/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Tuesday, March 18, 2014

မိလိန္ဒမင်း နှင့် အရှင်နာဂသေနတို့၏သိမ့်မွေ့နက်နဲသော ဘာသာရေးအမေးအဖြေများ

မိလိန္ဒမင်း နှင့် အရှင်နာဂသေနတို့၏
*********************************
  သိမ့်မွေ့နက်နဲသော
******************
  ဘာသာရေးအမေးအဖြေများ
**************************

✏ ရဟန္တာတို့ စည်းဝေးပွဲ ✏ 

        သာဂလမြို့တွင်ကား ပညာရှိတို့ ဆိတ်သုဉ်းမြဲ ဆိတ်သုဉ်းနေမြဲ။
        ထိုအချိန် ထိုကာလ၌ ကုဋေငါးရာကျော်မျှ အရေအတွက်ရှိသော ရဟန္တာအပေါင်းတို့သည် ဟိမဝန္တာတောင်ရှိ ရက္ခိတကုန်းပြင်၌ စုဝေးမိကြကုန်၏။ ထိုရဟန္တာအပေါင်း၏ အကြီးအကဲ ပုဂ္ဂိုလ်ကား "အဿဂုတ္တ" အမည်ရှိ ရဟန္တာ မထေရ်မြတ်ကြီး ဖြစ်လေ၏။

        အဿဂုတ္တ ရဟန္တာ မထေရ်မြတ်ကြီးသည် မိလိန္ဒမင်း၏ မျှော်လင့်တောင့်တမှုနှင့်တကွ ပညာရှိပုဂ္ဂိုလ်တို့နှင့် စပ်လျဉ်း ပြောဆိုသော စကားတို့အား ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် ကြားသိထားလေ၏။ သည့်အတွက် တစ်နေ့သ၌ ရဟန်းသံဃာအပေါင်းတို့အား ယုဂန္ဓရတောင်ထိပ်၌ စုဝေးစေကာ စုံစမ်းမေးမြန်းတော် မူလေ၏။

        `` ငါ့ရှင်တို့၊ သာဂလပြည့်ရှင် မိလိန္ဒမင်းသည် ၎င်း၏ ယုံမှားသံသယတို့အား ရှင်းလင်း ပယ်ဖျောက်ရန်အတွက် လည်းကောင်း၊ ၎င်းနှင့်ယှဉ်ပြိုင် ဆွေးနွေးရန်အတွက် လည်းကောင်း၊ ပညာရှိတစ်ဦးတစ်ယောက်အား လိုလားတောင့်တလျက် ရှိပေ၏။
         သို့ဖြစ်၍ ယခုရောက်ရှိ စုဝေးလာကြသည့် ငါ့ရှင်တို့ အထဲ၌ မိလိန္ဒမင်းနှင့် တန်းတူညီမျှ ဖက်ပြိုင်ပြောဆို ဆွေးနွေးနိုင်သူများ ရှိကြပါသလော။ မိလိန္ဒမင်း မေးသမျှ ရှင်းလင်း ဖြေကြား ပေးနိုင်သူများ ရှိကြပါသလော ´´

         အဿဂုတ္တရဟန္တာ မထေရ်မြတ်၏ အမေးကား သုံးကြိမ်သုံးခါတိတိ ဖြစ်၏။ ဤသို့ သုံးကြိမ်သုံးခါတိုင် မေးသော်ငြား မည်သည့်ရဟန်းထံမှ အဖြေစကားသံ ထွက်ပေါ်မလာခဲ့။ ရဟန်းအပေါင်းတို့အား မိလိန္ဒမင်းနှင့် ဖက်ပြိုင်ပြောဆို ဆွေးနွေးဖြေကြားနိုင်ခြင်း မရှိသည့်အတွက် ဆိတ်ဆိတ်သာ နေကြလေကုန်၏။ ထိုအခါ အဿဂုတ္တရဟန္တာ မထေရ်မြတ်ကပင် ထပ်မံစကား မြွက်ဟပြန်လေ၏။

