/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, March 1, 2014

"ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း"( ၉)

Photo: "ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း"( ၉)
**********************************
                ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို လက်ဆင့်ကမ်းသွားဖို့ လိုအပ်တယ်၊

သုတ္တန်တစ်ခုမှာ မြတ်စွာဘုရား ဆုံးမတယ်ဆိုရင် ဒါ အခြေခံအားဖြင့် လိုက်နာရမယ့် ကိုယ်ကျင့်သီလနဲ့ ပတ်သက်တာတွေများတယ်၊

သံသရာဝဋ်က လွတ်ချင်ပြီ ဆိုတဲ့အခါ ဒီ နည်းစနစ်ကတော့ အခြားဘာသာမှာမရှိဘူး၊
ဗုဒ္ဓဘာသာမှာပဲ ရှိတယ်၊

သံသရာဝဋ်ကလွတ်အောင်လုပ်တဲ့နည်း၊
စိတ်ရဲ့ Stress ဆိုတာတွေကို ကင်းသွားအောင်လုပ်တဲ့နည်း၊
စိတ်ပူပန်မှုတွေမရှိတော့အောင်လုပ်တဲ့နည်းဟာ ဗုဒ္ဓဘာသာမှာပဲရှိတယ်၊

မသေခင်လည်း စိတ်ဖိစီးမှုဆိုတဲ့ Stress တွေ၊ Stress တွေ မဖြစ်အောင် ထိန်းချုပ်နိုင်တယ်၊

နောက်ဆုံးမှာ လုံးဝ Stress ဆိုတာတွေ မလာတော့တဲ့ အခြေအနေမျိုးရအောင် ကျင့်ခြင်းဖြင့် တရားနှလုံးသွင်း ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းက ဒီအခြေအနေကောင်းတစ်ခု ဖြစ်ပေါ်စေတယ်ဆိုတာ မြတ်စွာဘုရားကဟောထားတယ်။

"သံယောဇနိယ" ဆိုတဲ့စကားလုံးက သံယောဇဉ်ဖြစ်စရာအာရုံကိုပြောတာ၊

လူ့ဘ၀မှာ မိသားစုနဲ့နေထိုင်တဲ့ ပုဂ္ဂိုလ်က သံယောဇဉ်ဖြစ်စရာဆိုတာ သားရှိမယ်၊ သမီးရှိမယ်၊ ဇနီးရှိမယ်၊ မိသားစုရှိမယ်၊ ပစ္စည်း ဥစ္စာတွေရှိမယ်၊ ကိုယ်ပိုင်ဆိုင်တဲ့အရာရှိမယ်၊ 
ဒါ သံယောဇဉ်ဖြစ်စရာတွေချည်းပဲ။

                    ဘုန်းကြီးတွေဆိုလိုရှိရင်လည်း သပိတ်တို့၊ သင်္ကန်းတို့၊ ကျောင်းတို့ သံယောဇဉ်ဖြစ်စရာ အာရုံတွေ၊ တပည့်သားမြေးတွေ အဲတော့ "သံယောဇနိယ" သံယောဇဉ် ဖြစ်စရာတွေက အများကြီးရှိတယ်၊

သာမန်အားဖြင့် ပြောမယ်ဆိုရင်တော့ ရုပ်နဲ့နာမ် နှစ်မျိုးပဲ ရှိတယ်လို့ ဒီလိုပဲ ပြောရမှာပေါ့နော်၊ 

ရုပ်နာမ်နှစ်မျိုးဟာ ခန္ဓာငါးပါးနဲ့ပြောမယ်ဆိုရင်
"ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ" လို့ လူတိုင်းလူတိုင်းမှာရှိတဲ့ 
ရုပ်နာမ်နှစ်ပါး၊ 
ခန္ဓာငါးပါး၊ 
သံယောဇဉ်ဖြစ်ရာ သံယောဇနိယပဲ။

အဲဒီ သံယောဇဉ်ဖြစ်စရာ ရုပ်နာမ်တရားပေါ်မှာ ရှုမြင်သုံးသပ်မှုနှစ်ခုဟာ အင်မတန်မှ နီးကပ်နေတယ်၊ 
အဲဒီနှစ်ခုကို မှန်ကန်တဲ့ အနေနဲ့ရှုဖို့ မြတ်စွာဘုရားက ဟောထားတာ၊

