ဘုရားဖူးချင်သေးလို့ - တဲ့
**********************
သီရိလင်္ကာ(သီဟိုဠ်ကျွန်း)၌ စူဠသံဃရက္ခိတ
မထေရ်ကြီးတစ်ပါး ရှိ၏ ၊ သီလ-သမာဓိ-ပညာ
ဂုဏ်တို့ဖြင့် အရှိန်အဝါကြီးမားလှသည် ၊ အများ
က ကြည်ညိုကြ၏ ၊ သက်တော်က(၈၀)-သိက္ခာ
တော်က(၆၀) ရှိလာသောအခါ အိုပြီဖြစ်၍၊ သေ
ရာညောင်စောင်းထက်၌ လျောင်းရင်း ညည်း
တွားနေရလေပြီ ၊ အလုပ်အကျွေးရဟန်းငယ်တို့
က မေးလျှောက်ကြ၏ -
"အရှင်ဘုရား -- အားကိုးစရာ တစ်စုံ တစ်ခု
သော လောကုတ္တရာတရားများ ရရှိပါပြီလား
ဘုရား"
"ဟင့်အင်-ငါ့မှာ လောကုတ္တရာတရား တစ်စုံ
တစ်ခုမျှ မရှိ"
"အို အရှင်ဘုရား - ထက်ဝန်းကျင် ပတ်ပတ်
လည် (၁၂) ယူဇနာခန့်မှစ၍ ဒကာ ဒကာမတွေ
က အရှင်ဘုရား ပရိနိဗ္ဗာန်ပြုတော့မည် ဆိုပြီး
စုဝေးနေကြပါပြီ ၊ ဒီလိုဆိုရင် ပုထုဇဉ်ဘဝဖြင့်
အရှင်ဘုရားက သေရတော့မယ်ဆိုတော့ လူတွေ
အဖို့ အထင်ကြီးရသလောက် စိတ်မကောင်းစရာ
ပဲဘုရား"
"ဩော်-- ဒီလိုလား ၊ ကဲ-ကဲ-ကဲ -- ဒါဖြင့်
ငါ့ကို ထူပေးစမ်း ၊ ခဏကလေး ငါ့ကို ထူပေး
စမ်း"
ဤသို့အမိန့်ရှိသဖြင့် ညောင်စောင်းထက်တွင်
လဲလျောင်းနေရာမှ ငုတ်တုတ်ထိုင်၍ ပေးလိုက်
ကြလေသည် ။
"ကဲ --- အပြင်ထွက်ကြ" ဟု အမိန့်ရှိသဖြင့်
အလုပ်အကျွေး ရဟန်းငယ်များ အပြင်သို့ထွက်
ကြရ၏ ၊ အပြင်သို့ ရောက်ခါရှိသေး ၊ မထေရ်
ကြီးက လက်ဖျောက်တီး၍ ခေါ်တော့၏ ၊ "ကိစ္စ
ပြီးပြီ" ဟု သိလိုက်ကြရသည် ။
"အရှင်ဘုရား -- ဤမျှ လျှင်မြန်စွာ လောကု
တ္တရာတရားကို လက်ဝယ်ပိုင်ပိုင် ရရှိစေနိုင်သည်
မှာ အံ့ဩစရာပဲ ဘုရား" -- ဤသို့ လျှောက်
ထားကြသောအခါ မထေရ်ကြီးက -
"အိမ်း -- ငါက လာမည့် အရိမေတ္တေယျ
ဘုရားကို ဖူးချင်သေးလို့ ဝိပဿနာမလုပ်သေး
ဘဲ ထားတာပါ ၊ နိဗ္ဗာန်ကို အခုလိုချင် အခုရ
ပါတယ် ၊ အဲလို မြန်မြန်ရတာကလဲ သီလတွေ
စင်စင်ကြယ်ကြယ် နေခဲ့လို့" --ဤသို့ ပြန်လည်
အမိန့်ရှိပါသည် ။
မှတ်ချက်။ ။ ဤမထေရ်ကြီးကား ဘုရားဖူးချင်
၍ စောင့်နေခြင်းဖြစ်၏ ၊ ဘုရား
ဖူးလိုသောဆန္ဒကို ဒုက္ခတွေ တနင့်တပိုးကြီးနှင့်
လဲ၍ ဖြည့်တင်းနေခြင်းဖြစ်သည် ။
မိုးကုတ်ဆရာတော်ဘုရားကြီး ၏တစ်ဘဝ သာသနာ (စာ- ၂၀၃)
