/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, March 22, 2014

“အသိမှား၊ အမှတ်မှား၊ အယူမှား”



“အသိမှား၊ အမှတ်မှား၊ အယူမှား”
%%%%%%%%%%%%%%%

 ဘ၀အဆက်ဆက် က ခန္ဓာငါးပါးထဲမှာ ဖြစ်နေခဲ့တဲ့  “အသိမှား၊ အမှတ်မှား၊ အယူမှား” စတဲ့ ” ၀ိပလ္လာသ သုံးချက်” (၆-၈-၁၉၆၁) (ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူသော တရားတော် – ၃)


ဒကာ၊ ဒကာမတို့  သတ္တ၀ါဟာ မှားတာကို မှားမှန်းမသိလို့  ပြင်မယ်ဆိုတဲ့ စိတ်ဘယ်တော့မှ မပေါ်ပါဖူး။ ဘုရားတစ်ဆူ တစ်ဆူပွင့်တော်မူ လို့  သာသနာကို ထားခဲ့လို့ အားလုံး ကိုကယ်တင်ညွှန်ပြဟော ကြားတတ်တဲ့ ပုဂ္ဂိုလ် ပေါ်မှ ပြင်မှတော်မယ်ဆိုတဲ့ စိတ်ပေါ်လာကြရတယ်။


 နို့ မဟုတ်ရင်- ရုပ်နာမ်-ဓမ္မတွေ ကို သုခတွေ၊နိစ္စတွေ၊ အတ္တတွေ ပဲလို့ အမှားတွေနဲ့ သာနစ်မွန်းပြီး၊ အမှား နဲ့ နေပြီး၊ အမှားနဲ့  သေသွားကြရမှာပါ ပဲ။ ဒီလိုအမှားနဲ့ သေရင် ဖြင့်အပါယ် လေးပါးမှတစ်ပါးလွတ်စရာ အကြောင်းမရှိဖူး။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ပြင်ပေးမဲ့သူရှိ တုန်းကို၊ အော်– မှားမှန်းသိပြီ၊ ကြိုးစားပြီး အမှန်ကို ပြင်ကြလို့ ရှိရင်ဖြင့် အမှန်နဲ့ နေ ပြီးသကာလ၊ အမှန် နဲ့ သေလို့ ရှိရင်ဖြင့် (အမှန်ဆိုတာ သမ္မာဒိဋ္ဌိ)ငြိမ်းချမ်းတဲ့နိဗ္ဗာန် လမ်းကို ရောက်ကြရမှာ ပါ။


ဘ၀အဆက်ဆက် က ခန္ဓာငါးပါးထဲမှာ ဖြစ်နေခဲ့တဲ့  “အသိမှား၊ အမှတ်မှား၊ အယူမှား” စတဲ့ ” ၀ိပလ္လာသ သုံးချက်” ဆိုတဲ့ တံတိုင်းကြီးကို ကိုချေဖျက်နိုင်တဲ့ ဥာဏ်မရှိခဲ့ ပါဘူး၊ မချေဖျက်နိုငိတဲ့ အပြင်၊ ထပ်မံ၍ ထုထည်ကြီး လာအောင်လုပ်နေကြတယ် ဆို တာ ဥာဏ်နဲ့  ကြည့်ရင် မရေမတွက်နိုင်ပါဘူး။
ဘုရားအဆူဆူ ပွင့်တာတောင် မကျွှတ်နိုင်အောင် ထုကြီးနေတယ်ဆိုတာ ရိပ်မိကြပါ။


ဒါကြောင့် ဘုရားရှင်က “တိဏ္ဏော တာရေယျံ” ” မုတ္တော မောစေယျံ” “ဗုဒ္ဓေါ ဗောဓေယျံ” ဟု ငါသိသလို သိစေရမယ်၊ ငါလွတ်မြောက်သလို လွတ်မြောက်စေရမယ်၊ ငါသစ္စာလေးပါးသိသလို နိဗ္ဗာန် ကို မြင်စေရမယ်ဆိုတဲ့ ကြီးမာတဲ့ ရည်ရွယ်ချက် အတိုင်း လုပ်သွား၊ ခဲ့တာဖြင့် — ဘုရားတစ်ဆူ ပွင့်တိုင်းမှာ ဝေနေယျ လူနတ်ဗြဟ္မာ ပေါင်း နှစ်ဆယ်လေးသင်္ချေ၊ ကုဋေရှစ်ဆယ်၊ ဗိုလ်ခြေတစ်သိန်း ကျွှတ်လွတ်သွား တဲ့ သတ္တ၀ါတွေ ရှိခဲ့တယ်၊


