/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, March 22, 2014

်“ဥာဏ်မျက်စေ့၏အဆုံးအဖြတ်သာ အမှန်"

်“ဥာဏ်မျက်စေ့၏အဆုံးအဖြတ်သာ အမှန်"
*********************************
``ဗုဒ္ဓဝါဒ´´သည်…
်တစ်စုံတစ်ယောက်သောသူအား 
မစဉ်းစားပဲ အရမ်းမဲ့ ယုံကြည် ရန်
အတင်း မတိုက်တွန်းပါ။
   ဤတရားတို့ကား အကုသိုလ်တရားတို့
တည်း။ဤတရားတို့ကားအပြစ် ရှိသော
တရားတို့တည်း။ဤတရားတို့ကားပညာရှိ
တို့ကဲ့ရဲ့ တတ်သောတရားတို့တည်း။ဤ
တရားတို့ကိုပြည့်စုံစေအပ် ဆောက်တည်
အပ်ကုန်သည် ရှိသော်အစီးအပွားမရှိခြင်း
ငှာ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏ဟု သင် တို့
သည် မိမိတို့ကိုယ်တိုင် ဥာဏ်ဖြင့်သိသော
အခါ၌မူပယ်စွန့်ကြကုန် ရာ၏"
ဟုမြတ်စွာဘုရားရှင်မိန့်ဆိုဟောကြား
တော်မူခဲ့ပါသည်။                                                                                       ပကတိမျက်စေ့သည် တကယ့်ဓမ္မ
ကိုမမြင် နိုင်။ပကတိမျက်စေ့ဖြင့်မြင် ရ
သည့်တိုင်ဥာဏ်မျက်စေ့အဆုံးအဖြတ်သာ
အမှန်ဖြစ်လေ၏။
     ပကတိမျက်စေ့၏ မြင် နိုင် စွမ်းရည် 
သည်ကန့်သတ်မှုရှိ၏။ပကတိမျက်စေ့၏
အမြင် အာရုံသည်တစ်ဦးနှင့်တစ်ဦးများစွာ
မကွာခြားလှ။သို့သော်ဥာဏ်မျက်စေ့၏
 မြင် နိုင် စွမ်းရည်သည်လူတို့၌ကွာခြားလွန်း
လှသည်။မည်မျှအထိအ သေးဆုံးအနုစိပ်
မှ မည်မျှအကြီးဆုံး စကြာဝဠာအထိသာ
မြင် နိုင်သည်ဟုကန့်သတ်ချက်မရှိ။ဥာဏ်
မျက်စေ့ဖြင့်ရှုမြင် နိုင်သူ၏အမြင် နှင့်ပကတိ
မျက်စေ့ဖြင့် ရှုမြင် သူတို့၏ အမြင် တို့၏
ကွာခြားမှုသည် အတိုင်းအဆမရှိ။ပကတိ
မျက်စေ့ဖြင့်မြင် ရပါမှလက်ခံမည်ဟုဆိုသူသည်
လူသားအသိဥာဏ်၏ သဘာဝဖြစ်သော
ဝေဖန် စိစစ် ပိုင်းခြား ထိုးထွင်းသိမြင်ခြင်း
ဟူသော ~``ဝိဘဇ္ဇ´´~ ကို မျက်ကွယ်ပြု
ခြင်းသာဖြစ်ပေမည်။
     လူသားသည်လောကတစ်ခွင် အတွင်း
အပြင် ကို ဂဃနဏလေ့လာ၏။ခြုံငုံသုံး
သပ်၏။စဉ်းစားတွေးတောဆင်ခြင်ခြင်း
ဖြင့် မမှားနိုင်သောအ ဖြေကိုထုတ်ယူနိုင်
သောစွမ်းရည် ရှိ၏။မျက်စေ့ဖြင့်မမြင်သော
အ ဖြေကိုထုတ်ယူနိုင်သောစွမ်းရည် ရှိ၏။
မျက်စေ့ဖြင့်မမြင်သော်လည်းမှန်သည်
မှားသည်ဟုစွတ်စွဲနိုင် သတ်မှတ်နိုင်သော
ဥာဏ်မျက်စေ့ရှိသောသတ္တဝါဖြစ်နေ၏။