သံယောဇဉ်ဖြစ်စရာ တရားတွေအပေါ်မှာတဲ့ "အဿာဒါ နုပဿီ" 
ကျေနပ်စရာတွေ တွယ်တာစရာတွေ၊ နှစ်သက်စရာတွေချည်းပဲ ရှုမြင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ၊ 
သံယောဇဉ် ဖြစ်စရာ အာရုံတွေကို ကျေနပ်စရာတွေလို့၊ တွယ်တာစရာတွေလို့ နှစ်ခြိုက်ပြီးတော့နေတဲ့အမြင်နဲ့ မြင်ပြီးတော့နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်

"နိဗ္ဗိဒါ နုပဿီ" ငြီးငွေ့စရာချည်းပဲလို့ အပြစ်မြင်တဲ့ ပုဂ္ဂိုလ်က တစ်ယောက်၊

 အဲဒီ ပုဂ္ဂိုလ်နှစ်ယောက်ထဲမယ် သံသရာဝဋ်ကလွတ်ဖို့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုဖို့ ဆိုလို့ရှိရင် အဲဒီ သံယောဇဉ်ဖြစ်စရာ အာရုံတွေကို ငြီးငွေ့တဲ့စိတ်ပေါ်လာအောင် ရှုမှတ်ဆင်ခြင်တဲ့ ပုဂ္ဂိုလ်သာလျှင် ဒီ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်၊

"အဿာဒါ နုပဿီ"သာယာစရာတွေသာ ကြည့်ပြီးတော့ သာယာနေတဲ့ ပုဂ္ဂိုလ်က သံသရာထဲမှာ လည်နေမှာပဲ၊ 

ဒီလမ်းကြောင်းနှစ်ခု မြတ်စွာဘုရားရှင်းပြထားတာ၊

အဲဒီလမ်းကြောင်း နှစ်ခုကို အတိုချုံး ပြောရလို့ရှိရင် 
(၁) သံယောဇဉ် ဖြစ်စရာ အာရုံတွေပေါ်မှာ သာယာစရာလို့ ရှုမှတ်နေတဲ့ ပုဂ္ဂိုလ်၊
ရှုမြင်နေတဲ့ ပုဂ္ဂိုလ်ဟာ 
ရာဂကို မဖယ်နိုင်ဘူး၊
ဒေါသကို မဖယ်နိုင်ဘူး၊
မောဟကို မဖယ်နိုင်ဘူး၊
ဟုတ်တယ်လေ၊
သံယောဇဉ်ဖြစ်စရာ အာရုံတွေပေါ်မှာ ပျော်ပြီးတော့ မစွန့်လွှတ်နိုင်ဘူးဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
ရာဂတွေက တိုးပွားလာတယ်၊
ဒေါသတွေလည်း တိုးပွားလာတယ်၊
မောဟတွေလည်း တိုးပွားလာတယ်၊

ရာဂတိုးပွားလာရင် ဒေါသဆိုတာ တိုးပွားတယ်၊
ဘာဖြစ်လို့တုံး၊
အမြဲတမ်း အလိုကျနေတာမှမဟုတ်တာ၊
အလိုမကျတဲ့အခါတွေ အများကြီး ဖြစ်လာတယ်လေ၊

အလိုကျတာချည်း မဖြစိနိုင်တော့ အလိုကျနေတဲ့အခါ ရာဂ တိုးပွားတယ်၊

အလိုမကျတဲ့အခါ ဒေါသ တိုးပွားတယ်၊

အဲဒီလို မဟုတ်ဘဲနဲ့ အမှန်မသိတဲ့အခါကျတော့ မောဟတွေ တိုးပွားလာတယ်၊

အဲဒီ ရာဂ၊ ဒေါသ၊ မောဟတွေကို မဖယ်နိုင်ဘူး၊

မဖယ်နိုင်သည့်အတွက်ကြောင့် ဘာဖြစ်တုံးဆိုရင် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဒီ ဒုက္ခတွေ မလွန်မြောက်နိုင်ဘူး၊
ဒီဒုက္ခတွေ ဘယ်တော့မှ အဆုံးမသတ်နိုင်ဘူးတဲ့၊

