/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, March 28, 2014

**** အစွဲပျောက်ကင်းနည်း ****

 
ပြဿနာ = တပ်မက်ခြင်း ။
မေးလျှောက်သူ = ရဟန်းတစ်ပါး ။
အခါးတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား အတ္တစွဲ မထားကြဖို့ တပ်ခြင်းကင်းကြောင်း တရားကို ဖောင်ကို ဥပမာတင်စား၍ ဟောကြားတော်မူ၏ ။
လူတစ်ယောက်သည် ခရီးသွားလေ၏ ။လမ်း၌ မြစ်ကြီးတစ်ခုခံနေ၍ ခက်နေသည် ။ ထိုအခါ ထိုသူသည် တစ်ဖက်ကမ်းသို့ ရောက်ရှိရေးအတွက် ဖောင်တစ်ခုကို ဖွဲ့၍ကူး၏ ။ ကမ်းတစ်ဖက်သို့ရောက်သွားလေပြီ ။

တစ်ဖက်ကမ်းသို့ရောက်သွားလေသောအခါ " ဤဖောင်သည် ငါ့အား ကျေးဇူးများလှပေသည် " ဟူ၍ ထိုသူသည် ဖောင်ကို ခေါင်းပေါ်တင်၍ ရွက်ထားခဲ့သော် ဖောင်၌ ပြုဖွယ်ကိစ္စကို ပြုမည်မမည် ။ ထိုဖောင်ကို ကုန်းပေါ်၌ ဆယ်တင်ထားခဲ့ခြင်း ၊ 
 
သို့မဟုတ် ရေ၌မျှောခြင်းပြုလုပ်သော်သာ ပြုသင့်သောကိစ္စကို
 ပြုသည်မည်၏ဟု ဟောတော်မူပြီးလျှင် -
အို - ရဟန်းတို့ ၊ ဤအတူပင် ငါသည် ဖောင်ဥပမာကို ဟောတော်မူ၏ ။ ထွက်မြောက်ဖို့သာဖြစ်သည် ။ စွဲယူဖို့မဟုတ် ။ ရဟန်းတို့ ၊ ဖောင် ဥပမာကိုသိရသော သင်တို့သည် တရားတို့ကိုပင် စွန့်ပယ်ကြရကုန်မည် ၊ မတရားကိုကား ဆိုဖွယ်မရှိကုန် ။
 
အို - ရဟန်းတို့ ၊ သူတော်ကောင်းတို့၏ တရား၌ ဆုံးမယဉ်ကျေးပြီးသော ငါ၏တပည့်သားတော်သည်ကား ရုပ် ၊ နာမ် ၊ ဝတ္ထုအစုစုတို့ကို " ငါ့ဟာ ၊ ငါ ၊ ငါ့ကိုယ်ဟု အတ္တစွဲများဖြင့် မကြည့်ရှု ၊ ငါ့ဟာ မဟုတ် ၊ ငါမဟုတ် ၊ ငါ့ကိုယ်မဟုတ် " ဤသို့ရှုကြည့်ဆင်ခြင်လျက် တစ်စုံတစ်ရာကိုမျှ မတပ်မက်ချေ ။ မစွဲလန်းချေ ။
ဤသို့ ဟောတော်မူလေရာ တရားနာနေသော ရဟန်းတစ်ပါးက ဤသို့မေးလျှောက်လေ၏ ။
 
မေး ။ ။ မြတ်စွာဘုရား ၊ အပြင်ပ၌ တစ်စုံတစ်ရာ မရှိခဲ့ပါသော် တပ်မက်ခြင်း ဖြစ်ရာပါသလော ။
 
ဖြေ ။ ။ ဖြစ်ရာ၏ ရဟန်း ။ အို - ရဟန်း ၊ ဤလောက၌ အချို့သူက " ငါ့မှာ ဖြစ်ပြီးသော အရာသည် မရှိခဲ့ ၊ ငါ့မှာ ဖြစ်ပေါ်မည့်အရာကို မရခဲ့ " ဟု တပ်မက်ခြင်း ဖြစ်၏ ။ ၎င်းအတွက် ထိုသူသည် စိုးရိမ်၏ ။ ငိုကြွေး၏ ။ ရင်ခတ်လက်တီး မြည်တမ်း၏ ။ တွေဝေမိန်းမော၏ ။ ဤသို့အားဖြင့် အပြင်ပန်း တစ်စုံတစ်ရာမရှိဘဲ တပ်မက်ခြင်းဖြစ်၏ ။
 
