/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, March 21, 2014

**** တစ်နေ့တခြား “ စိတ်ထား မြင့်မားတဲ့သူ” ***

Photo: တစ်နေ့တခြား “ စိတ်ထား မြင့်မားတဲ့သူ”
••••••••••••••••••••••••••••••••
♦ ငါဟာ တစ်နေ့ ထက်တစ်နေ့ ပိုပြီး 
“လူပီသတဲ့သူ”  ဖြစ်လာရမယ်။ 
♦ ပိုပြီးတော့ ကြည်လင်အေးချမ်း သန့်ရှင်းတဲ့သူ၊ 
မြင့်မြတ်တဲ့သူ ဖြစ်ရမယ်။
♦ ငါဟာ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူ
တစ်ယောက်ဖြစ်ရမယ်။ 
ဒါဟာ ငါ့ဘ၀မှာ အရေးအကြီးဆုံး ၊
အခြေခံအကျဆုံး “ဆုံးဖြတ်ချက်” ဖြစ်တယ်။
www.facebook.com/youngbuddhistassociation.mm
♦ ငါလိုချင်တဲ့ ပညာကို ကိုယ့်အားကိုယ်ကိုးပြီး ရှာနိုင်ရမယ်။
♦ မြင့်မြတ်တဲ့ အမှန်တရားကို သိနိုင်တဲ့သူ ဖြစ်ရမယ်။ 
♦ ငါလိုချင်တဲ့ ၀င်ငွေကို ကောင်းတဲ့နည်းနဲ့ 
လုံလောက်အောင် ရှာနိုင်တဲ့သူ ဖြစ်ရမယ်။ 
♦ ငါလုပ်တဲ့ အလုပ်ဟာ လူ့အသိုင်းအ၀ိုင်းကို 
အကျိုးပြုတဲ့အလုပ် ဖြစ်ရမယ်။ 
♦ ငါ့အသိုင်းအ၀ိုင်းထဲမှာ ငါယူသင့်တဲ့တာဝန်ကို ယူတဲ့သူ ဖြစ်ရမယ်။
♦ ငါ့ကိုယ်ငါ လေးစားရမယ်။ လေးစားတဲ့သူ ဖြစ်ရမယ်။ 
♦ ငါ့ရဲ့ကိုယ်ကျင့်သိက္ခာကို လူအများ လေးစားနိုင်ရမယ်။ 
♦ ငါ့ရဲ့ရိုးသားမှု ဖြောင့်မတ်မှုကို 
“အစစ်အဆေးခံနိုင်တဲ့သူ”  ဖြစ်ရမယ်။

အဲဒီလို ရည်ရွယ်ချက်ကို ပြတ်ပြတ်သားသား ထားနိုင်ရင် 
ဘယ်သူမဆို “အောက်တန်းကျတဲ့သူ” မဖြစ်တော့ဘူး။ 
ဂုဏ်သိက္ခာရှိတဲ့သူပဲ ဖြစ်မယ်။

ငါ့ကိုယ်ငါ လေးစားရမယ်။ 
ပတ်ဝန်းကျင်ကလည်း ငါ့ကို လေးစားရမယ်။ 
အဲဒါ မရလို့ မဖြစ်ဘူး။ လူတွေကြားထဲမှာ နေရတာ 
ငါ့ကို လူတွေက စည်းကမ်းရှိတဲ့သူ၊ အသိဥာဏ်ရှိတဲ့သူ၊ 
ရိုးသားတဲ့သူ၊ အစွမ်းအစရှိတဲ့သူ၊ သတ္တိရှိတဲ့သူလို့ 
လက်ခံမှဖြစ်မှာ။ စည်းကမ်းမရှိဘူး။ မရိုးသားဘူး။ 
အစွမ်းအစမရှိဘူး၊ သတ္တိမရှိဘူးလို့ ထင်နေရင် 
ငါ ဘာလုပ်လို့ ရတော့မှာလဲ။ 
ဘာမှ လုပ်လို့မရတော့ဘူး။ 
www.facebook.com/youngbuddhistassociation.mm
အဲဒါကြောင့် ကိုယ့်ကို သူတစ်ပါးက ယုံကြည်ရမယ်။
လေးစားရမယ်။အားကိုးနိုင်လောက်တဲ့သူ ဖြစ်ရမယ်။
ငါဟာ တာဝန်ယူနိုင်တဲ့သူ ဖြစ်ရမယ်။ 
ငါဟာ ဥာဏ်ရှိတဲ့သူ ဖြစ်ရမယ်။ 

ဒါကြောင့် ရနိုင်သလောက် ပညာကို ကိုယ့်ဟာကိုယ် ရှာမယ်။ 
လုပ်နိုင်သလောက် အလုပ်ကို ကိုယ့်ဟာကိုယ် လုပ်မယ်။ 
ကိုယ့်အားကိုယ်ကိုးတဲ့သူ ဖြစ်ရမယ်။ 
နောင်တစ်နေ့ကျရင် ကိုယ့်အားကိုယ်ကိုးရုံတင် မကဘူး။
သူများကပါ ကိုယ့်ကိုအားကိုးရမည့်သူ ဖြစ်ရမယ်။
ငါဟာ အခုအချိန်မှာ တပည့်နောက်လိုက်ဖြစ်နေတယ်။ 
တချိန်ကျရင် ငါဟာ ဦးဆောင်တဲ့သူ ဖြစ်ရဦးမှာပဲ။ 
ဒါကြောင့် ကိုယ့်မှာရှိတဲ့ ကောင်းတဲ့အရည်အချင်းတွေ၊ 
အစွမ်းအစတွေကို မြင့်နိုင်သလောက် မြင့်အောင် မြှင့်ရမယ်။