ဒီပုဂ္ဂိုလ်မျိုးဟာ သံသရာထဲမှာ လည်နေတဲ့ ပုဂ္ဂိုလ်။

                  သံသရာထဲမှာ လည်နေတဲ့ ရှုမြင်သုံးသပ်မှုကို ရှုမြင်သုံးသပ်ပြီး သံသရာက ထွက်ဖို့ရာအတွက် ရှုမြင်သုံးသပ်တဲ့အခါ ဒီလို ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့လိုတယ်၊

"သာယာစရာလို့ မြင်နေရင်တော့ သံသရာဝဋ်က လွတ်မှာ မဟုတ်ဘူးတဲ့၊

ကဲ သာယာစရာလို့ မမြင်ဘူး 
"နိဗ္ဗိဒါ"
ငြီးငွေ့စရာ၊ 
စိတ်ပျက်စရာ၊ 
တွယ်တာစရာဆိုတာ တစ်ခုမှ မရှိဘူး"
ရုပ်နဲ့နာမ်
ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လည် ဆန်းစစ်ကြည့်လိုက်လို့ရှိရင်

ဪ ကိုယ့်ခန္ဓာကိုယ်ကြီးမှာ
ရုပ်နဲ့နာမ် နှစ်မျိုးပဲ၊
ငါဆိုတာလည်း မရှိဘူး၊
ငါ့ဟာဆိုတာလည်း မရှိဘူး၊
ငါမှမရှိရင် ငါ့ဟာ ဘယ်ရှိတော့ပါ့မလဲ၊
ငါလို့ ပြောစရာလည်း မရှိဘူး၊
ငါ့ဟာလို့ ပြောစရာလည်း မရှိဘူး၊
ထာဝရ သူ့အကြောင်းနဲ့သူဖြစ်ပြီးတော့ ပျက်သွားတဲ့အရာတွေတောင် ငါ၊ ငါ့ဟာ လုပ်နေကြတာလို့ ဒီလို အမှန်မြင်လာတယ်။

(၂) သံသရာဝဋ်မှာ ရုပ်တွေ နာမ်တွေဟာ အင်မတန်မှ စိတ်ပျက်ငြီးငွေ့စရာကောင်းတဲ့ အရာတွေပဲလို့ ရှုမြင်လာနိုင်တဲ့ပုဂ္ဂိုလ်ဟာ

ရာဂကိုလည်း လျှော့ချနိုင်တယ်၊

တွယ်တာမှုတွေ လျော့သွားတယ်၊

တွယ်တာမှုတွေ လျော့သွားရင် တွယ်တာမှုလျော့သလောက် ဒေါသကလည်း လျော့သွားတယ်၊

ဒေါသနဲ့ တွယ်တာမှုဟာ တွယ်တာမှုက ပိုပြင်းထန်တယ်၊ 
တွယ်တာမှုတွေ မကုန်ခင် ဒေါသကုန်သွားနိုင်တယ်ပေါ့၊

နောက် အမှန်သိလို့ မောဟတွေလည်း ကုန်သွားမယ်၊

အေး ရာဂ၊ဒေါသ၊ မောဟတွေကို ဖယ်နိုင်ပြီဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒီ "ဖြစ်၊ အို၊ နာ၊ သေ"ဆိုတဲ့ ဆင်းရဲဒုက္ခ မလာတော့ဘူး၊

ရာဂ၊ ဒေါသ၊ မောဟ ရှိနေမှ သံသရာထဲမှာ ကံက အကျိုးပေးတာ၊
အဲဒီ ကံ အကျိုးပေးမှ မွေးဖွားခြင်းတို့၊ အိုခြင်းတို့၊ နာခြင်းတို့၊ သေခြင်းတို့ ဆိုတာ ဖြစ်တယ်တဲ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီသုတ္တန်မှာ တိုတိုလေးဟောထားတာ
"နိဗ္ဗိဒါ နုပဿီ"
ငြီးငွေ့စရာဘက်ကရှုထောင်းက ကြည့်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။

                    ဒါကြောင့်မို့ သံသရာဝဋ်က လွတ်ဖို့ရာအတွက် ကိုယ့်ဘ၀ ကိုယ့်ခန္ဓာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသမျှတွေ အားလုံး အပေါ်မှာ
"စိတ်ပျက်ငြီးငွေ့စရာတွေပဲ၊
အားလုံးဟာ မမြဲတဲ့ အနိစ္စသဘောတွေ၊

