**** အရှင် မေတ္တာစာရ၏ထေရုပ္ပတ္တိ ****
အရှင် မေတ္တာစာရ သည် မြန်မာနှင့် နိုင်ငံတကာဘလော့ဂ်လောက၌ ရဟန်းတော်တစ်ပါးအဖြစ်ဖြင့်ထင်ရှားသည် ။ အရှင် မေတ္တာစာရ ကို မေလ ၁ ၊ ၁၉၈၀ခုနှစ်တွင် စစ်ကိုင်းတိုင်း ၀န်သိုမြို့၌ ဦးမြသီး+ဒေါ်ညိုဥတို့မှ မွေးဖွာ:သည်။ ၁၉၉၄ ခုနှစ်တွင် ကိုရင်စ၀တ်ပြီး ၂၀၀၀ခုနှစ်အရောက်တွင် မြင့်မြတ်သော ရဟန်းဘ၀သို့ ကူးပြောင်းခံယူသည်။ မြန်မာအစိုးကကျင်းပသော ပထမပြန်စာမေးပွဲများ ( မူ၊ငယ်၊လတ်၊ကြီး) အောင်မြင်ခဲ့သည်။
၂၀၀၃ခုနှစ်ဆန်းပိုင်းမှာ
သီရိလင်္ကာနိုင်ငံသို့ပညာတော်သင်ကြွရောက်ခဲ့ပြီး ဘီအေ၊အမ်အေ (B.A,M.A) နှစ်ဘွဲ့စလုံးကို သီရိလင်္ကာနိုင်ငံအစိုးတက္ကသိုလ် Buddhist and Pali University of Sri Lankaမှရရှိထားသူဖြစ်သည်။ ဘီအေ ဒုတိယနှစ်တွင် မြန်မာရဟန်းတော်တစ်ပါးအနေဖြင့် ပထမဦးဆုံး ပါဠိဘာသာဆိုင်ရာ ဂုဏ်ထူးဆောင်ဆုကို သီရိလင်္ကာနိုင်ငံ သာသနာရေးဝန်ကြီးဌာနက ပေးအပ်ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။ ၂၀၀၆ခုနှစ်တွင် ဘီအေဘွဲ့နှင့် ၂၀၀၈ခုနှစ်တွင် အမ်အေဘွဲ့ကိုပြီးသည်။ ၂၀၀၉နှစ်တွင် အိန္ဒိယမှနာမည်ကြီးဘလော်ဂါလည်းဖြစ် Bastiat prize ဆုရထားသူလည်းဖြစ်သော Amit Varma ကို ကျော်ဖြတ်ကာ အာရှအကောင်းဆုံးဘလော့ဂ်ဆု
ကို ပထမဦးဆုံးမြန်မာနိုင်ငံသား၊ရဟန်းတော် တစ်ပါးအနေဖြင့် ဆွတ်ခူးခဲ့သည်။ အရှင် မေတ္တာစာရရရှိခဲ့သောမဲအရေအတွက်မှာ ၃၃၈၃ဖြစ်ပြီး ၄၁.၂ ရာခိုင်နှုံးဖြစ်သည်
အိန္ဒိယဘလော်ဂါ Amit Varma မဲအရေအတွက်မှာ ၃၀၉၁ဖြစ်ပြီး ၃၇.၇ရာခိုင်နှုံး ဖြစ်သည်။
ပညာသင်ယူခဲ့သောကျောင်းတိုက်များ
ခန္တီးပရိယတ္တိစာသင်တိုက်(၀န်းသိုမြို့)၊ ၀ါယာလက်ပရိယတ္တိစာသင်တိုက်၊ မာန်အောင်ပရိယတ္တိစာသင်တိုက်(ရန်ကုန်) တို့ဖြစ်ကြသည်။
ဘာသာစကား
ရေးခဲ့သောသတင်းဌာနများ
နာမည်ကြီးဆောင်းပါးများ
- Religion cannot be separated from politics
- Buddhism, Politics and Separation of Church and State
- How many of us have to die for your diplomatic game?
- Who Killed Mored?
- The war criminal was elevated by the United Nations
- 1st anniversary of the beginning of the Saffron Revolution
- Where is happiness in Burma for Waso festival ?
- The Full Moon Day of Thadingyut or Lighting Festival of Burma
ရရှိခဲ့သောဆုများ
ဝက်ဆိုက်များ
ရည်ညွှန်းကိုးကား
- ↑ http://www.guardianweekly.co.uk/?page=editorial&id=680&catID=1
- ↑ http://en.wikipedia.org/wiki/Buddhist_and_Pali_University_of_Sri_Lanka
- ↑ http://www.policynetwork.net/main/press_release.php?pr_id=115
- ↑ http://www.asiantribune.com/?q=node/15207
- ↑ http://www.mizzima.com/news/regional/1563-burmese-weblog-wins-qbest...
- ↑ http://2008.weblogawards.org/polls/best-asian-blog/
လေ့လာတွေ့ ရှိသမျှ
ပြန်လည်မျှဝေတင်ပြခြင်းဖြင့် ကုသိုလ်ဒါန ပြုလိုက်ရပါသည်...။
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:235228
No comments:
Post a Comment