         `` ငါ့ရှင်တို့.. .... တာဝတိံသာနတ်ပြည်ရှိ ဝေဇယန္တာ နန်းပြာသာဒ်၏ အရှေ့မြောက်ထောင့်အရပ်၌ "ကေတုမတီ" ဟူ၍ အမည်ရှိသော ဗိမာန်တစ်ခု ရှိပေ၏။ အဆိုပါ ကေတုမတီ ဗိမာန်၌ စံနေတော်မှုသော 
" မဟာသေန " နတ်သားသည် မိလိန္ဒမင်းနှင့် ဖက်ပြိုင်၍ ပြောဆိုဆွေးနွေးနိုင်သူ ဖြစ်ပေ၏။
         ထိုမဟာသေနနတ်သားသည် မိလိန္ဒမင်း၏ သံသယတို့အား ပယ်ဖျောက်ရှင်းလင်း ဆွေးနွေးနိုင်သူ ဖြစ်သည့်အတွက် ငါတို့သည် သူ့ထံသို့ သွားကြပါအံ့ ´´

          ဤသို့ဖြင့် အဿဂုတ္တရဟန္တာ မထေရ်မြတ်ကြီး ဦးဆောင်သော ရဟန်းအပေါင်းတို့သည် ယုဂန္ဓရတောင်ထိပ်မှ တာဝတိံသာ နတ်ပြည်သို့ တညီတညွတ်တည်း ကြွရောက်ကြကုန်၏။ ထိုအခါ သိကြားမင်းသည် အဿဂုတ္တရဟန္တာ မထေရ်မြတ်ကြီး ဦးဆောင်သော ရဟန်းအပေါင်းတို့ကို အဝေးကပင် ကြိုတင်မြင်လေသည့် အတွက်ကြောင့် ၎င်းစံတော်မူရာ တာဝတိံသာ နတ်ပြည်သို့ ရောက်လျှင်ရောက်ချင်း ချဉ်းကပ်၍ ရိုရိုသေသေ ရှိခိုးလေ၏။

        `` အရှင်ဘုရား.. .များစွာသော  ရဟန်း အပေါင်းတို့နှင် တာဝတိံသာ နတ်ပြည်သို့ ကြွရောက်လာခြင်းမှာ မည်သို့သော အကြောင်းကိစ္စ ရှိပါသနည်း။
           တပည့်တော်သည် ရဟန်းသံဃာ အပေါင်းတို့၏ အစောင့်အရှောက် အလုပ်အကျွေး ဖြစ်ပါ၏။ အရှင်ဘုရားတို့ အလိုရှိရာကို မြွက်ကြားတော်မူပါ ဘုရား ´´
           ထိုသို့ လျှောက်ကြားသည်ရှိသော် အဿဂုတ္တရဟန္တာ မထေရ်မြတ်ကြီးလည်း တုံ့ပြန် ဖြေကြားတော်မူလေ၏။

           `` ဒကာတော် သိကြားမင်း.. .. ငါ့တို့ လာခဲ့ခြင်းအကြောင်းရင်းကား လူ့ပြည်ရှိ သာဂလပြည့်ရှင် မိလိန္ဒမင်းနှင့် စပ်လျဉ်းသည့်ကိစ္စနှင့် ပတ်သက်၍ ဖြစ်ပါ၏။ မိလိန္ဒမင်းသည် များစွာသော လောကီပညာတို့ကိုသာ တတ်ကျွမ်းရုံမဟုတ်၊ ဘုရားဟော ပိဋကတ်ကျမ်းဂန်များကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်သူ ဖြစ်ပေ၏။
          ထိုကဲ့သို့ ကျွမ်းကျင်စွာ တတ်မြောက်သူ ဖြစ်သည့်အတွက် ၎င်းဆိုသမျှ စကားတို့သည် တစ်ဖက်သားအပေါ်၌ လွှမ်းမိုးနှိပ်စက်သကဲ့သို့ ဖြစ်နေ၏။ သည့်အတွက် ရဟန်းသံဃာ အပေါင်းတို့လည်း ၎င်းနှင့် ဖက်ပြိုင် ပြောဆိုနိုင်ခြင်း မပြုဝံ့ကြကုန်။
        လူအပေါင်းတို့ မှီခိုကိုးကွယ်ရာ ရဟန်း၊ ပုဏ္ဏားတို့ထက်ပင် ၎င်းက သာလွန်ပိုမိုကာ မြင့်မြတ်သကဲ့သို့ ဖြစ်နေသည့်အတွက်လည်း ၎င်းအပေါ် ဆိုဆုံးမနိုင်သူ၊ ဆုံးမနိုင်သည့် အဖြစ်သို့ မရှိရာသို့ ရောက်နေပေ၏ ´´