ဒါမှလည်း ငါ့ကိုယ်ကိုငါ လေးစားလို့ရမယ်။
အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ ဒီထက်
ပိုကောင်းအောင် လုပ်လို့ ရပါရက်နဲ့ ဒီထက်ပိုကောင်းအောင် 
ငါကြိုးစားပြီး မလုပ်လို့ရှိရင်ရော ငါ့ကိုယ်ငါ ဘယ်လိုမြင်မလဲ၊ 
အထင်သေးမယ်။ ငါ့ကိုယ်ကိုငါ အထင်သေးတာကို 
လက်မခံနိုင်ဘူး။ ဒါကြောင့် တစ်ခုခုလုပ်တဲ့အခါ 
အတတ်နိုင်ဆုံး ကောင်းအောင် ကြိုးစားပြီးလုပ်မယ်။
ဒီထက်ကောင်းနိုင်သေးတယ်ဆိုရင် ဒီထက် 
ကောင်းအောင် ကြိုးစားနေဦးမှာပဲ။
www.facebook.com/youngbuddhistassociation.mm
ဒီလိုကြိုးစားနေရတာ အဓိပ္ပာယ်ရှိတယ်။ 
အဲသလို ကြိုးစားနေမှလည်းပဲ ကိုယ့်ကိုယ်ကို 
ပိုလေးစားတယ်။

● အချိန်တွေ အလကားဖြုန်းလို့ မဖြစ်ဘူး။ 
● အချိန်ဖြုန်းမိရင် ကိုယ့်ကိုယ်ကို မလေးစားနိုင်ဘူး။ 
● အချိန်ဟာ တန်ဖိုးရှိတယ်။ 
● အချိန်ရှိသမျှ တန်ဖိုးရှိတာ တစ်ခုခု လုပ်နေရမှာပဲ။ 
အဲသလိုလုပ်နေရင်းနဲ့လည်း ပျော်နေချင်တယ်။
● တကယ့်စိတ်ထားကောင်းတဲ့သူ လူတစ်ယောက်ဖြစ်ချင်တယ်။ 
● တည်ငြိမ်အေးချမ်းပြီး ဘာကိုမှ မကြောက်တဲ့သူ ဖြစ်ချင်တယ်။ 
သူများ အထင်မကြီးမှာ မကြောက်ဘူး။ 
အထင်သေးမှာ မကြောက်ဘူး။ 
● သေမှာလည်း မကြောက်တဲ့သူ ဖြစ်ချင်တယ်။
● “ ငါ ”ဆိုတဲ့ အစွဲကနေ လုံးလုံးလွတ်နေတဲ့စိတ်နဲ့ 
နေချင်တယ်။
● မြင့်မြတ်တဲ့ စိတ်ထားနဲ့ လေးနက်မှန်ကုန်တဲ့
အသိဥာဏ် “အမြင့်ဆုံး”ကို သိချင်တယ်။
● ဖြစ်နိုင်သမျှ အကောင်းဆုံးဖြစ်ချင်တယ်။
● ကိုယ့်စိတ်ထဲမှာ အကောင်းဆုံးလူတစ်ယောက်
ဖြစ်ချင်တယ် လို့ပြောနေတာကို သတိထားသင့်တယ်။

ငါတန်ဖိုး အထားဆုံးအရာဟာ ငါ့စိတ်ပဲ။
ငါ့စိတ်ကို ယုတ်နိမ့်သွားစေမယ့် အတွေးတွေ၊ 
သဘောထားတွေကို အမြစ်တွယ်ခွင့် မပေးဘူး။ 
မကောင်းတဲ့အတွေးတွေ သဘောထားတွေကို 
သိ သိပြီး ပယ်မယ်။ လို့ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်ရင် 
တစ်နေ့ တခြား “ စိတ်ထား မြင့်မားတဲ့သူ”  ဖြစ်လာမယ်။ 
ဒီတစ်ခုကို ထိထိရောက်ရောက် လုပ်လိုက်ရင် 
ကိုယ့်ဘ၀တစ်ခုလုံး အရည်အသွေးတိုးတက်လာမယ်။ 
“ဘ၀ရဲ့ အရည်အသွေး” ဟာ “စိတ်ရဲ့အရည်အသွေး”ပေါ်မှာ 
မူတည်တယ်။

ခရီးမိုင်တစ်ထောင်ပဲဖြစ်ဖြစ် သွားရင်တော့ 
ခြေတစ်လှမ်းနဲက စရတာပဲ။ 
ဒီတစ်လှမ်းကိုမှ မလှမ်းရသေးဘူးဆိုရင်  
ဒီခရီးမိုင်တစ်ထောင်ကို ရောက်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ 
တစ်လှမ်း လှမ်းတယ်။ နောက် တစ်လှမ်း လှမ်းတယ်။ 
ဒီလိုပဲ သွားရတာပဲ။

-【ဆရာတော် ဦးဇောတိက】 

Dhamma Dãna Source ► 
www.facebook.com/youngbuddhistassociation.mm

 တစ်နေ့တခြား “ စိတ်ထား မြင့်မားတဲ့သူ”

No comments:

Post a Comment