/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Tuesday, March 11, 2014

**** ဖြစ်ပျက်အနိစ္စမှတပါး ကယ်မဲ့သူ မရှိပုံ ****


 
မြတ်စွာဘုရား ဟောကြားခဲ့သော ဓမ္မပဒပါဠိတော် မလဝဂ်
တိဿထ္ထေရ ဝတ္ထု -
အ သာဝမလံ သုမုဌယ တတုဌာယ တံယေဝ ခါဒတိ
ဧဝံ အတိဓောန စာရိနံ သာနိကမ္မာနိ နယန္တိ ဒုဂ္ဂတိံ။
အဓိပ္ပါယ်က - သံက သံချေးတက်သည်။ သံချေးက သံကို
စားပစ်သည်။ ထို့အတူ ကိုယ် ရှာထားတဲ့ပစ္စည်း က ကိုယ့်ကို
နှိပ်စက်ပြီး ဒုဂ္ဂတိ ဘဝကို ဆောင် သွားတတ်ပါတယ်။
ထိုမြတ်စွာဘုရား ဟောကြားသောဝတ္ထုကို တန်ဆာဆင်
ပြီး မိုးကုတ်ဆရာတော်ဘုရားကြီးသည် ၁၉၆၁ ခုနှစ်က
( ဖြစ်ပျက်အနိစ္စမှတပါး ကယ်မဲ့သူ မရှိပုံ )ပြန်လည် ဟော
ကြားတော်မူခဲ့ပါသည်။၎င်းတရားတော်သည် သံဝေဂ ယူနှုင်ပြီး
အသိတရားလည်း ရရှိနှိုင် ပေသည်။
" သံများမှာ ပျက်စီးချင် ရင် သံချေးတက်လာသည်။
သံ ချေးဘယ်က ဖြစ်လာတာလဲဆိုရင် သံကဖြစ်လာတာပါ။
သူယူလာတဲ့ချေးနဲ့ သူပျက်စီးရပါတယ်။"
ထို့အတူ ကိုယ် ရှာထားတဲ့ ပစ္စည်းကို ကိုယ်စားတာလည်း
အပြစ် ရှိပါတယ်။ ကိုယ် ရှာထားတဲ့ ပစ္စည်းကို သာယာနှစ်
သက်ပြီး လောဘနဲ့စားလိုက်လို့ရှိရင် တဏှာ ဥပါဒါန် ကံ
ဘက်ကို သွားတော့တာပါဘဲ။ စားရ တာ ကောင်းတယ်
ဒီအစားမျိုးနောက်ထပ်စားချင် တယ် အားထုတ်မယ်ဆိုရင်
ဖြင့် တဏှာ ဥပါဒါန် ကံဘက် လှည့်သွားတော့တာဘဲ။ အဲဒီ
ဘက် လှည့်သွားတယ်ဆိုရင် ဇာတိ ဇရာ မရဏ က တော့
ထုံးစံအတိုင်းလာရ တော့ မှဘဲ။

ကိုယ် ရှာထားတဲ့ပစ္စည်းနဲ့ ကိုယ်ပျက်စီး ကိုယ်ဒုက္ခရောက်
ရတယ်ဆိုတာ ရှင်းပါတယ်။ ဘာကြောင့်လဲဆိုရင် မစားတတ်
လို့ ဖြေရမှာပါ။ စားတဲ့အခါစဉ်းစားရပါ့မယ်။ သြော် - ဒီ အစာ
တွေစားတယ် ဒီအစာကို စားလို့ရှိရင်ဖြင့် သူတော် ကောင်းအ
လုပ် လုပ်နှိုင်ခြင်းငှါ လုပ်ဖို့ရာ စားတယ်ဆိုရင်ဖြင့် မှတ်ပြီး
စားက အန္တရာယ် မဖြစ်စေပါဘူး။ ဒါကို နှလုံးမသွင်းဖြစ်ဘူး
စားတဲ့စိတ်က လေးကိုလည်း အနိစ္စ မရှု့ဖြစ်ဘူး သို့မဟုတ်
စားတဲ့ပစ္စည်းကိုလည်း အနိစ္စ မရှု့ဖြစ်ဘူး မရှုမိတော့ ကိုယ်
ရှာထားတဲ့ ပစ္စည်းနဲ့ ကိုယ့်တဏှာက ထ တောက်လာပြီး
ဥပါဒါန် ကံဘက် ပြေးတော့တာဘဲ။
မင်းတို့ဟာကလဲ မရမက ရှာရ သေးတယ် ကုယ့် ကိုယ်
ကိုလည်း သေ စေ သေးတယ် ဆိုရင် တော့ အဓိပ္ပါယ်က
ရှင်းနေပါတယ်။

ဘယ်လိုစားရမလဲဆိုရင် ထမင်းကို သူတော် ကောင်းအ
လုပ် လုပ်နှိင် စေခြင်း အကျိုးငါ ခိုင်းဖို့စားတယ်။ တနည်း
ဒီလို မလုပ်နှို င် ဘူးဆိုရင် ဒီလို မ တွေးနှိင် ဘူးဆိုရင် စားတဲ့
စိတ်က လေးကိုဖြစ်ပျက် ရှု့ပစ်။ စားတဲ့စိတ်က လေးကို
ဖြစ်ပျက် ရှု့။ အနိစ္စ တွေပါလား ရှု့လိုက်။ သို့မဟုတ် စား
စိတ်ကို ရှု့ လိုက် ဒီလိုဆိုရင် စားလဲစားရ သေးတယ်။ ထွက်
ရပ် လမ်းလဲ ပေါက်ပါသေးတယ်။ဒီလိုဆိုရင် ဘယ်လောက်
ကောင်းသလဲ. ( တရားဆိုတာ ရိပ်သာမှသာ ရှိတာမဟုတ
ထမင်းဝိုင်းမှာလည်းရှိပါတယ်။)

