/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Tuesday, March 18, 2014

***** ကယ်တင်ရှင်အစစ် ****


ကယ်တင်ရှင်အစစ်
===========

ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စု စသည်တို့မှာ ပညာဆည်းကပ်နေကြတဲ့ မြန်မာများကို နိုင်ငံခြားသားတွေက မေးတယ်။
“သင်တို့ရဲ့ ဗုဒ္ဓဘာသာဘုရားက သင်တို့ကို ကယ်တင်ပေးနိုင်သလား” တဲ့။ 



“ဟာ … ဗုဒ္ဓမြတ်စွာက မကောင်းမှု ဒုစရိုက်တွေနဲ့ ကောင်းမှု သုစရိုက်တွေကို ညွှန်ပြပေးတယ်၊ မကောင်းမှုလုပ်ရင် မကောင်းမှုကံဖြစ်ပြီး ကောင်းမှုလုပ်ရင် ကောင်းမှုကံ ဖြစ်တယ်၊ အဲဒီကောင်းကံ မကောင်းကံတွေက ကိုယ်နဲ့အတူ အမြဲလိုက်ပါပြီး 

အကျိုးပေးတတ်တယ်၊ ကောင်းကံတွေက ကောင်းကျိုးကိုပေးပြီး မကောင်းကံတွေက မကောင်းကျိုးကို ပေးတယ်၊ သတ္တ၀ါတွေဟာ ကိုယ်ပြုလုပ်ထားတဲ့ ကံတွေ စီရင်ထားတဲ့အတိုင်း သံသရာမှာ ကျင်လည်နေကြရတယ်” 

“အို … ဒီလိုဆိုရင် သင်တို့ရဲ့ ဗုဒ္ဓဘာသာဘုရားက သင်တို့ကို မကယ်တင်နိုင်ဘူးပေါ့၊ သင်တို့ဟာ သနားစရာပဲ၊ တို့ကိုးကွယ်တဲ့ ဘုရားသခင်က သူ့ကို ယုံကြည်ပြီး ကိုးကွယ်တဲ့လူတွေကို သူတို့ ကျူးလွန်ထားတဲ့ အပြစ်တွေ ရှိရင်လည်း ခွင့်လွှတ်ပြီး ကောင်းကင်ဘုံရောက်အောင် ကယ်တင်ပေးတယ်”

အင်း … ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ သနားစရာဖြစ်နေကြပြီပေါ့။ ဘုရားသခင်ကပဲ ကယ်တင်နိုင်သလား၊ ကိုယ့်ကံကပဲ ကိုယ့်ကြမ္မာကို ဖန်တီးသလားဆိုတာ ဆန်းစစ်ကြည့်ပေါ့။ 

အင်္ဂလန်စာနယ်ဇင်း လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ "ဂျွန်ဝေါ်လ်တာ (John Walters)" က 'ဒုတိယကမ္ဘာစစ်' အတွင်းက 'အရှေ့တောင်အာရှနိုင်ငံ' များမှာ 'သတင်းလိုက်ယူ' ရင်း "ဗုဒ္ဓဘာသာကို လေ့လာပြီး" 'ဗုဒ္ဓဘာသာဝင်' ဖြစ်လာခဲ့တယ်။ ပြီးတော့ "The Essence of Buddhism (ဗုဒ္ဓ၀ါဒ၏ အနှစ်သာရ)" အမည်ရှိတဲ့ စာအုပ်တစ်အုပ်ကို ရေးတယ်။ အဲဒီစာအုပ်မှာ သူ 'တောင်ကိုးရီးယားနိုင်ငံ' ကို ရောက်သွားတော့ 'မဟာမိတ်လေယာဉ်များ' က 'ဆီအောမြို့တော်' ကို အကြီးအကျယ် ဗုံးကြဲနေတယ်။ "သာသနာပြုမစ်ရှင်အဖွဲ့" ရဲ့ "မိဘမဲ့ ကလေးကျောင်းတစ်ကျောင်း" မှာ 'ဆရာမ' က ဦးဆောင်ပြီး 'ကလေးများ အားလုံး' “ဘုရားသခင် ကယ်တော်မူပါ” သီချင်းကို သံပြိုင်သီဆိုနေကြတယ်။ 'ဗုံးတစ်လုံး' က သူတို့အပေါ် ကျလာလို့ အားလုံး 'သေကုန်' ကြရောတဲ့။ 

အဲဒီတော့ ‘ဘုရားသခင် ကယ်တင်တယ်’ ဆိုတာ အခြေအမြစ် မရှိဘူး။ *အသက်ရှင်နေတဲ့အခိုက်မှာတောင် မကယ်တင်နိုင်ရင် သေတဲ့အခါ ဘယ်လိုကယ်တင်နိုင်မှာလည်း* လို့ 'သူ' မှတ်ချက် 'ရေး' ထားပါတယ်။