        ထိုအခါ သိကြားမင်းက တုံ့ပြန်လျှောက်ထား လေ၏။

         `` အရှင်ဘုရား.. .. အရှင်ဘုရား မိန့်ဆိုသည့်အတိုင်းပင် မှန်ပါ၏။ မိလိန္ဒမင်းသည် တပည့်တော်တို့ နတ်ပြည်မှ စုတေသွားသူ ဖြစ်ပါ၏။
           အရှင်ဘုရား၊ ကေတုမတီမည်သော ဗိမာန်တွင် " မဟာသေန " အမည်ရှိ နတ်သားတစ်ပါး ရှိပါ၏။ ထိုနတ်သားသည် မိလိန္ဒမင်းနှင့် ဖက်ပြိုင် ဆွေးနွေးနိုင်စွမ်းရှိသူ ဖြစ်ပါ၏။ မိလိန္ဒမင်း၏ ယုံမှားသံသယတို့အား ပယ်ဖျောက်ခြင်းငှါ စွမ်းနိုင်သူ ဖြစ်ပါ၏။ တပည့်တော်တို့သည် ထိုမဟာသေနနတ်သားကို လူ့ပြည်၌ ဖြစ်စိမ့်သောငှါ သွားရောက်၍ တောင်းပန်ကြပါကုန်အံ့ ´´

         သိကြားမင်းလည်း ထိုသို့ပြောဆို လျှောက်ထားပြီးသည့်နောက် ၎င်းကိုယ်တိုင်ပင် ဦးစီးဦးဆောင်ပြုလျက် မဟာသေန နတ်သား စံမြန်းရာ ကေတုမတီ ဗိမာန်အတွင်းသို့ ဝင်လေ၏။ ထို့နောက် မဟာသေန နတ်သားအား ရင်းနှီးကျွမ်းဝင်စွာဖြင့်....

         `` ချမ်းသာလှစွာသော မဟာသေနနတ်သား၊ သင်နတ်သားအား ယခုရောက်ရှိ ကြွမြန်းလာကြကုန်သော ရဟန်းသံဃာ အပေါင်းက လူ့ပြည်၌ ပဋိသန္ဓေ နေစိမ့်သောငှါ တောင်းပန်ကြပါကုန်၏ ´´

        ဟု ပြောဆိုလိုက်လျှင်ပင် မဟာသေနနတ်သားလည်း.......

          `` အရှင်ဘုရားတို့၊ တပည့်တော်သည် အမှုကိစ္စများမြောင်လှစွာသော လူ့ပြည်လူ့လောက၌ မနေလိုပါ။ ယခု တည်နေဆဲ နတ်ပြည်မှသည် အထက်နတ်ပြည်များသို့ အဆင့်ဆင့်တက်၍ နောက်ဆုံး၌ ပရိနိဗ္ဗာန် ပြုလိုသောစိတ်သာ ရှိပါ၏ ´´

        ဟူ၍ ပြန်လည်လျှောက်ထား လိုက်လေ၏။ ရဟန်းတို့ကလည်း သုံးကြိမ်သုံးခါထိတိုင်ပင် တောင်းပန်ပြန်၏။ မဟာသေန ကလည်း ပထမဆိုခဲ့သော စကားအတိုင်းပင် သုံးကြိမ်သုံးခါတိတိ ပြန်လည်လျှောက်ထားကာ ငြင်းပယ်လေ၏။ ဤတွင် အဿဂုတ္တရဟန္တာ မထေရ်မြတ်ကြီးက...

