/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Wednesday, March 12, 2014

*** သိမ်မွေ့ သော လှည့်စားမှု ***


*** သိမ်မွေ့ သော လှည့်စားမှု ***
သတိထားစရာ
~~~~~~~~~

လူဆိုတာ မိမိရဲ့ကောင်းကွက်ကလေးများကို အင်မတန် ပုံကြီးချဲ့ပြီး ပြောတတ်ကြပါတယ်၊ အသိညဏ်ရှိသူတွေရဲ့ အယူအဆ၊

အတွေးအခေါ်၊ ပြောဆိုသောစကား၊
ရေးသားထားသောစာသာတွေကို ဖတ်ထားပြီး မှတ်သင့်တာတွေကို မှတ်၍ ကိုယ်တိုင်သိတဲ့ အသိမျိုးနဲ့
ပြောဆိုကျေနပ်နေတတ်ကြပါတယ်။ ဒါဟာ ညဏ်ရှိသူ အချင်းချင်းမှာသာ သိနိုင်ပါတယ်။ သတိထားစရာပါပဲ။

သိမ်မွေ့ သော လှည့်စားမှု
~~~~~~~~~~~~~~~

ရိုးရိုးသားသားနဲ့ ကြိုးစားစဉ်က သတိတရားတွေကိုတိုးပွါးပြီး မိမိရဲ့စိတ်ဖြစ်စဉ်တွေကိုသေသေချာချာ မြင်တတ်ကြပါတယ်၊ ဒီလိုမြင်ခဲ့တာကို အမြဲမြင်မယ်လို့ အလွဲထင်ပြီးလျော့လျော့တော့တော့ ပေါ့ပေါ့တန်တန် ဖြစ်တတ်ပါတယ်၊ အနေကြာလာတော့ သိသာနဲ့ နောက်ဆုံးတော့ သိသိသာသာကြီး ပြောဆိုမှုတွေ ဖြစ်လာတတ်ပါတယ်၊ ဒါတွေဟာ ရဲ့ လက်ချက်တွေ ဖြစ်ပါတယ်။ သတိထားဖို့တော့ အလွန်ကောင်းပါတယ်။

ဒုက္ခရောက်တတ်တယ်
~~~~~~~~~~~~~~

လောကမှာ ချီးမွမ်းမှုလည်း မလောနဲ့၊ ကဲ့ရဲ့မှုလည်း မလောနဲ့ မိမိကိုယ်တိုင် ရင့်ကျက်မှု မရှိသေးဘဲ သဒ္ဓါတရား ကောင်းကောင်းနဲ့ မိမိရဲ့ ထင်မြင်ရာ အယူသန်ပြီး တစ်ပါးသူတွေကို ဝေဖန်လျှင် မှားတတ်တယ်။ သဘာဝတရားတွေကို မှန်တာပြောတော့ သစ္စ္စာဖြစ်တယ်။ လောကလူသားတွေကို မှန်တာပြောတော့ များသောအားဖြင့် ပြဿနာ ဖြစ်တတ်ပါတယ်၊ နစ်နာတတ်ပါတယ်။ အမှန်တရားကိုကျော်လွှားပြီး ဟန်ဆောင်မှု ဂုဏ်ပကာသနတွေနဲ့ ပျော်နေကြတဲ့ လောကကြီးမှာ မဆင်ခြင်ဘဲ အမှန်အတိုင်းပြောလျှင် ဒုက္ခရောက်တတ်ပါတယ်။ အဲဒါကို သတိထားကြပါ။

တိုးတတ်ချင်လျှင် သတိပြု
~~~~~~~~~~~~~~~~

စိတ်ဟာ မိမိလောက်အရည်အချင်း မရှိသူတွေက မြှောက်ပင့်အားပေးတာကို လက်ခံသာယာပြီး ကျေနတ်သဘောကျနေတတ်တယ်၊ လူတွေဟာ ညဏ်ပညာရှိသူတွေက မိမိရဲ့လိုအပ်ချက်၊ ဟာကွက်၊ ပျော့ကွက်ကလေးတွေကို ပြည့်ဝလာအောင် စေတနာနဲ့