မမြဲတဲ့ နှိပ်စက်မှုကြောင့် ဒုက္ခသဘောတွေ၊

ကိုယ်မပိုင်တဲ့ အနတ္တသဘောတွေသာ ဖြစ်တယ်"လို့

ဒီလို ဆင်ခြင် သုံးသပ်ခြင်းဖြင့် သံသရာဝဋ်ကလွတ်တဲ့ ၀ိပဿနာဉာဏ်ကို ရနိုင်တယ်။

"နိဗ္ဗိဒါ"ဆိုတာ ၀ိပဿနာဉာဏ်ကို ပြောတာပါပဲ၊

ဝိပဿနာနဲ့ ရှုမှတ်သွားလို့ရှိရင် နောက်ဆုံးမှာ သံသရာဝဋ်က လွတ်ရာလွတ်ကြောင်ူဖြစ်တဲ့ နိဗ္ဗာန်ကို မျကိမှောက်ပြုကြမှာ ဖြစ်ပါတယ်။

                 ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဆုံးအမဖြစ်တဲ့ ဒေသနာတော်ကို မှတ်သားပြီးတော့ 
ိုသံသရာဝဋ်က လွတ်ရာလွတ်ကြောင်း ရှုရမယ့် ရုပ်တရား၊ နာမ်တရားတွေအပေါ်မှာ
ငြီးငွေ့စရာအဖြစ် ရှုမြင်နိုင်အောင်
ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။

အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ဝိပဿနာ ရှုမြင်နိုင်မှ ငြီးငွေ့ခြင်းပေါ်လာတဲ့အခါမှာ 
သံသရာဝဋ်က လွတ်ရာလွတ်ကြောင်း ရာဂကို ဖယ်ရှားနိုင်မယ်၊
ဒေါသကို ဖယ်ရှားနိုင်မယ်၊
မောဟကို ဖယ်ရှားနိုင်မယ်။

ရာဂ၊ ဒေါသ၊ မောဟကို ဖယ်ရှားနိုင်မှ သံသရာဝဋ်က လွတ်မြောက်မယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး 
ဗုဒ္ဓရဲ့ အဆုံးအမအတိုငိး 
လိုက်နာ ကျင့်သုံးနိုငိကြပါစေကုန်သတည်း။

သာဓု...သာဓု...သာဓု

ိ မေတ္တာပို့"
……………

သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ … 

မေတ္တာရေချမ်း သွန်းကာဖြန်း ငြိမ်းချမ်းကြပါစေ … 

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ … 

ု

"မေတ္တာပို့"
……………

"ဓမ္မေသဓံ ပိဝိတွာန၊

ဝိသာ သဗ္ဗေ သမူဟတာ။

အဇရာမရံ သီတိတာဝံ၊

နိဗ္ဗာနံ ယန္တု သာဓဝေါ။

ဓမ္မောသဓံ - လောဘ, ဒေါသ, မောဟဆိပ်တောက်၊ ကင်းပျောက်ကြည်အေး တရားဆေးကို၊

ပိဝိတွာန - ၀မ်းသာရွှင်ပျ၊ သောက်ကြရ, နာကြရကုန်သောကြောင့်၊ 

ဝိသာသဗ္ဗေ - ပူဆာ ညစ်နောက် ကိလေသာ အဆိပ်အတောက် ဟူသမျှတို့သည်၊

သမူဟတာ - ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့၊ ကင်းစင်လွင့်ပျောက်၊ ဘေးမရောက်အောင် ပယ်ဖျောက်အပ်ကုန်သည်၊

ဟောန္တု - စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။

အဇရာမရံ - အိုခြင်းလည်းကွာ၊ နာခြင်းလည်းကင်း၊ သေခြင်းလည်း ရှင်းထသော၊

သီတိဘာဝံ - ကိလေသာဟူ အပူခပ်သိမ်း၊ ကင်းငြိမ်းရာ အစစ်ဖြစ်ပေထသော၊

နိဗ္ဗာနံ - နိဗ္ဗာန်ဟုခေါ် အေးမြို့တော်သို့၊

သာဓဝေါ - တရားချစ်ခင် စိတ်ကောင်းဝင်ငြား၊ သူတော်စင် အများတို့သည်၊

ယန္တု - ပါရမီအဆင့်ဆင့် မြင့်ထက်မြင့်၍၊ မလင့်ပုံသေ၊ ဆိုက်ရောက်တော်မူကြပါစေကုန်သတည်း။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)

သာဓု - သာဓု - သာဓု

………………………………………………………

(Post တိုင်းကို လွတ်လပ်စွာ share နိုင်ပါတယ်ရှင်။
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။)

 "ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း"( ၉)
**********************************
ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို လက်ဆင့်ကမ်းသွားဖို့ လိုအပ်တယ်၊



သုတ္တန်တစ်ခုမှာ မြတ်စွာဘုရား ဆုံးမတယ်ဆိုရင် ဒါ အခြေခံအားဖြင့် လိုက်နာရမယ့်
ကိုယ်ကျင့်သီလနဲ့ ပတ်သက်တာတွေများတယ်၊

သံသရာဝဋ်က လွတ်ချင်ပြီ ဆိုတဲ့အခါ ဒီ နည်းစနစ်ကတော့ အခြားဘာသာမှာမရှိဘူး၊

ဗုဒ္ဓဘာသာမှာပဲ ရှိတယ်၊

သံသရာဝဋ်ကလွတ်အောင်လုပ်တဲ့နည်း၊

စိတ်ရဲ့ Stress ဆိုတာတွေကို ကင်းသွားအောင်လုပ်တဲ့နည်း၊
စိတ်ပူပန်မှုတွေမရှိတော့အောင်လုပ်တဲ့နည်းဟာ ဗုဒ္ဓဘာသာမှာပဲရှိတယ်၊

မသေခင်လည်း စိတ်ဖိစီးမှုဆိုတဲ့ Stress တွေ၊ Stress တွေ မဖြစ်အောင် ထိန်းချုပ်နိုင်တယ်၊


နောက်ဆုံးမှာ လုံးဝ Stress ဆိုတာတွေ မလာတော့တဲ့ အခြေအနေမျိုးရအောင် ကျင့်ခြင်းဖြင့် တရားနှလုံးသွင်း ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းက ဒီအခြေအနေကောင်းတစ်ခု ဖြစ်ပေါ်စေတယ်ဆိုတာ

 မြတ်စွာဘုရားကဟောထားတယ်။

"သံယောဇနိယ" ဆိုတဲ့စကားလုံးက သံယောဇဉ်ဖြစ်စရာအာရုံကိုပြောတာ၊


လူ့ဘ၀မှာ မိသားစုနဲ့နေထိုင်တဲ့ ပုဂ္ဂိုလ်က သံယောဇဉ်ဖြစ်စရာဆိုတာ သားရှိမယ်၊ သမီးရှိမယ်၊ ဇနီးရှိမယ်၊ မိသားစုရှိမယ်၊ ပစ္စည်း ဥစ္စာတွေရှိမယ်၊ ကိုယ်ပိုင်ဆိုင်တဲ့အရာရှိမယ်၊

ဒါ သံယောဇဉ်ဖြစ်စရာတွေချည်းပဲ။

ဘုန်းကြီးတွေဆိုလိုရှိရင်လည်း သပိတ်တို့၊ သင်္ကန်းတို့၊ ကျောင်းတို့ သံယောဇဉ်ဖြစ်စရာ အာရုံတွေ၊ တပည့်သားမြေးတွေ အဲတော့ "သံယောဇနိယ" သံယောဇဉ် ဖြစ်စရာတွေက အများကြီးရှိတယ်၊


သာမန်အားဖြင့် ပြောမယ်ဆိုရင်တော့ ရုပ်နဲ့နာမ် နှစ်မျိုးပဲ ရှိတယ်လို့ ဒီလိုပဲ ပြောရမှာပေါ့နော်၊


ရုပ်နာမ်နှစ်မျိုးဟာ ခန္ဓာငါးပါးနဲ့ပြောမယ်ဆိုရင်

"ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ" လို့ လူတိုင်းလူတိုင်းမှာရှိတဲ့
ရုပ်နာမ်နှစ်ပါး၊
ခန္ဓာငါးပါး၊
သံယောဇဉ်ဖြစ်ရာ သံယောဇနိယပဲ။

အဲဒီ သံယောဇဉ်ဖြစ်စရာ ရုပ်နာမ်တရားပေါ်မှာ ရှုမြင်သုံးသပ်မှုနှစ်ခုဟာ အင်မတန်မှ နီးကပ်နေတယ်၊