         `` အချင်း.... မဟာသေနနတ်သား၊ ငါတို့သည် မိလိန္ဒမင်း၏ ယုံမှားသံသယတို့အား ပယ်ဖျောက်ရန်အတွက် လည်းကောင်း၊ ပိဋကတ်သုံးပုံအရာ၌ မိလိန္ဒမင်းနှင့် တန်းတူညီမျှ ဆွေးနွေးပြောဆိုရန်အတွက် လည်းကောင်း၊ မိလိန္ဒမင်း၏ ချွတ်ယွင်းသော အယူဝါဒတို့ကို ဖျက်ဆီး၍ ဘုရားရှင်၏ သာသနာတော်ကို ချီးမြှောက်ရန်အတွက် လည်းကောင်း၊ အဖက်ဖက်မှ စွမ်းနိုင်သူကို လိုက်လံရှာဖွေရာ၌ လူ့လောက၊ နတ်လောကအားလုံးတွင် အသင်နတ်သားမှ တစ်ပါး မည်သည့်ပုဂ္ဂိုလ်ကိုမျှ မမြင်ပါ။
          အသင်နတ်သားသည်သာလျှင် မိလိန္ဒမင်းထက် သာလွန်ထူးကဲ၍ အယူမှန်ဝါဒမှန်၌ တည်စေနိုင်သူ ဖြစ်ပါ၏။ ထို့ပြင် ဘုရားရှင်၏ သာသနာတော်ကို ချီးမြှောက်နိုင်မည့် ပုဂ္ဂိုလ်လည်း ဖြစ်ပါပေ၏။
            အချင်းနတ်သား၊ ငါနှင့်တကွသော ရဟန်းသံဃာ အပေါင်းသည် အသင်နတ်သားအား အနှုးအညွတ် တောင်းပန်ပါ၏။ အသင်နတ်သား အနေဖြင့် မိလိန္ဒမင်း အပေါ် ဆုံးမရန်သာ မဟုတ်သေး။ ဘုရားရှင်၏ သာသနာတော်ကို ချီးမြှောက်ရန်အတွက်လည်း အကြောင်းကိစ္စ ရှိပါသေး၏။ သည့်အတွက် အသင်နတ်သားအား လူ့ပြည်သို့ လာရောက် ဖြစ်တည်ရန် တောင်းပန်ရခြင်း ဖြစ်ပါသည် အသင်နတ်သား ´´

          သည်စကားကို ကြားလိုက်ရလေသော် မဟာသေန နတ်သားအဖို့ အိပ်မောကျနေသော နှလုံးသားအား လာရောက်တို့ထိ နှိုးလိုက်သကဲ့သို့ပင်။ အဇ္ဈတ္တ၌လည်း ရွှင်လန်းဝမ်းမြောက်သွားရသည်။ စိတ်အာရုံ၌လည်း.........

         `` ရဟန္တာ အရှင်သူမြတ်ကြီး၏ စကားအရဆိုပါလျှင် ငါသည် လူ့ပြည်၌ အတတ်ပညာ၊ အသိပညာတို့ဖြင့် မာန်စောင်ကြွနေသည့် မိလိန္ဒမင်း၏ အယူဝါဒကို ဖျက်ဆီးသုတ်သင်၍ သာသနာတော်အား ချီးမြှင့်ထောက်ပံ့ရန် ဖြစ်ပေသည်တကား ´´

          ဟူ၍လည်း တွေးတောဆင်ခြင်လိုက်မိ၏။ ထိုသို့ တွေးတောဆင်ခြင်မိလိုက်ခြင်းကပင် သူ့ကိုယ်သူ လွန်စွာအားရ ကျေနပ်ခြင်းများစွာ ဖြစ်လျက် ရုတ်ခြင်းဆိုသလိုပင် ရဟန္တာ အရှင်သူမြတ်ကြီးနှင့်တကွ ရဟန်းသံဃာ အပေါင်းအား နှလုံးအိမ်ကို မွေ့သိမ်နှုးညံစေမည့် ကတိစကားကို ပေးလိုက်မိလျှက်သား ဖြစ်သွားရလေ၏။

         `` အရှင်ဘုရားတို့......
             တပည့်တော်သည် အရှင်ဘုရားတို့၏ အလိုဆန္ဒကို မပယ်ရှားနိုင်တော့ပါ။ အရှင်ဘုရားတို့ တောင်းပန် တိုက်တွန်းကြသည့် အတိုင်းပင် လူ့ပြည်၌ ပဋိသန္ဓေနေလျက် မိလိန္ဒမင်း၏ အယူဝါဒကို ဖျက်ဆီးသုတ်သင်ရန် လည်းကောင်း၊ ဂေါတမ ဘုရားရှင်၏ သာသနာတော်ကို ပြန့်ပွားစည်ပင် ချီးေ့မြှာက်ရန်အတွက်သော် လည်းကောင်း ကတိပေးပါ၏။

  `` သာဓု..သာဓု...သာဓုပါ အသင်နတ်သား ´´

          ဤသို့ဖြင့် အဿဂုတ္တ အရှင်မြတ်ကြီးနှင့်တကွ ရဟန်းသံဃာ အပေါင်း၏ တာဝတိံသာသို့ လာရသော ခရီးသည် လာခြင်းကောင်းသောခရီး ဖြစ်သကဲ့သို့ လူ့ပြည်ရှိရာ ပြန်လည်မြန်းကြွရသော ခရီးသည်လည်း ပြန်ခြင်းကောင်းသော ခရီးပင် ဖြစ်လေခဲ့သည်တကား။