**********************
သီရိလင်္ကာ(သီဟိုဠ်ကျွန်း)၌ စူဠသံဃရက္ခိတ
မထေရ်ကြီးတစ်ပါး ရှိ၏ ၊ သီလ-သမာဓိ-ပညာ
ဂုဏ်တို့ဖြင့် အရှိန်အဝါကြီးမားလှသည် ၊ အများ
က ကြည်ညိုကြ၏ ၊ သက်တော်က(၈၀)-သိက္ခာ
တော်က(၆၀) ရှိလာသောအခါ အိုပြီဖြစ်၍၊ သေ
ရာညောင်စောင်းထက်၌ လျောင်းရင်း ညည်း
တွားနေရလေပြီ ၊ အလုပ်အကျွေးရဟန်းငယ်တို့
က မေးလျှောက်ကြ၏ -
"အရှင်ဘုရား -- အားကိုးစရာ တစ်စုံ တစ်ခု
သော လောကုတ္တရာတရားများ ရရှိပါပြီလား
ဘုရား"
"ဟင့်အင်-ငါ့မှာ လောကုတ္တရာတရား တစ်စုံ
တစ်ခုမျှ မရှိ"
"အို အရှင်ဘုရား - ထက်ဝန်းကျင် ပတ်ပတ်
လည် (၁၂) ယူဇနာခန့်မှစ၍ ဒကာ ဒကာမတွေ
က အရှင်ဘုရား ပရိနိဗ္ဗာန်ပြုတော့မည် ဆိုပြီး
စုဝေးနေကြပါပြီ ၊ ဒီလိုဆိုရင် ပုထုဇဉ်ဘဝဖြင့်
အရှင်ဘုရားက သေရတော့မယ်ဆိုတော့ လူတွေ
အဖို့ အထင်ကြီးရသလောက် စိတ်မကောင်းစရာ
ပဲဘုရား"
"ဩော်-- ဒီလိုလား ၊ ကဲ-ကဲ-ကဲ -- ဒါဖြင့်
ငါ့ကို ထူပေးစမ်း ၊ ခဏကလေး ငါ့ကို ထူပေး
စမ်း"
ဤသို့အမိန့်ရှိသဖြင့် ညောင်စောင်းထက်တွင်
လဲလျောင်းနေရာမှ ငုတ်တုတ်ထိုင်၍ ပေးလိုက်
ကြလေသည် ။
"ကဲ --- အပြင်ထွက်ကြ" ဟု အမိန့်ရှိသဖြင့်
အလုပ်အကျွေး ရဟန်းငယ်များ အပြင်သို့ထွက်
ကြရ၏ ၊ အပြင်သို့ ရောက်ခါရှိသေး ၊ မထေရ်
ကြီးက လက်ဖျောက်တီး၍ ခေါ်တော့၏ ၊ "ကိစ္စ
ပြီးပြီ" ဟု သိလိုက်ကြရသည် ။
"အရှင်ဘုရား -- ဤမျှ လျှင်မြန်စွာ လောကု
တ္တရာတရားကို လက်ဝယ်ပိုင်ပိုင် ရရှိစေနိုင်သည်
မှာ အံ့ဩစရာပဲ ဘုရား" -- ဤသို့ လျှောက်
ထားကြသောအခါ မထေရ်ကြီးက -
"အိမ်း -- ငါက လာမည့် အရိမေတ္တေယျ
ဘုရားကို ဖူးချင်သေးလို့ ဝိပဿနာမလုပ်သေး
ဘဲ ထားတာပါ ၊ နိဗ္ဗာန်ကို အခုလိုချင် အခုရ
ပါတယ် ၊ အဲလို မြန်မြန်ရတာကလဲ သီလတွေ
စင်စင်ကြယ်ကြယ် နေခဲ့လို့" --ဤသို့ ပြန်လည်
အမိန့်ရှိပါသည် ။
မှတ်ချက်။ ။ ဤမထေရ်ကြီးကား ဘုရားဖူးချင်
၍ စောင့်နေခြင်းဖြစ်၏ ၊ ဘုရား
ဖူးလိုသောဆန္ဒကို ဒုက္ခတွေ တနင့်တပိုးကြီးနှင့်
လဲ၍ ဖြည့်တင်းနေခြင်းဖြစ်သည် ။
မိုးကုတ်ဆရာတော်ဘုရားကြီး ၏တစ်ဘဝ သာသနာ (စာ- ၂၀၃)
No comments:
Post a Comment