မေး ။ ။ အရှင်ဘုရား ၊ အပြင်ပ၌ တစ်စုံတစ်ရာ မရှိခဲ့ပါသော် မတပ်မမက် ဖြစ်ရာပါသလော ။
 
ဖြေ ။ ။ ဖြစ်ရာ၏ ရဟန်း ။ အို - ရဟန်း ၊ အချို့က ငါ့မှာဖြစ်ပြီးရာသည် မရှိခဲ့ ၊ ဖြစ်ရမည့်အရာကို မရခဲ့ဟု တပ်မက်ခြင်းမဖြစ်ခဲ့ပါချေ ။ ၎င်းသည် မစိုးရိမ် ၊ မပူပန် ၊ မငိုကြွေး ၊ ရင်ခတ်လက်တီး မမြည်တမ်း ၊ မမိန်းမောချေ ။ ဤသို့ မတပ်မမက်ခြင်းဖြစ်ရာ၏ ။
 
မေး ။ ။ အရှင်ဘုရား ၊ အတွင်း၌ တစ်စုံတစ်ရာမရှိခဲ့သော် မတပ်မက်ခြင်း ဖြစ်ရာပါသလော ။
 
ဖြေ ။ ။ ဖြစ်ရာ၏ ရဟန်း ၊ အို - ရဟန်း ၊ အချို့က ဤသည်ပင် လောက ၊ ဤသည်ပင် ကိုယ် ၊ုပုဂ္ဂိုလ် ၊ သူ ၊ ငါ ၊ မိန်းမ ၊ ယောက်ျား ၊ ၎င်းသည် ခံစားအပ်ရာတည်း ။ စွဲမြဲ၏ ။ ပြောင်းလွဲမရှိ ။ တည်တံ့၏ ၊ မပျက်စီး ၊ မြဲသကဲ့သို့ တည်နေ၏ ။ ဤသို့ အယူအစွဲရှိ၏ ။ ၎င်းသည် အားလုံးသော အယူစွဲ၏ဖြစ်ပွားရာတည်ရာ ထကြွခြင်း ၊ စွဲယူခြင်း ၊ ကိန်းနေခြင်းတို့ကို ပယ်ဖျောက်ကြရန်အလို့ငှာလည်းကောင်း ၊ တပ်မက်ခြင်း ကုန်ခမ်းရေးအလို့ငှာလည်ကောင်း ၊ တပ်စွန်းကင်းရန်အလို့ငှာလည်းကောင်း ၊ လက်စသတ်ချုပ်ငြိမ်းရန်အလို့ငှာလည်းကောင်း ၊ သောကမီးအေးရန်အလို့ငှာလည်းကောင်း ဘုရားက ဖြစ်စေ ၊ ဘုရား၏ တပည့်ကဖြစ်စေ ဟောညွှန်သည်ကို ကြားသိရသော် -
အို - ပြတ်ရဦးမည်တကား ၊ ပျက်ရဦးမည်တကား ၊ မဖြစ်ပွားရတော့အံ့တကားဟု စိတ်၌ ဖြစ်ပေါ်လေသည် ။ ၎င်းသည် စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း၏ ။ တွေဝေမိန်းမော၏ ။ ဤသို့အတွင်း၌ တစ်စုံတစ်ရာမရှိသော် မရှိဘဲလျက်ပင် တပ်မက်ခြင်းဖြစ်၏ ။
 
မေး ။ ။ မြတ်စွာဘုရား ၊ အတွင်း၌ တစ်စုံတစ်ရာ မရှိခဲ့သော် မတပ်မမက် ဖြစ်ရာပါသလော ။
 
ဖြေ ။ ။ ဖြစ်ရာ၏ ရဟန်း ။ အို - ရဟန်း ၊ အချို့က ဤသည်ကား လောက ၊ ဤသည်ကား ကိုယ် ၊ ပုဂ္ဂိုလ် ၊ သူ ၊ ငါ ၊ မိန်းမ ၊ ယောက်ျားဟု မစွဲ ၊ ခံစားအပ်ရာ ဖြစ်၏ ။ မြဲစွဲ၏ စသည် မစွဲ ။ ဘုရားဖြစ်စေ ၊ ဘုရားတပည့်ဖြစ်စေ ၊ ဤလောက ဆင်းရဲကုန်ဆုံးရေး ၊ သောကမီးငြိမ်းရေး တရားဟောကြားသည်ကို ကြားသိရသော် ပြတ်ရတော့မည် ၊ ပျက်ရတော့မည် စသည်စသည် အယူ အစွဲ မရှိ ။ ၎င်းသည် စိးရိမ် ပူဆွေး ငိုကြွေးမြည်တမ်း တွေဝေမိန်းမောခြင်း မဖြစ် ။
 
ဤသို့အတွင်း၌ တစ်စုံတစ်ရာမရှိသော် တပ်မက်ခြင်းဖြစ်ရာ၏ဟု ဟောတော်မူသည်ကို ထိုထိုရဟန်းသည် နှစ်သိမ့်လေ၏ ။
 
( မဇ္ဈိမနိကာယ် ၊ မူလပဏ္ဏာသ ၊ ကလ္လူပမသုတ္တန်မှ )
BTNR မှ ဆရာဒဂုန် ဦးစန်းငွေ၏ ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ စာအုပ်မှ ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည်။
 

No comments:

Post a Comment