  ဆက်ရန်------

  နန္ဒာမိုးကြယ်

 မိလိန္ဒမင်း နှင့် အရှင်နာဂသေနတို့၏သိမ့်မွေ့နက်နဲသော
*****************************************
ဘာသာရေးအမေးအဖြေများ
***********************

✏ ရဟန္တာတို့ စည်းဝေးပွဲ ✏ 

သာဂလမြို့တွင်ကား ပညာရှိတို့ ဆိတ်သုဉ်းမြဲ ဆိတ်သုဉ်းနေမြဲ။

ထိုအချိန် ထိုကာလ၌ ကုဋေငါးရာကျော်မျှ အရေအတွက်ရှိသော ရဟန္တာအပေါင်းတို့သည် ဟိမဝန္တာတောင်ရှိ ရက္ခိတကုန်းပြင်၌ စုဝေးမိကြကုန်၏။ ထိုရဟန္တာအပေါင်း၏ အကြီးအကဲ ပုဂ္ဂိုလ်ကား "အဿဂုတ္တ" အမည်ရှိ ရဟန္တာ မထေရ်မြတ်ကြီး ဖြစ်လေ၏။


အဿဂုတ္တ ရဟန္တာ မထေရ်မြတ်ကြီးသည် မိလိန္ဒမင်း၏ မျှော်လင့်တောင့်တမှုနှင့်တကွ ပညာရှိပုဂ္ဂိုလ်တို့နှင့် စပ်လျဉ်း ပြောဆိုသော စကားတို့အား ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် ကြားသိထားလေ၏။ သည့်အတွက် တစ်နေ့သ၌ ရဟန်းသံဃာအပေါင်းတို့အား ယုဂန္ဓရတောင်ထိပ်၌ စုဝေးစေကာ စုံစမ်းမေးမြန်းတော် မူလေ၏။

`` ငါ့ရှင်တို့၊ သာဂလပြည့်ရှင် မိလိန္ဒမင်းသည် ၎င်း၏ ယုံမှားသံသယတို့အား ရှင်းလင်း ပယ်ဖျောက်ရန်အတွက် လည်းကောင်း၊ ၎င်းနှင့်ယှဉ်ပြိုင် ဆွေးနွေးရန်အတွက် လည်းကောင်း၊ ပညာရှိတစ်ဦးတစ်ယောက်အား လိုလားတောင့်တလျက် ရှိပေ၏။

သို့ဖြစ်၍ ယခုရောက်ရှိ စုဝေးလာကြသည့် ငါ့ရှင်တို့ အထဲ၌ မိလိန္ဒမင်းနှင့် တန်းတူညီမျှ ဖက်ပြိုင်ပြောဆို ဆွေးနွေးနိုင်သူများ ရှိကြပါသလော။ မိလိန္ဒမင်း မေးသမျှ ရှင်းလင်း ဖြေကြား ပေးနိုင်သူများ ရှိကြပါသလော ´´

အဿဂုတ္တရဟန္တာ မထေရ်မြတ်၏ အမေးကား သုံးကြိမ်သုံးခါတိတိ ဖြစ်၏။ 

ဤသို့ သုံးကြိမ်သုံးခါတိုင် မေးသော်ငြား မည်သည့်ရဟန်းထံမှ အဖြေစကားသံ ထွက်ပေါ်မလာခဲ့။ ရဟန်းအပေါင်းတို့အား မိလိန္ဒမင်းနှင့် ဖက်ပြိုင်ပြောဆို ဆွေးနွေးဖြေကြားနိုင်ခြင်း မရှိသည့်အတွက် ဆိတ်ဆိတ်သာ နေကြလေကုန်၏။ ထိုအခါ အဿဂုတ္တရဟန္တာ မထေရ်မြတ်ကပင် ထပ်မံစကား မြွက်ဟပြန်လေ၏။

`` ငါ့ရှင်တို့.. .... တာဝတိံသာနတ်ပြည်ရှိ ဝေဇယန္တာ နန်းပြာသာဒ်၏ အရှေ့မြောက်ထောင့်အရပ်၌ "ကေတုမတီ" ဟူ၍ အမည်ရှိသော ဗိမာန်တစ်ခု ရှိပေ၏။ အဆိုပါ ကေတုမတီ ဗိမာန်၌ စံနေတော်မှုသော
" မဟာသေန " နတ်သားသည် မိလိန္ဒမင်းနှင့် ဖက်ပြိုင်၍ ပြောဆိုဆွေးနွေးနိုင်သူ ဖြစ်ပေ၏။


ထိုမဟာသေနနတ်သားသည် မိလိန္ဒမင်း၏ သံသယတို့အား ပယ်ဖျောက်ရှင်းလင်း ဆွေးနွေးနိုင်သူ ဖြစ်သည့်အတွက် ငါတို့သည် သူ့ထံသို့ သွားကြပါအံ့ ´´

ဤသို့ဖြင့် အဿဂုတ္တရဟန္တာ မထေရ်မြတ်ကြီး ဦးဆောင်သော ရဟန်းအပေါင်းတို့သည် ယုဂန္ဓရတောင်ထိပ်မှ တာဝတိံသာ နတ်ပြည်သို့ တညီတညွတ်တည်း ကြွရောက်ကြကုန်၏။ 

ထိုအခါ သိကြားမင်းသည် အဿဂုတ္တရဟန္တာ မထေရ်မြတ်ကြီး ဦးဆောင်သော ရဟန်းအပေါင်းတို့ကို အဝေးကပင် ကြိုတင်မြင်လေသည့် အတွက်ကြောင့် ၎င်းစံတော်မူရာ တာဝတိံသာ နတ်ပြည်သို့ ရောက်လျှင်ရောက်ချင်း ချဉ်းကပ်၍ ရိုရိုသေသေ ရှိခိုးလေ၏။

`` အရှင်ဘုရား.. .များစွာသော ရဟန်း အပေါင်းတို့နှင် တာဝတိံသာ နတ်ပြည်သို့ ကြွရောက်လာခြင်းမှာ မည်သို့သော အကြောင်းကိစ္စ ရှိပါသနည်း။

တပည့်တော်သည် ရဟန်းသံဃာ အပေါင်းတို့၏ အစောင့်အရှောက် အလုပ်အကျွေး ဖြစ်ပါ၏။ အရှင်ဘုရားတို့ အလိုရှိရာကို မြွက်ကြားတော်မူပါ ဘုရား ´´
ထိုသို့ လျှောက်ကြားသည်ရှိသော် အဿဂုတ္တရဟန္တာ မထေရ်မြတ်ကြီးလည်း တုံ့ပြန် ဖြေကြားတော်မူလေ၏။


`` ဒကာတော် သိကြားမင်း.. .. ငါ့တို့ လာခဲ့ခြင်းအကြောင်းရင်းကား လူ့ပြည်ရှိ သာဂလပြည့်ရှင် မိလိန္ဒမင်းနှင့် စပ်လျဉ်းသည့်ကိစ္စနှင့် ပတ်သက်၍ ဖြစ်ပါ၏။ မိလိန္ဒမင်းသည် များစွာသော လောကီပညာတို့ကိုသာ တတ်ကျွမ်းရုံမဟုတ်၊ ဘုရားဟော ပိဋကတ်ကျမ်းဂန်များကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်သူ ဖြစ်ပေ၏။

ထိုကဲ့သို့ ကျွမ်းကျင်စွာ တတ်မြောက်သူ ဖြစ်သည့်အတွက် ၎င်းဆိုသမျှ စကားတို့သည် တစ်ဖက်သားအပေါ်၌ လွှမ်းမိုးနှိပ်စက်သကဲ့သို့ ဖြစ်နေ၏။ သည့်အတွက် ရဟန်းသံဃာ အပေါင်းတို့လည်း ၎င်းနှင့် ဖက်ပြိုင် ပြောဆိုနိုင်ခြင်း မပြုဝံ့ကြကုန်။


လူအပေါင်းတို့ မှီခိုကိုးကွယ်ရာ ရဟန်း၊ ပုဏ္ဏားတို့ထက်ပင် ၎င်းက သာလွန်ပိုမိုကာ မြင့်မြတ်သကဲ့သို့ ဖြစ်နေသည့်အတွက်လည်း ၎င်းအပေါ် ဆိုဆုံးမနိုင်သူ၊ ဆုံးမနိုင်သည့် အဖြစ်သို့ မရှိရာသို့ ရောက်နေပေ၏ ´´

ထိုအခါ သိကြားမင်းက တုံ့ပြန်လျှောက်ထား လေ၏။

`` အရှင်ဘုရား.. .. အရှင်ဘုရား မိန့်ဆိုသည့်အတိုင်းပင် မှန်ပါ၏။ မိလိန္ဒမင်းသည် တပည့်တော်တို့ နတ်ပြည်မှ စုတေသွားသူ ဖြစ်ပါ၏။

အရှင်ဘုရား၊ ကေတုမတီမည်သော ဗိမာန်တွင် " မဟာသေန " အမည်ရှိ နတ်သားတစ်ပါး ရှိပါ၏။ ထိုနတ်သားသည် မိလိန္ဒမင်းနှင့် ဖက်ပြိုင် ဆွေးနွေးနိုင်စွမ်းရှိသူ ဖြစ်ပါ၏။ မိလိန္ဒမင်း၏ ယုံမှားသံသယတို့အား ပယ်ဖျောက်ခြင်းငှါ စွမ်းနိုင်သူ ဖြစ်ပါ၏။


 တပည့်တော်တို့သည် ထိုမဟာသေနနတ်သားကို လူ့ပြည်၌ ဖြစ်စိမ့်သောငှါ သွားရောက်၍ တောင်းပန်ကြပါကုန်အံ့ ´´
သိကြားမင်းလည်း ထိုသို့ပြောဆို လျှောက်ထားပြီးသည့်နောက် ၎င်းကိုယ်တိုင်ပင် ဦးစီးဦးဆောင်ပြုလျက် မဟာသေန နတ်သား စံမြန်းရာ ကေတုမတီ ဗိမာန်အတွင်းသို့ ဝင်လေ၏။ ထို့နောက် မဟာသေန နတ်သားအား ရင်းနှီးကျွမ်းဝင်စွာဖြင့်....

`` ချမ်းသာလှစွာသော မဟာသေနနတ်သား၊ သင်နတ်သားအား ယခုရောက်ရှိ ကြွမြန်းလာကြကုန်သော ရဟန်းသံဃာ အပေါင်းက လူ့ပြည်၌ ပဋိသန္ဓေ နေစိမ့်သောငှါ တောင်းပန်ကြပါကုန်၏ ´´
ဟု ပြောဆိုလိုက်လျှင်ပင် မဟာသေနနတ်သားလည်း.......

`` အရှင်ဘုရားတို့၊ တပည့်တော်သည် အမှုကိစ္စများမြောင်လှစွာသော လူ့ပြည်လူ့လောက၌ မနေလိုပါ။ ယခု တည်နေဆဲ နတ်ပြည်မှသည် အထက်နတ်ပြည်များသို့ အဆင့်ဆင့်တက်၍ နောက်ဆုံး၌ ပရိနိဗ္ဗာန် ပြုလိုသောစိတ်သာ ရှိပါ၏ ´´
ဟူ၍ ပြန်လည်လျှောက်ထား လိုက်လေ၏။ 

ရဟန်းတို့ကလည်း သုံးကြိမ်သုံးခါထိတိုင်ပင် တောင်းပန်ပြန်၏။ မဟာသေန ကလည်း ပထမဆိုခဲ့သော စကားအတိုင်းပင် သုံးကြိမ်သုံးခါတိတိ ပြန်လည်လျှောက်ထားကာ ငြင်းပယ်လေ၏။ ဤတွင် အဿဂုတ္တရဟန္တာ မထေရ်မြတ်ကြီးက...

`` အချင်း.... မဟာသေနနတ်သား၊ ငါတို့သည် မိလိန္ဒမင်း၏ ယုံမှားသံသယတို့အား ပယ်ဖျောက်ရန်အတွက် လည်းကောင်း၊ ပိဋကတ်သုံးပုံအရာ၌ မိလိန္ဒမင်းနှင့် တန်းတူညီမျှ ဆွေးနွေးပြောဆိုရန်အတွက် လည်းကောင်း၊ မိလိန္ဒမင်း၏ ချွတ်ယွင်းသော အယူဝါဒတို့ကို ဖျက်ဆီး၍ ဘုရားရှင်၏ သာသနာတော်ကို ချီးမြှောက်ရန်အတွက် လည်းကောင်း၊ အဖက်ဖက်မှ စွမ်းနိုင်သူကို လိုက်လံရှာဖွေရာ၌ လူ့လောက၊ နတ်လောကအားလုံးတွင် အသင်နတ်သားမှ တစ်ပါး မည်သည့်ပုဂ္ဂိုလ်ကိုမျှ မမြင်ပါ။