 ဖြည့်စွက်ပြီး ထောက်ပြပြောဆိုတာကို လက်မခံဘဲ ပြောသူကို အပြစ်ရှာပြီး နည်းမျိုးစုံဖြင့် အကောင်းမထင်ပဲ ငြင်းဆန်တတ်ပါတယ်။ တိုးတက်လိုသူတိုင်း ဒီအချက်ကို အထူးသတိပြုရပါမယ်။

လူကြီးတို့၏တာဝန်
~~~~~~~~~~~~~

အသက်ကြီးလို့ ဘဝအတွေ့အကြုံထဲမှ ရရှိလာတဲ့ ဗဟုသုတတွေကို လူကြီးစိတ်ပေါက်တဲ့သူဟာ သည်းခံခြင်း ခွင့်လွှတ်ခြင်းနဲ့တွဲပြီးကောင်းတဲ့နေရာမှာ အသုံးချပေမယ့် လူကြီးဖြစ်ပြီး ကလေးစိတ်ပေါက်နေတဲ့ သူဟာ ဒီလိုဗဟုသုတတွေနဲ့ပဲ ကလေးတွေနဲ့ မတော်မဆံ့တဲ့ စကားလုံးတွေသုံးပြီး မရမက အနိုင်ယူတတ်ကြပါတယ်၊ ကလေးတို့၏ သဘာဝကို အတော်အတန် နားလည်ရမှာက လူကြီးတို့၏ တာဝန်ဖြစ်ပါတယ်။

ကလေးနဲ့ယုံကြည်မှု
~~~~~~~~~~~~~~

လူကြီးတွေဟာ ကလေးတို့ကို မိမိတို့နဲ့ တစ်တန်းတည်းထားပြီးပြောဆို မျှော်လင့်ခြင်းဟာလည်း မှားပါတယ်၊ ကလေးတွေ မှားလျှင် လူကြီးတွေက ပြင်ပေးလို့ရပတယ်l လူကြီးများ မှားလျှင်တော့ မိမိရဲ့အသိညဏ်သတိနဲ့ ပြင်မှပဲ ရနိုင်ပါတယ်၊ လူကြီးတွေဟာ ကလေးတွေကို သူတို့နဲ့ထိုက်တန်တဲ့ နေရာမပေးဘဲ မေ့နေတတ် ကြပါတယ်။ ဒီအချက်ဟာ ကလေးများအတွက် မိမိကိုယ်ကိုမိမိ ယုံကြည်မှုလျော့နည်းလာအောင် လုပ်သလို ဖြစ်နေပါတယ်။

နှစ်ဦးနှစ်ဖက် ညှိပါ
~~~~~~~~~~~~

သားသမီးတွေဟာ နည်းနည်းသိလာလို့ နည်းနည်း အပြစ်မြင်လာလျှင် မိဘတွေကို အထင်သေးတတ်ကြတယ်၊ တပည့်တွေလည်း ဒီအတိုင်းပါပဲ၊ ဆရာသမားတွေကို ခြေရာတိုင်းသလိုလိုနဲ့ အထင်သေးတတ်ကြပါတယ်၊ ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမှု ခံရကာစမှာ လူငယ်တွေဟာ မိမိကိုယ်ကိုဟုတ်လှပြီးထင်ပြီး အထင်ကြီး ဘဝင်မြှင့်တတ်တယ်၊ ပခုံးချင်းယှဉ်ချင်တဲ့စိတ်တွေ ဝင်နေတတ်တယ်၊ လူကြီးတွေကို လိုတာထက်ပိုပြီး ကြောက်ရွံ့ခြင်း၊ လေးစားလွန်ခြင်း အားကြီးလျှင် မကောင်းပါ၊ မရိုမသေ မလေးမစား ပြုလုပ်ဆက်ဆံပြောဆိုတာလျှင်လည်း မကောင်းပါဘူး၊ သူတို့ရဲ့ဂုဏ်ကို ကြည့်ပြီး အစွန်းနှစ်ဖက်ညီအောင် ညှိတတ်ဖို့ အထူးလိုအပ် လှပါတယ်။

ပါရမီဖြည့်ခွင့်ပေးသူများ
~~~~~~~~~~~~~~~
မိမိကို အပြစ်မရှိ အပြစ်ရှာနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြုံရတဲ့အခါမှာ (သာမန်စိတ်ကတော့) ဒီလိုလူမျိုးတွေကို အပြစ်တင်ပြီး ရှောင်ရှားချင်ပါတယ်၊ တကယ်တမ်း ဆန်းစစ်ကြည့်လျှင် အဲဒီလိုပုဂ္ဂိုလ်တွေနဲ့ တွေ့ တဲ့အခါ မိမိရဲ့သည်းခံမှု၊ ခွင့်လွှတ်မှု၊ သဘောထားကြီးမှုတွေ ရှိမရှိသိရပြီး ဘယ်လောက် အတိုင်းအတာထိအောင်လောကဓံ ခံနိုင်ရည်ရှိသလဲလို့ စမ်းသပ်တဲ့သဘောပါပဲ၊ အကောင်းမြင်ဝါဒနဲ့ ကြည့်လျှင် မိမိအတွက် ခန္တီပါရမီဖြည့်ခွင့်ပေးတဲ့ ကျေးဇူးရှင်တွေပဲလို့တောင် သဘောထားသင့်ပါတယ်။

စေတနာနဲ့ ကူညီတတ်သူ
~~~~~~~~~~~~~~~

မိမိစိတ်ကြိုက်ကို လိုလေသေးမရှိအောင် ပြုလုပ်ပေးတဲ့သူကိုသာ တော်တယ်

 ကောင်းတယ်ထင်တဲ့ စိတ်ဓာတ်ဟာ အဆင့်သိပ်ပြီးနိမ့်ကျလှပါတယ်၊ ဒီလိုလူမျိုးတွေဟာ မိမိကို သူကပေးတာထက် မိမိဆီက သူကရအောင်ယူတာက ပိုများတတ်ပါတယ်၊ ဒါမှမဟုတ်လျှင် မိမိတို့ကိုယ်တိုင်က ပေါပေါများများပေးနေလို့ ဖြစ်ပါတယ်၊ တကယ်စေတနာနဲ့ မှန်မှန်ကန်ကန် ကူညီတတ်တဲ့ သူကတော့ လိုတာထက်လည်း မပိုဘူး၊ လိုအပ်တာဆိုရင်လည်း စေတနာအပြည့်နဲ့ ကူညီတတ်ကြပါတယ်၊ စောင့်ရှောက်တတ်ကြပါတယ်၊ မတရားသဖြင့် ကပ်ဖားနေတဲ့ပုဂ္ဂိုလ်တွေကိုလည်း ရှောင်ရှားလေ့ရှိတယ်၊
 ရောရောနော်နော်နဲ့ အထင်မခံလိုကြဘူး။

နှလုံးသွင်းမှန်ကန်ဖို့လို
~~~~~~~~~~~~~~

သူတစ်ပါးတွေရဲ့ မတရားပြောဆိုပြုလုပ်မှုတွေ ခံရတဲ့အခါ မကျေနပ်တဲ့စိတ်တွေ၊ မခံချင်တဲ့စိတ်တွေ၊ ကလဲ့စားချေလိုတဲ့စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာတတ်တာဟာလည်း သဘာဝတစ်ခုပါပဲ၊ ဒီစိတ်တွေကိုသာလက်ခံထားမယ်ဆိုလျှင် ပင်ကိုယ်က ကြည်လင်နေတဲ့စိတ်ဟာ (နှလုံးသွင်းမှားယွင်းမှုတွေနဲ့ ရောနှောပြီး) ကြည်လင်မှုတွေပပျောက်ပြီး နောက်ကျူမှုတွေ ဖြစ်ပေါ်လာတော့တာပဲ၊ ဒီအထဲမှာ မကျေနပ်တဲ့စိတ်တွေ ထပ်ထပ်ဖြစ်ပေါ်လာတော့ စိတ်မကျေနပ်တဲ့ အဆင့်သို့ ရောက်သွားလေ့ရှိပါတယ်၊ ဒါဟာ ကိုယ်က နှလုံးသွင်းမတတ်လို့ ဖြစ်ရတာပါ၊ အစာမကျေတော့ အစာဧည့်အိမ်ကို ဒုက္ခပေးသလို စိတ်မကျေနပ်တော့လည်း စိတ်ကို ဒုက္ခပေးတာပါပဲ။

the eXistence မှ အရှင်ဣဿရိယ (ရွှေစေတီတောရဆရာတော်) ရေးသားပြုစုထားသော
အတွေ့ အမြင် နှင့်အသိအမြင် စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။>

No comments:

Post a Comment