“ကျုပ်တို ဘာကြောင့် ကျန်ရစ်ပါလိမ့် မတုံး လို့  မေးခွန်းထုတ် ဖို့ မလိုဖူးလား။”ဘုရားကတော့ သူ့ ရည်ရွယ်ချက် အတိုင်း ကြွလာတာပဲ၊ ကျုပ်တို့ က အသိမှား၊ အမှတ်မှား၊ အယူမှား တဲ့ “၀ိပလ္လာသ” တံတိုင်းကြီးနဲ့ နေ့ စဉ် အရေမတွက်နိုင်အောင်ကာဆီးထား တာမဟုတ်လား၊“ဒီတော့ ဘုရားက ၀င်ခွင့်ရရဲ့လား (မရပါဘူးဘုရား)”အော် ဒါဆို ကျုပ်တို့ က ကံမကောင်းအကြေင်းမလှ လို ကျန်ခဲ့တာလား၊ ဘုရား ကိုဝင်ခွင့် မပေး လို့ ကျန်ခဲ့ တာ လား၊ (ဘုရားကိုဝင် ခွင့် မပေးလို့ ကျန်ခဲ့ တာပါဘုရား)

သြော် — တပည့်တော် တို့  သိပ်ကိုကံနည်းတဲ့ ပုဂ္ဂိုလ်တွေ လိုဆိုကြမလား၊ မိုက်လုံး သန်လွန်းလို့ ပဲဆိုကြ မလား (မိုက်လုံး သန်လွန်းလို့ ပါဘုရား)သေသေချာချာ စဉ်းစားကြပါ။ သေသေချာချာ စဉ်းစားကြပါ။ 


အသိမှား၊ အမှတ်မှား၊ အယူမှား နဲ့  သေလို့ ရင် ဖြင့် “လူတစ်သိန်းသေလို တစ်ယောက် သုဂတိ မရောက်ပါဘူး” လို့  သစ္စသံယုတ် ပါဋ္ဌိတော်ထဲ မှာ မြတ်ဘုရား ဟောကြားခဲ့ ပါတယ်။ ဒိဋ္ဌိ မစွန့်  သ၍ အယူမှား နဲ့ သေတယ်ဆို တာ မငြင်းကြပါနဲ့  ….ဒီ ၀ိပလ္လာသ( အသိမှား၊ အမှတ်မှား၊ အယူမှား) 


ကိုပါယ်ဖို့ ကျင့်ဖို့ အရေးကြီးကြောင်း—–ဒါကြောင့် ဒကာ၊ဒကာမတို့ ဘုရားရှိခိုး ကြတော့ တပည့်တော်တို့ ဤဆွမ်း၊ ဤကွမ်းကြောင့် ၀ဋ်ဘ၀တိုတို နဲ့ မဂ်ဖိုရရပါ လို၏၊ တဲ့ —- ဆုတောင်း ရုံသာ တောင်းတယ်၊ ပါယ်ဖို့ ကျင့်ဖို့ တော့ မလုတ်ဖူး။ 

ဘယ်ကနေပြီး တောင်းနေလဲဆို တော့ ၀ိပလ္လာသ ထဲက နေ တောင်းနေ တယ်၊၀ိပလ္လာသ ကို မပါယ်မစွန့် ပဲ နဲ့ တောင်းရင်ရနိုင်ပါ့ မလား (မရနိုင်ပါဘုရား)။လူ့ ပြည် နတ်ပြည်က ဆွမ်းနဲ့ ကွမ်းနဲ့ ဆုတောင်းယူ လို့ ရနိုင်တယ်၊
ဗြဟ္မာ့ပြည် ဆိုတာတောင် သမထ အားထုတ်ယူမှရတယ်၊


****နိဗ္ဗာန် စစ်စစ် ကတော့ ပွားယူမှ၊ ကျင့်ယူမှ ရတယ်၊**** ရှင်းပလား။ (ရှင်းပါတယ်ဘုရား)


source:https://www.facebook.com/yannaing.soe.7

 https://www.facebook.com/ahlinn.nge/posts/1551871905038486

No comments:

Post a Comment