ဗုဒ္ဓဘာသာအရ 'ကောင်းကင်' မှာ "နတ်ပြည်ခြောက်ထပ်နဲ့ ဗြဟ္မာ့ဘုံ ၂၀" တောင်ရှိတယ်။ သူတို့ပြောတဲ့ ‘ကောင်းကင်ဘုံ’ ဆိုတာ ဘယ်ဘုံလဲ။ "အခြားသီးသန့်တစ်ဘုံ" များ ဖြစ်နိုင်သလား။ "ရုပ်နာမ် ရှိတဲ့ဘုံလား၊ ရုပ်နာမ် မရှိတဲ့ဘုံလား"။ ရုပ်နာမ်ရှိတဲ့ ဘုံဆိုရင် "ထာဝရ မတည်မြဲနိုင်" ဘူး။ "ရုပ်နာမ်တရား" တွေက 'ပျက်တတ်' တဲ့ တရားတွေကိုး။ ဗုဒ္ဓဘာသာက သိထားတဲ့ ဘုံတွေဆိုတာ "ဗုဒ္ဓမြတ်စွာတစ်ဆူ" တည်း မြင်သိတာ မဟုတ်ဘူး။ "အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်" စတဲ့ "အဘိညာဉ်" ကိုရတဲ့ 'သာဝကများ' လည်း မြင်သိကြတာ၊ အရှင်မြတ်တွေကိုယ်တိုင် တက်ရောက်ကြသေးတာ။ ပြီးတော့ "ကံ ကံ ရဲ့အကျိုး" ရှိတာကို "မြတ်စွာဘုရား" သာမက "ဒိဗ္ဗစက္ခု အဘိညာဉ်၊ ယထာကမ္မူပဂ အဘိညာဉ်" ရကြတဲ့ လူများလည်း သိမြင်ကြတာ။

'ကံအကျိုးပေး' တာရှိလို့ "အတိတ်ဘ၀၊ နောက်ဘ၀" ဆိုတာရှိတယ်။ "သံသရာ" ဆိုတာရှိတယ်။ ဒီအကြောင်းကို ကျွန်တော်ရဲ့ ‘ရှေးဘ၀ နောက်ဘ၀ သိပံ္ပနည်းကျ အထောက်အထားများ’ စာအုပ်မှာ ခိုင်ခိုင်လုံလုံ တင်ပြထားတယ်။ ဒါကို အားမရ မကျေနပ်သေးရင် "ဖားအောက်တောရ စင်္ကြ`ံကျောင်း" မှာ တရားအားထုတ်ကြည့်ပါ။ ကိုယ်တိုင် "ကျေကျေနပ်နပ်ကြီး" သိရှိသွားစေရမယ်။

"ကယ်တင်ရှင် ရှိသလား" ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး "မြတ်ဗုဒ္ဓကိုယ်တိုင်" ဖြေဆိုခဲ့ဖူးတယ်။

အခါတစ်ပါးမှာ မြတ်စွာဘုရားဟာ "နာဠန္ဒမြို့" 'ပါဝါရိက သူဋ္ဌေး' ရဲ့ 'သရက်ဥယျာဉ်' မှာ "သီတင်းသုံး" နေတော်မူတယ်။ အဲဒီအခါ 'အဘိဗန္ဓက' ရဲ့သား "ရွာသူကြီး" က ဘုရားရှင်ထံ ချဉ်းကပ်ပြီး လျှောက်ထားတယ်။ “အရှင်ဘုရား … ပစ္ဆာဘူမိမှာနေတဲ့ ပုဏ္ဏားတွေဟာ လူသေရင် နတ်ပြည်ကို ရောက်အောင် လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်၊ အရှင်ဘုရားကော လူသေရင် နတ်ပြည်ကို ရောက်အောင် ပို့ပေးနိုင်ပါသလား”


ဒီတော့ မြတ်စွာဘုရားက “ရွာသူကြီး … သင့်ကိုပဲ ပြန်မေးပါရစေ၊ သင်ကြိုက်သလို ဖြေပါ၊
လူတစ်ယောက်ဟာ "ကျောက်တုံးကြီး" တစ်ခုကို 'ရေတွင်း' ထဲ ပစ်ချလိုက်တယ်၊ အဲဒီနောက် ‘ဟေ့ ကျောက်တုံး … ပေါ်ပါလော့၊ ဟေ့ … ကျောက်တုံး ကုန်းပေါ်သို့ တက်ခဲ့ပါလော့’ လို့ လူအများက ၀ိုင်းပြီး တောင်းပန်တယ်၊ လက်အုပ်ချီပြီး အကြိမ်ကြိမ် ဆုတောင်းတယ်၊ ဒီလို ဆုတောင်းတဲ့ အတွက် ကျောက်တုံးက ရေထဲက ပေါ်လာမည်လား၊ ကုန်းပေါ်ကို တက်လာမည်လား” “မပေါ်လာနိုင်ပါ၊ မတက်လာနိုင်ပါ ဘုရား”