အဲဒီနှစ်ခုကို မှန်ကန်တဲ့ အနေနဲ့ရှုဖို့ မြတ်စွာဘုရားက ဟောထားတာ၊

သံယောဇဉ်ဖြစ်စရာ တရားတွေအပေါ်မှာတဲ့ "အဿာဒါ နုပဿီ"

ကျေနပ်စရာတွေ တွယ်တာစရာတွေ၊ နှစ်သက်စရာတွေချည်းပဲ ရှုမြင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ၊
သံယောဇဉ် ဖြစ်စရာ အာရုံတွေကို ကျေနပ်စရာတွေလို့၊ တွယ်တာစရာတွေလို့ နှစ်ခြိုက်ပြီးတော့နေတဲ့အမြင်နဲ့ မြင်ပြီးတော့နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်

"နိဗ္ဗိဒါ နုပဿီ" ငြီးငွေ့စရာချည်းပဲလို့ အပြစ်မြင်တဲ့ ပုဂ္ဂိုလ်က တစ်ယောက်၊


အဲဒီ ပုဂ္ဂိုလ်နှစ်ယောက်ထဲမယ် သံသရာဝဋ်ကလွတ်ဖို့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုဖို့ ဆိုလို့ရှိရင် အဲဒီ သံယောဇဉ်ဖြစ်စရာ အာရုံတွေကို ငြီးငွေ့တဲ့စိတ်ပေါ်လာအောင် ရှုမှတ်ဆင်ခြင်တဲ့ ပုဂ္ဂိုလ်သာလျှင် ဒီ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်၊


"အဿာဒါ နုပဿီ"သာယာစရာတွေသာ ကြည့်ပြီးတော့ သာယာနေတဲ့ ပုဂ္ဂိုလ်က သံသရာထဲမှာ လည်နေမှာပဲ၊


ဒီလမ်းကြောင်းနှစ်ခု မြတ်စွာဘုရားရှင်းပြထားတာ၊


အဲဒီလမ်းကြောင်း နှစ်ခုကို အတိုချုံး ပြောရလို့ရှိရင်

(၁) သံယောဇဉ် ဖြစ်စရာ အာရုံတွေပေါ်မှာ သာယာစရာလို့ ရှုမှတ်နေတဲ့ ပုဂ္ဂိုလ်၊
ရှုမြင်နေတဲ့ ပုဂ္ဂိုလ်ဟာ
ရာဂကို မဖယ်နိုင်ဘူး၊
ဒေါသကို မဖယ်နိုင်ဘူး၊
မောဟကို မဖယ်နိုင်ဘူး၊
ဟုတ်တယ်လေ၊
သံယောဇဉ်ဖြစ်စရာ အာရုံတွေပေါ်မှာ ပျော်ပြီးတော့ မစွန့်လွှတ်နိုင်ဘူးဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
ရာဂတွေက တိုးပွားလာတယ်၊
ဒေါသတွေလည်း တိုးပွားလာတယ်၊
မောဟတွေလည်း တိုးပွားလာတယ်၊

ရာဂတိုးပွားလာရင် ဒေါသဆိုတာ တိုးပွားတယ်၊

ဘာဖြစ်လို့တုံး၊
အမြဲတမ်း အလိုကျနေတာမှမဟုတ်တာ၊
အလိုမကျတဲ့အခါတွေ အများကြီး ဖြစ်လာတယ်လေ၊

အလိုကျတာချည်း မဖြစိနိုင်တော့ အလိုကျနေတဲ့အခါ ရာဂ တိုးပွားတယ်၊


အလိုမကျတဲ့အခါ ဒေါသ တိုးပွားတယ်၊


အဲဒီလို မဟုတ်ဘဲနဲ့ အမှန်မသိတဲ့အခါကျတော့ မောဟတွေ တိုးပွားလာတယ်၊


အဲဒီ ရာဂ၊ ဒေါသ၊ မောဟတွေကို မဖယ်နိုင်ဘူး၊


မဖယ်နိုင်သည့်အတွက်ကြောင့် ဘာဖြစ်တုံးဆိုရင် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဒီ ဒုက္ခတွေ မလွန်မြောက်နိုင်ဘူး၊

ဒီဒုက္ခတွေ ဘယ်တော့မှ အဆုံးမသတ်နိုင်ဘူးတဲ့၊

ဒီပုဂ္ဂိုလ်မျိုးဟာ သံသရာထဲမှာ လည်နေတဲ့ ပုဂ္ဂိုလ်။


သံသရာထဲမှာ လည်နေတဲ့ ရှုမြင်သုံးသပ်မှုကို ရှုမြင်သုံးသပ်ပြီး သံသရာက ထွက်ဖို့ရာအတွက် ရှုမြင်သုံးသပ်တဲ့အခါ ဒီလို ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့လိုတယ်၊


"သာယာစရာလို့ မြင်နေရင်တော့ သံသရာဝဋ်က လွတ်မှာ မဟုတ်ဘူးတဲ့၊


ကဲ သာယာစရာလို့ မမြင်ဘူး

"နိဗ္ဗိဒါ"ငြီးငွေ့စရာ၊
စိတ်ပျက်စရာ၊ တွယ်တာစရာဆိုတာ တစ်ခုမှ မရှိဘူး"
ရုပ်နဲ့နာမ်ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လည် ဆန်းစစ်ကြည့်လိုက်လို့ရှိရင်

ဪ ကိုယ့်ခန္ဓာကိုယ်ကြီးမှာ

ရုပ်နဲ့နာမ် နှစ်မျိုးပဲ၊
ငါဆိုတာလည်း မရှိဘူး၊
ငါ့ဟာဆိုတာလည်း မရှိဘူး၊
ငါမှမရှိရင် ငါ့ဟာ ဘယ်ရှိတော့ပါ့မလဲ၊
ငါလို့ ပြောစရာလည်း မရှိဘူး၊
ငါ့ဟာလို့ ပြောစရာလည်း မရှိဘူး၊
ထာဝရ သူ့အကြောင်းနဲ့သူဖြစ်ပြီးတော့ ပျက်သွားတဲ့အရာတွေတောင် ငါ၊ ငါ့ဟာ လုပ်နေကြတာလို့ ဒီလို အမှန်မြင်လာတယ်။

(၂) သံသရာဝဋ်မှာ ရုပ်တွေ နာမ်တွေဟာ အင်မတန်မှ စိတ်ပျက်ငြီးငွေ့စရာကောင်းတဲ့ အရာတွေပဲလို့ ရှုမြင်လာနိုင်တဲ့ပုဂ္ဂိုလ်ဟာ


ရာဂကိုလည်း လျှော့ချနိုင်တယ်၊


တွယ်တာမှုတွေ လျော့သွားတယ်၊


တွယ်တာမှုတွေ လျော့သွားရင် တွယ်တာမှုလျော့သလောက် ဒေါသကလည်း လျော့သွားတယ်၊


ဒေါသနဲ့ တွယ်တာမှုဟာ တွယ်တာမှုက ပိုပြင်းထန်တယ်၊

တွယ်တာမှုတွေ မကုန်ခင် ဒေါသကုန်သွားနိုင်တယ်ပေါ့၊

နောက် အမှန်သိလို့ မောဟတွေလည်း ကုန်သွားမယ်၊


အေး ရာဂ၊ဒေါသ၊ မောဟတွေကို ဖယ်နိုင်ပြီဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒီ "ဖြစ်၊ အို၊ နာ၊ သေ"ဆိုတဲ့ ဆင်းရဲဒုက္ခ မလာတော့ဘူး၊


ရာဂ၊ ဒေါသ၊ မောဟ ရှိနေမှ သံသရာထဲမှာ ကံက အကျိုးပေးတာ၊

အဲဒီ ကံ အကျိုးပေးမှ မွေးဖွားခြင်းတို့၊ အိုခြင်းတို့၊ နာခြင်းတို့၊ သေခြင်းတို့ ဆိုတာ ဖြစ်တယ်တဲ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီသုတ္တန်မှာ တိုတိုလေးဟောထားတာ

"နိဗ္ဗိဒါ နုပဿီ"ငြီးငွေ့စရာဘက်ကရှုထောင်းက ကြည့်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။

ဒါကြောင့်မို့ သံသရာဝဋ်က လွတ်ဖို့ရာအတွက် ကိုယ့်ဘ၀ ကိုယ့်ခန္ဓာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသမျှတွေ အားလုံး အပေါ်မှာ

"စိတ်ပျက်ငြီးငွေ့စရာတွေပဲ၊
အားလုံးဟာ မမြဲတဲ့ အနိစ္စသဘောတွေ၊

မမြဲတဲ့ နှိပ်စက်မှုကြောင့် ဒုက္ခသဘောတွေ၊


ကိုယ်မပိုင်တဲ့ အနတ္တသဘောတွေသာ ဖြစ်တယ်"လို့


ဒီလို ဆင်ခြင် သုံးသပ်ခြင်းဖြင့် သံသရာဝဋ်ကလွတ်တဲ့ ၀ိပဿနာဉာဏ်ကို ရနိုင်တယ်။


"နိဗ္ဗိဒါ"ဆိုတာ ၀ိပဿနာဉာဏ်ကို ပြောတာပါပဲ၊


ဝိပဿနာနဲ့ ရှုမှတ်သွားလို့ရှိရင် နောက်ဆုံးမှာ သံသရာဝဋ်က လွတ်ရာလွတ်ကြောင်ူဖြစ်တဲ့ နိဗ္ဗာန်ကို မျကိမှောက်ပြုကြမှာ ဖြစ်ပါတယ်။


ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဆုံးအမဖြစ်တဲ့ ဒေသနာတော်ကို မှတ်သားပြီးတော့
သံသရာဝဋ်က လွတ်ရာလွတ်ကြောင်း ရှုရမယ့် ရုပ်တရား၊ နာမ်တရားတွေအပေါ်မှာငြီးငွေ့စရာအဖြစ် ရှုမြင်နိုင်အောင်
ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။

အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ဝိပဿနာ ရှုမြင်နိုင်မှ ငြီးငွေ့ခြင်းပေါ်လာတဲ့အခါမှာ

သံသရာဝဋ်က လွတ်ရာလွတ်ကြောင်း ရာဂကို ဖယ်ရှားနိုင်မယ်၊
ဒေါသကို ဖယ်ရှားနိုင်မယ်၊
မောဟကို ဖယ်ရှားနိုင်မယ်။

ရာဂ၊ ဒေါသ၊ မောဟကို ဖယ်ရှားနိုင်မှ သံသရာဝဋ်က လွတ်မြောက်မယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး

ဗုဒ္ဓရဲ့ အဆုံးအမအတိုငိး
လိုက်နာ ကျင့်သုံးနိုငိကြပါစေကုန်သတည်း။

သာဓု...သာဓု...သာဓု


ိ မေတ္တာပို့"

……………

သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ …


မေတ္တာရေချမ်း သွန်းကာဖြန်း ငြိမ်းချမ်းကြပါစေ …


သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ …




"မေတ္တာပို့"

……………

"ဓမ္မေသဓံ ပိဝိတွာန၊


ဝိသာ သဗ္ဗေ သမူဟတာ။


အဇရာမရံ သီတိတာဝံ၊


နိဗ္ဗာနံ ယန္တု သာဓဝေါ။


ဓမ္မောသဓံ - လောဘ, ဒေါသ, မောဟဆိပ်တောက်၊ ကင်းပျောက်ကြည်အေး တရားဆေးကို၊


ပိဝိတွာန - ၀မ်းသာရွှင်ပျ၊ သောက်ကြရ, နာကြရကုန်သောကြောင့်၊


ဝိသာသဗ္ဗေ - ပူဆာ ညစ်နောက် ကိလေသာ အဆိပ်အတောက် ဟူသမျှတို့သည်၊


သမူဟတာ - ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့၊ ကင်းစင်လွင့်ပျောက်၊ ဘေးမရောက်အောင် ပယ်ဖျောက်အပ်ကုန်သည်၊


ဟောန္တု - စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။


အဇရာမရံ - အိုခြင်းလည်းကွာ၊ နာခြင်းလည်းကင်း၊ သေခြင်းလည်း ရှင်းထသော၊


သီတိဘာဝံ - ကိလေသာဟူ အပူခပ်သိမ်း၊ ကင်းငြိမ်းရာ အစစ်ဖြစ်ပေထသော၊


နိဗ္ဗာနံ - နိဗ္ဗာန်ဟုခေါ် အေးမြို့တော်သို့၊


သာဓဝေါ - တရားချစ်ခင် စိတ်ကောင်းဝင်ငြား၊ သူတော်စင် အများတို့သည်၊


ယန္တု - ပါရမီအဆင့်ဆင့် မြင့်ထက်မြင့်၍၊ မလင့်ပုံသေ၊ ဆိုက်ရောက်တော်မူကြပါစေကုန်သတည်း။


အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)


သာဓု - သာဓု - သာဓု

No comments:

Post a Comment