အာဟာရသည် ရုပ်အာဟာရ၊ နာမ်အာဟာရ အားဖြင့်နှစ်မျိုးရှိ၏။ အာဟာရ၏ တိုက်ရိုက်အဓိပ္ပါယ်မှာ= “လွန်စွာဆောင်တယ်” အဓိပ္ပါယ်ရှိ၏။ စားသောက်နေသော ထမင်းဟင်း စ
သည်တို့တွင် ဗီတာမင်အေမှ ဇတ်အထိ ရှိသည်။
ယင်း ဗီတာမင်ဓာတ် သြဇာဓာတ်ကို “အာဟာရ”
ဟု ဆိုရ၏။ သြဇာဓာတ်သည် ဤခန္ဓာကြီးကို ကောင်းစွာဆောင်ထား၏။ အာဟာရ ဟုခေါ်သော
သြဇာဓာတ်မရှိလျှင် တကယ်အားကြီးပါသည် ဆိုသော ဆင်ကြီးများ ထတောင် ထနိုင်မှာ မဟုတ်၊
လေး၊ ငါး၊ ခြောက်ရက် အစာမကျွေးဘဲ ထားခံရလျှင် ခြင်္သေ့ကြီးတွေ၊ ကျားကြီးတွေ ထနိုင်တော့
မည်မဟုတ်၊ အာဟာရဓာတ်က ဆောင်ပြီးထားသောကြောင့်သာ ထနိုင်ကြသည်။ ဒီ ခန္ဓာကိုယ်ကြီး
ကို တောင့်တင်းကျန်းမာစွာ နေနိုင်အောင် ထိန်းသိမ်းထားသည်။
ဗုဒ္ဓဘုရားရှင် လက်ထက်တော်တွင် အမျိုးသား ၃၀- သည် ဘုရားရှင်ထံ၌ ရဟန်းခံပြီး ဘု
ရားရှင် ပေးတော်မူသော ၃၂- ကောဌာသ ကမ္မဌာန်းကို အားထုတ်ကြ၏။ ရွာနဲ့ မနီးမဝေးရှိသော
တောင်ခြေတစ်ခု၌ သီတင်းသုံးကြ၏။ တောင်ခြေရွာကြီးမှ ဒါယိကာမကြီးတစ်ဦးက ဦးဆောင်ပြီး
တောင်ခြေတွင် ကမ္မဌာန်းကျောင်း ၃၀- ကို ဆောက်လုပ်လှူဒါန်းပြီး တောင်ခြေရွာသားများက
ဆွမ်းလောင်းကြ၏။ တစ်ရက်သောအခါ ဒါယိကာမကြီးက ကိုယ်တော်များ သီတင်းသုံးသော
ကျောင်းသို့ ရောက်သွားသည့်အခါ ကျောင်းတွင် တစ်ပါးမှ မတွေ့ရသဖြင့် တုံးခေါက်လိုက်၏။
ကိုယ်တော်အပါး ၃၀- ရောက်လာသည့်အခါ ဆွမ်းအာဟာရသပ္ပါယ မျှ,မမျှ မေးလျှောက်
ပြီးမှ ကိုယ်တော်များ အားထုတ်နေသော ၃၂- ကောဌာသကမ္မဌာန်းနည်းကို တောင်းခံ၏။ ၃၂-
ကောဌာသ ကမ္မဌာန်း အားထုတ်ပြီးနောက် အဘိဉာဏ်ရသော အနာဂါမ်မကြီး ဖြစ်သွား၏။ အဘိ
ဉာဏ်စွမ်းအားဖြင့် ကိုယ်တော်များ တရားရ,မရ ကြည့်ရှုသည့်အခါ တစ်ပါးမျှ တရားမရသေး
ကြောင်း တွေ့ရ၏။
အကြောင်းစုံကို စိစစ်ကြည့်လျှင် ကိုယ်တော်များ၌ အာဟာရ မမျှတ ဖြစ်နေခြင်းကို တွေ့
ရ၏။ အရသာအခါးဘုဉ်းချင်သော ကိုယ်တော်က အချဉ်ကိုသာ ဘုဉ်းပေးနေရသလို အချဉ်ဘုဉ်း
ပေးလိုသော ကိုယ်တော်ကတော့ အခါးချဉ်းသာ ဘုဉ်းပေးနေရသည်ကို တွေ့ရ၏။ ယင်းသို့ဖြင့်
အနာဂါမ်ဒါယိကာမကြီးက အဘိဉာဏ်စွမ်းနဲ့ တစ်ပါးချင်း၏ ဘုဉ်းပေးလိုသော ဆန္ဒကိုကြည့်ပြီး
စာရင်းမှတ်၏၊ ရွာထဲမှ အကူအညီခေါ်ပြီး တစ်ပါးချင်းအတွက် နှစ်သက်နိုင်မည့် ဆွမ်းဟင်းလျာ
များကို ချက်ပြုတ်၏။ တစ်ပါးချင်း၏ အကြိုက်အလိုက် ဆွမ်းအာဟာရ လှူဒါန်းလိုက်သည့်အခါ
တစ်ပတ်ခန့်အကြာတွင် အပါး ၃၀- လုံး ရဟန္တာ ဖြစ်သွား၏။
ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း အစားအသောက် ဘောဇန
သပ္ပါယသည် ရဟန္တာဖြစ်သည်အထိ ကျေးဇူးပြုတတ်ကြောင်း နားလည် သဘောပေါက်ကြပြီး
မိမိတို့တစ်တွေကလည်း အဟာရမျှတစွာ သုံးဆောင်ပြီး တရားကျင့်ကြံအားထုတ်နိုင်ကြကာ
မြတ်နိဗ္ဗာန်သို့ ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် န၀မဗန်းမော်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ ပဌာန်းတရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:418545
No comments:
Post a Comment