“ရွာသူကြီး … လူတစ်ယောက်ဟာ ထောပတ်အိုးတစ်လုံးကို ရေကန်ထဲမှာ နှစ်မြုပ်ပြီး ရိုက်ခွဲလိုက်တယ် ဆိုပါတော့၊ အဲဒီအခါ အိုးခြမ်းကွဲတွေက အောက်ကိုကျလာပြီး ထောပတ်တွေက

 ရေပေါ်တက်လာကြမယ် မဟုတ်လား၊ အဲဒီအခါ လူတွေ စုဝေးပြီး ‘ဒီထောပတ်တွေ ရေအောက်ကျသွားပါစေ၊ နစ်မြုပ်သွားပါစေ’ လို့ လက်အုပ်ချီပြီး အကြိမ်ကြိမ်ဆုတောင်းကြမယ်၊ ဒီလို ဆုတောင်းတဲ့အတွက် ထောပတ်တွေက ရေအောက်ကို နစ်မြုပ်သွားပါမည်လား” 

“မနစ်မြုပ်နိုင်ပါ ဘုရား”
“ရွာသူကြီး … ဒီဥပမာလိုပဲ လူတစ်ယောက်က ကုသိုလ်တွေကို မပြုပဲ ဒုစရိုက်တွေကိုသာ ကျူးလွန်နေမယ်ဆိုရင် ဒီလူ သေတဲ့အခါ နတ်ပြည်ရောက်ပါစေလို့ ဘယ်သူတွေက ဘယ်လောက်ပဲ ၀ိုင်းပြီး ဆုတောင်းတောင်း ဒီလူ ငရဲကျမှာပဲ၊ အခြားလူ တစ်ယောက်ကတော့ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုတွေကိုပဲ အများကြီးလုပ်ထားရင် ဒီလူသေတဲ့အခါ ဒီလူ ငရဲ ကျပါစေလို့ ဘယ်သူတွေက ဘယ်လောက်ပဲ ၀ိုင်းပြီး ဆုတောင်းတောင်း ဒီလူ နတ်ပြည်ရောက်တော့မှာပဲ” 


“ကဲ … မြတ်စွာဘုရားပေးတဲ့ ဥပမာက သဘာဝမကျဘူးလား၊ တရားမျှတမှု မရှိဘူးလား၊ မကောင်းမှု လုပ်ထားတဲ့လူက နတ်ပြည်ရောက်ပြီး ကောင်းမှုလုပ်ထားတဲ့လူက ဘုရားသခင်ကို ရှိမခိုးတဲ့အတွက် ငရဲကျရင် ဒီဘုရားသခင်ဟာ တရားမျှတပါဦးမလား”

"စိတ္တေန နိယတေ လောကော" - "စိတ်က လောကကို ဦးဆောင်နေတာ" တဲ့။ စိတ်က လောကကို ဖန်တီးနေတယ်။ *ကုသိုလ်စိတ်က ကုသိုလ်ကံမျိုးစေ့ကို ဖြစ်စေပြီး ကောင်းကျိုးကိုပေးမယ်။ အကုသိုလ်စိတ်က အကုသိုလ်ကံမျိုးစေ့ကို ဖြစ်စေပြီး မကောင်းကျိုးကိုပေးမယ်*။ မြတ်စွာဘုရားက ဒီလို "ကံသဘော - ကမ္မနိယာမ" ရှိတာကို ရှင်းပြပြီး ကုသိုလ်တရား၊ အကုသိုလ်တရားတွေကို ခွဲခြားပြထားပေးတယ်။ 

လူတိုင်း လူတိုင်း "ကောင်းတာလုပ်ဖို့နဲ့ မကောင်းတာကို လုပ်ဖို့အတွက် ကိုယ်တိုင်ရွေးချယ်နိုင်" တယ်။ ကိုယ်လုပ်တဲ့ ကံကို ကိုယ်အမွေခံရမယ်။

*ကံရဲ့ အစွမ်းသတ္တိကို ဘယ်ဘုရားသခင်မှ မပြောင်းလဲနိုင်ဘူး*။ ဒီလို ကံသဘောတွေကို အမှန်အတိုင်း ညွှန်ပြပြီးတော့ "သံသရာ ၀ဋ်ဆင်းရဲ" မှ လွတ်မြောက်နိုင်တဲ့ နည်းလမ်းကိုလည်း ညွှန်ပြကာ တကယ် "ထာဝရချမ်းသာရာ နိဗ္ဗာန်ရွှေပြည်" သို့ ပို့ဆောင်ပေးတဲ့ "မြတ်စွာဘုရားသည်သာ တကယ့် ကယ်တင်ရှင်အစစ်" မဟုတ်ပါလား။


(ဒေါက်တာမင်းတင်မွန် ရေးသားသော မြတ်စွာဘုရားကိုဘာကြောင့်
ကိုးကွယ်ထိုက်သလဲ စာအုပ်၊ စာမျက်နှာ ၈၉ မှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment