မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Sunday, March 30, 2014
♠ “အသုံးကျမှ အသုံးချမည်အသုံးချမှ အသုံးကျမည်" ♠
♠ “အသုံးကျမှ အသုံးချမည်အသုံးချမှ အသုံးကျမည်" ♠
လောကတွင် ဂုဏ်နှင့်ပတ်သက်၍
လောကီဂုဏ် လောကုတ္တရာဂုဏ် ဟူ၍
နှစ်မျိုးရှိပါသည်။
လောကီဂုဏ်မှာ ဘွဲ့ထူး ဂုဏ်ထူးတစ်ခု
ခု သူတစ်ပါးထက် ထူးကဲသောဂုဏ်ရှိ
သူ ကိုဆိုလိုပါသည်။
လောကုတ္တရာဂုဏ်တွင်မူ သီလဂုဏ်
သမာဓိဂုဏ် ပညာဂုဏ် ဝိမုတ္တိဂုဏ်
ဝိမုတ္တဥာဏဒဿနဂုဏ်စသည်တို့ဖြစ်
ပါသည်။
ဂုဏ်ကျေးဇူးဆိုသော စကား၌ …
မိမိအား ကူညီထောက်ပံ့မှု စောင့်ရှောက်မှု
ကိုပေးခဲ့ကြသော ကျေးဇူးတရားများ
သည် ဂုဏ်ကျေးဇူးများပင် ဖြစ်ပါသည်။
တစ်ဖန် လောကုတ္တရာရေးရာတွင် …
ဘုရားဂုဏ်(၉)ပါး တရားဂုဏ်(၆)ပါး
သံဃာဂုဏ်(၉)ပါး ဟူသော ဂုဏ်တော်
များရှိပါသည်။
ထိုဂုဏ်နှင့်ပြည့်စုံသူတို့ကို …
ဘုရား ရဟန္တာ သမုတိသံဃာ ဟူ၍
ဆိုပါသည်။ဓမ္မခန္ဓာပေါင်း- ၈၄၀၀၀ -
ဆိုအပ်သော ပိဋကတ်သုံးပုံကို
ုတရားဂုဏ်ဟုဆိုပါသည်။
လောကီရေးရာတွင်လည်း …
ကာမဂုဏ်ဟု ရှိပြန်ပါသည်။ကာမဂုဏ်
တွင် ဂုဏသဒ္ဓါသည် အနှောင်အဖွဲ့ ဟု
သောအနက်ကို ဖွဲ့ဆိုပါသည်။
အဆင်းလှလှ , သာယာကောင်းမွန်
သောအသံ, မွှေးကြိုင်သောအနံ့ ,
အရသာကောင်းကောင်း, အတွေ့အထိ
ကောင်းကောင်း ဟုဆိုအပ်သော လို
ချင်စရာ နှစ်သက်စရာ မြတ်နိုးစရာ
တတ်မက်စရာ အာရုံငါးမျိုးတို့သည်
စိတ်ကိုနှောင်ဖွဲ့တတ်၍ ကာမဂုဏ်ဟု
ခေါ်ပါသည်။
ဤကဲ့သို့သော …
လောကီဂုဏ် လောကုတ္တရာဂုဏ်များ
ရနိုင်ဖို့အတွက် မိမိတို့သည် ကိုယ်တိုင်
ကြိုးစားအားထုတ်မှ ရနိုင်ပါသည်။
ဆုတောင်းနေရုံမျှနဲ့ မရနိုင်ပါ။
မည်သည့်နတ်ဗြဟ္မာ ဖန်ဆင်းရှင်ကမျှ
မဖန်ဆင်း မကူညီနိုင်ပါ။မိမိကိုယ်တိုင်
က အလုပ်လုပ်မှုဟူသော ကံ, သတိ
သမ္ပဇဉ်နှင့် ဆင်ခြင်တတ်မှု ဟူသော
ဥာဏ်, လုံ့လကြိုးစားအားထုတ်မှု ဟူ
သော ဝီရိယများ မရှိပါက ဂုဏ်ကို မရ
နိုင်ဘဲ အသုံးမဝင် အမှိုက်အသွင်သာ
ဖြစ်ကြပါမည်။
လောကသဘာဝအရ …
ပစ္စည်းတစ်ခုခုကို အသုံးချ၍ရလျှင်
အမြတ်တနိုး ဂုဏ်ယူ၍ သိမ်းဆည်း
ထားကြပေသည်။အသုံးချ၍မရလျှင်
အသုံးမဝင်လျှင် အမှိုက်ပုံတွင် စွန့်ပစ်
တတ်ကြသည်မှာ ဓမ္မတာ ဖြစ်သည်။
လောကလူသားများသည် …
မိမိနှင့်မိမိ၏ိပတ်ဝန်းကျင်အတွက် အ
သုံးဝင်မှုဖြစ်ရန်လိုအပ်လှပါသည်။အ
သုံးတည့်ဖို့အသုံးကျဖို့ လိုအပ်လှပါ
သည်။
လူဟူသည် …
လောကသဘာဝ လူ့ပတ်ဝန်းကျင်၌
အသုံးဝင်မှ ပတ်ဝန်းကျင်နှင့်အံဝင်ဂွင်
ကျဖြစ်ပြီး ဂုဏ်ရှိသူ ဖြစ်ပါမည်။
ထို့ကြောင့် …
အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဟုဆိုရာဝယ်
မိမိနှင့် မိမိပတ်ဝန်းကျင်ရှိလူမျိုးတို့ဖြင့်
ဂုဏ် ဟူ၍သတ်မှတ်ထားသော အလုပ်
သည်သာ မိမိဘဝ ကိုယ်စိတ် ချမ်းသာ
ပြီး မိမိကျင်လည်ရာ ပတ်ဝန်းကျင်
ဂုဏ် ရှိမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
* ဓမ္မဝီရ ဂျာနယ် (18-3-2014)၏
အယ်ဒီတာအာဘော်မှ ထုတ်နှုတ်
တင်ပြအပ်ပါသည်။
* ဂုဏ်ရှိသူများဖြစ်ကြပါစေ။
ရွှင်လန်းချမ်းမြေ့ကြပါစေ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment