပြီး
အသက်ငယ် သေကံဝေးတွေကို
ငဲ့နေတာ
ကိုယ်ကတော့ဖြင့်
မရဏရေတွေ ပါးစပ်နားရောက်နေ
ပြီ။ ရေဝင်လုနေပါပြီ။
အဲဒီရေနစ်နေတဲ့
သေခါနီး လူတွေဟာ
ကုန်းပေါ်က သေကံဝေးတွေကို
စိတ်မချလို့
""ကျုပ်ဖြင့်တရားအားမထုတ်နိ
သေးပါဘူး အခက်ကြီးခက်ပါ့""
လို့ အသံကုန်ဟစ်အော်
ပြောနေမယ်ဆိုရင်
ရေထဲကလူ အရူးဖြစ်လိမ့်မယ်။
ကိုယ့်အသေလွတ်အောင်
ကိုယ်မကြံဆောင်ဘဲနဲ့
ကုန်းပေါ်က သေကံဝေးတွေကို
စိတ်မချတာကဖြင့်
ရေထဲကလူအရူးဆိုပြီးသကာလ
မိုက်တဲ့အပြင် အရူးပိုနေတာနဲ့
တူပါတယ်။
ဘုန်းကြီးက သေခါနီး
တွေသည် သေကံဝေးတွေကို
ပူနေတယ်လို့ပြောတော့
တရားက မှန်နေပေမယ့်
အိမ်ရောက်ရင်ဖြင့်
တဏှာက အိမ်စောင့်သူကြီးပီပီ
သြော်------
ဘုန်းကြီးပြောတာဟုတ်ပေမယ့်
လည်း
ငါ့ဟာငါတော့စဉ်းစားရဦးမယ်
ဒီကလေးတွေစားဖို့သောက်ဖို့
ဒီအရောင်းအဝယ်ကိစ္စတွေနဲ့
ငါဖြင့် အိပ်တောင် မပျော်ဘူးကွာ
လို့ ဆိုကြရင်
သေခါနီးတွေက
အရူးသံတွေ
ထွက်လာပြန်ပြီလို့ မှတ် ။
### တရားချစ်ခင်သူတော်စင်
အပေါင်းတို့
{{ ငါသည် မုချ သေရမည်
အချိန်ပိုင်းသာ လိုတော့သည်}}
လေးလေးနက်နက် နှလုံးသွင်းခြင်း
ဖြင့် အသေမဦးခင် ညဏ်ဦးအောင်
ဝိပဿနာတရား အားထုတ်ကြပါစို့
တိုက်တွန်းရင်း-
No comments:
Post a Comment