ဒါ ကို မယုံကြည် ရင် ဘုရားဟောတာပျက်သွားမှာပေါ့
ဝတ် တယ် ဆိုရင်လည်း ဟီရိသြတ္တပ လုံခြုံစေခြင်းငှါ ဝတ်
တယ်ဆိုရင် အပြစ်မရှိပါဘူး။ ဒီဟာ လေးက ငါ နဲ့ လိုက်
တယ် ဆိုရင် တော့ တဏှာ ဥပါဒါန် ကံဘက် လှည့်သွား
တယ်။

အိမ်တွေ ကျောင်းတွေဆိုရင် လည်း သြော် အချမ်း
အပူ စသည်တို့ကို လုံခြုံလို့ရှိရင် သူတော်လကောင်းအလုပ်
လုပ်ဖို့ပါဘဲ။ ကိုယ့်အိမ်က လေးကို အရိပ်တကြည့်ကြည့်နဲ့
ဝမ်းမြောက် ဝမ်းသာနဲ့ လှလှပပ နဲ့ဆိုရင တဏှာ ဥပါဒါန်
ကံဘက် လှည့်တော့တာပါဘဲ။ ကို့်ယ် ဆောက် ထားတဲ့အိမ်
က ကိုယ့်ကို အပါယ်ချမှာဘဲ။

ဒီ အ ကြောင်းအရာ တွေ ဘယ်က လာသလဲဆိုရင်
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးက တိဿဆို သော
ရ ဟန်းတော်ကို အ ကြောင်းပြုပြီး ဟော တော်မူပါသည်။
တိဿရဟန်းဟာ သာဝတ္ထိ ပြည် ဇေတဝန် ကျောင်းမှာ
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့ အတူ နေတာ။
တ နေ့တော့ သူနှမ တစ်ယောက်က အင်မတန် ကောင်း
မွန်လှတဲ့ သင်္ကန်းတထည်ယက်ပြီး အကို တိဿရဟန်းကို
ဆက်ကပ်ပါတယ်။ 
 
တိဿရဟန်းကြီးကလည်း သူနှမ လှူ
တာကလည်းဖြစ် သင်္ကန်းကလည်း ကောင်းတော့ မနက်
ဆွမ်းခံသွားတော့မှရုံမယ် သိပ်သ ဘောကျ တယ် သင်္ကန်း
နဲ့ပါတ်သက်ပြီးမသုံးတတ်တာနဲ့ တဏှာ ဥပါဒါန် ဖြစ် နေ
တယ်။လူ တွေ အဖိုးတန်ပစ္စည်းကို သေတ္တာထဲထည့်ပြီး
၎င်းပစ္စည်းတွေကို သာယာ နေကြတယ်ဆို ရင် လဲ အတူတူပါဘဲ။

ဒါနဲ့ ညဥ့်ကျတော့ အစာ မ ကြေ ရောဂါနဲ့ပျံလွန်တော်မူ
တယ်။ မဝတ် ရ သေးတဲ့ သင်္ကန်းကို စွဲ သွားတဲ့ အတွက်
သေခါနီး စွဲသွားတာ အဲဒါ အာသန္နကံ လို့ ခေါ်တယ်။ ရဟန်း
ဝတ်တာလည်းကြာပြီ။ဘုရားနဲ့လဲ အတူ နေခဲ့ရတယ်ဆို တော့
အကျင့်သီလ တွေ က ပြောစရာ မလိုပါ။ 
 
မလို ပေမဲ့ သေခါ
နီး ကိုယ့်ကိုယ်ကို ရှု့သကြလို့ ငါသင် ပေးခဲ့တာဘဲ။
ကိုယ့်ကိုယ်ကို အနိစ္စ ဒုက္ခ အနတ္တ ဒုက္ခသစ္စာကို ကြိုက်
ရာ ရှု့။ ရှု့ပြီးသေရန် တိဿရဟန်းက ဒီလိုမရှုမိဘဲနှင့်
သင်္ကန်းသွားစွဲ လိုက် တယ်။ သန်းဖြစ်သွားတယ် ပေါ့။

ရဟန်းနဲ့သန်းဟာ အနီးက လေးဆိုတာ ရိပ်မိပြီ မဟုတ်
ပါလား။တိရစ္ဆာန်ဘုံသွားရ တယ်။( တိရ= ဖီလာကန့်လန့် စ္ဆာန =သွားတတ်သော သတ္တဝါ။တိရစ္ဆာန်=မဂ်ဖိုလ် နိဗ္ဗာန်
မှ ဖီလာကန့်လန့်သွားတတ်သော သတ္ထဝါ )

သင်္ကန်းဟာ သံဃိကပစ္စည်းဖြစ်တော့ သံဃာ တွေ
မဲ ခွဲ ဝေယူကြရမှာ သန်းက မကြိုက်ဘူး။ပစ်မှားတော့မှာကို
မြတ်စွာဘုရားက သိတော့ သံဃာ တော်တွေကို မခွဲ ဝေပါနဲ့
အုံး။ ခုနှစ် ရက် စောင့်ပါအုံး ပေါ့။သန်းအသက်က ခုနှစ် ရက်
ဘဲ ခံတာ။ သေသွားပြီ ။တုသိတာနတ်ပြည်ကို တန်းရောက်
ပါတယ်။ သေ ခါနီးသည် မည်မျှ ကြောက်စရာ ကောင်းသည်
ကို တွေ့ရပြီမဟုတ်ပါလား ...

ဓမ္မမိတ်ဆွေ။
 
 Sai Sein Pannဖေ့ဘုတ် တစ်ဆင့်မျှဝေသည်။

No comments:

Post a Comment