အသင်နတ်သားသည်သာလျှင် မိလိန္ဒမင်းထက် သာလွန်ထူးကဲ၍ အယူမှန်ဝါဒမှန်၌ တည်စေနိုင်သူ ဖြစ်ပါ၏။ ထို့ပြင် ဘုရားရှင်၏ သာသနာတော်ကို ချီးမြှောက်နိုင်မည့် ပုဂ္ဂိုလ်လည်း ဖြစ်ပါပေ၏။


အချင်းနတ်သား၊ ငါနှင့်တကွသော ရဟန်းသံဃာ အပေါင်းသည် အသင်နတ်သားအား အနှုးအညွတ် တောင်းပန်ပါ၏။ အသင်နတ်သား အနေဖြင့် မိလိန္ဒမင်း အပေါ် ဆုံးမရန်သာ မဟုတ်သေး။ ဘုရားရှင်၏ သာသနာတော်ကို ချီးမြှောက်ရန်အတွက်လည်း အကြောင်းကိစ္စ ရှိပါသေး၏။ သည့်အတွက် အသင်နတ်သားအား လူ့ပြည်သို့ လာရောက် ဖြစ်တည်ရန် တောင်းပန်ရခြင်း ဖြစ်ပါသည် အသင်နတ်သား ´´

သည်စကားကို ကြားလိုက်ရလေသော် မဟာသေန နတ်သားအဖို့ အိပ်မောကျနေသော နှလုံးသားအား လာရောက်တို့ထိ နှိုးလိုက်သကဲ့သို့ပင်။ အဇ္ဈတ္တ၌လည်း ရွှင်လန်းဝမ်းမြောက်သွားရသည်။ စိတ်အာရုံ၌လည်း.........

`` ရဟန္တာ အရှင်သူမြတ်ကြီး၏ စကားအရဆိုပါလျှင် ငါသည် လူ့ပြည်၌ အတတ်ပညာ၊ အသိပညာတို့ဖြင့် မာန်စောင်ကြွနေသည့် မိလိန္ဒမင်း၏ အယူဝါဒကို ဖျက်ဆီးသုတ်သင်၍ သာသနာတော်အား ချီးမြှင့်ထောက်ပံ့ရန် ဖြစ်ပေသည်တကား ´´
ဟူ၍လည်း တွေးတောဆင်ခြင်လိုက်မိ၏။ 

ထိုသို့ တွေးတောဆင်ခြင်မိလိုက်ခြင်းကပင် သူ့ကိုယ်သူ လွန်စွာအားရ ကျေနပ်ခြင်းများစွာ ဖြစ်လျက် ရုတ်ခြင်းဆိုသလိုပင် ရဟန္တာ အရှင်သူမြတ်ကြီးနှင့်တကွ ရဟန်းသံဃာ အပေါင်းအား နှလုံးအိမ်ကို မွေ့သိမ်နှုးညံစေမည့် ကတိစကားကို ပေးလိုက်မိလျှက်သား ဖြစ်သွားရလေ၏။

`` အရှင်ဘုရားတို့......
တပည့်တော်သည် အရှင်ဘုရားတို့၏ အလိုဆန္ဒကို မပယ်ရှားနိုင်တော့ပါ။ အရှင်ဘုရားတို့ တောင်းပန် တိုက်တွန်းကြသည့် အတိုင်းပင် လူ့ပြည်၌ ပဋိသန္ဓေနေလျက် မိလိန္ဒမင်း၏ အယူဝါဒကို ဖျက်ဆီးသုတ်သင်ရန် လည်းကောင်း၊ ဂေါတမ ဘုရားရှင်၏ သာသနာတော်ကို ပြန့်ပွားစည်ပင် ချီးေ့မြှာက်ရန်အတွက်သော် လည်းကောင်း ကတိပေးပါ၏။


`` သာဓု..သာဓု...သာဓုပါ အသင်နတ်သား ´´
ဤသို့ဖြင့် အဿဂုတ္တ အရှင်မြတ်ကြီးနှင့်တကွ ရဟန်းသံဃာ အပေါင်း၏ တာဝတိံသာသို့ လာရသော ခရီးသည် လာခြင်းကောင်းသောခရီး ဖြစ်သကဲ့သို့ လူ့ပြည်ရှိရာ ပြန်လည်မြန်းကြွရသော ခရီးသည်လည်း ပြန်ခြင်းကောင်းသော ခရီးပင် ဖြစ်လေခဲ့သည်တကား။

ဆက်ရန်------
နန္ဒာမိုးကြယ်

 https://www.facebook.com/bwar99/posts/671255212935872:4

No comments:

Post a Comment