   ဥာဏ်မျက်စေ့၏သ ဘောဖြစ်သော
ဥာဏ်ဖြင့်ရှုမြင်ခြင်းသည်သာလျှင် အမှန်
တရား သစ္စာတရားကိုရှုမြင်နိုင်ရာ တစ်
ခုတည်းသော အ ကြောင်းဖြစ် ရ လေသည်။
   လောကဓမ္မ၌ပကတိမျက်စေ့ဖြင့်ရှုမြင်
သမျှသည်တစ်ခုမျှ အမှန်မရနိုင်။ပကတိ
မျက်စေ့ဖြင့်ရှုမြင်တွေ့ ရမှလက်ခံယုံကြည်
သူသည် မသိမှုဖြင့် အတိပြီးသော
မောဟလူသား သာဖြစ်လေမည်။
    ပကတိမျက်စေ့ဖြင့် သူ ငါ သတ္တဝါ 
ပုဂ္ဂိုလ် ယောကျား မိန်းမ စသည် ရှိ၏။
ဥာဏ်မျက်စေ့ဖြင့်အဆုံးမရှိ ရှုမြင်သော
အခါဝယ် လောကတစ်ခွင် သည် 
``သ ဗ္ဗေ ဓမ္မာ´´အားလုံးတရားတွေကြီးပဲ
သာဖြစ်လေ တော့၏။    
   ဥာဏ်မျက်စိဖြင့်ကြည့်သော်သူမရှိ ငါမရှိ။
ှ  ပကတိမျက်စိဖြင့်ကြည့်သော်တည်ငြိမ်၏။
ဥာဏ်မျက်စိဖြင့်ကြည့်သော်
အချိန်တိုင်းဖောက်ပြန်ပျက်စီးနေ၏။
ပကတိမျက်စိဖြင့်လောက၌ချမ်းသာရှိသည်ဟုမြင်၏။ဥာဏ်မျက်စိဖြင့်ကြည့်
လေ သော် လောက၌ချမ်းသာခြင်းဟူသည်
မြူမှုန်မျှပင် မရှိလေတကား။
  ပကတိအာရုံတို့ဖြင့်သာအာရုံခံစားသိရှိနိုင်
မှလက်ခံမည်ဟုဆိုသူသည်လူကိုတိရစ္ဆာန်
သတ္တဝါအောက်နှိမ့်ချပြောဆိုမိကြောင်း
သူ သတိပြုမိမည်မဟုတ်။တိရစ္ဆာန်သတ္တဝါ
တစ်ကောင်၏အမြင် အာရုံ အကြားအားရုံ
အနံ့ခံအာရုံတို့သည်လူထက်များစွာမြင့်မား
ပြီး အ မှောင် ထဲတွင် လူမမြင် နိုင် သည်ကိုမြင် နိုင်သောအမြင် အာရုံရှိ၏။အ
ဝေးမှလူမကြားနိုင်သောအသံကိုအာရုံခံနိုင်
သောအကြားအာရုံရှိ၏။အ ဝေးမှလူအနံ့မခံ
နိုင်သောအနံ့ကိုအနံ့ခံနိုင်သောအနံ့ခံအာရုရုံရှိ၏။အမြင်ဖြင့်သာဆုံးဖြတ်ပါမူလူသည်
တိရစ္ဆာန်သတ္တဝါဖြစ်သောခွေးကြောင် တို့
လောက်မျှမမြင် မသိနိုင် ။ကျွန်ုပ်တို့လူသား
တို့အတွက်အတိုင်းအဆမရှိထိုးထွင်းသိမြင် နိုင် စွမ်းသောဥာဏ်မျက်စေ့သာ
လျှင် အားကိုးရာရှိလေ တော့၏။ဤအား
ကိုးရာရှိသောကြောင့်လူနှင့်တိရစ္ဆာန်ကွာ
ခြားနေရခြင်းဖြစ်လေသည်။့

ဆရာ ဓမ္မပါလ  ၏ ဤခရီးဝေးသလား-စာအုပ်မှထုတ်နှုတ်တင်ပြပါသည်။့်
်“ဥာဏ်မျက်စေ့၏အဆုံးအဖြတ်သာ အမှန်"
*********************************
``ဗုဒ္ဓဝါဒ´´သည်…
်တစ်စုံတစ်ယောက်သောသူအား
မစဉ်းစားပဲ အရမ်းမဲ့ ယုံကြည် ရန်
အတင်း မတိုက်တွန်းပါ။



ဤတရားတို့ကား အကုသိုလ်တရားတို့
တည်း။ဤတရားတို့ကားအပြစ် ရှိသော
တရားတို့တည်း။ဤတရားတို့ကားပညာရှိ
တို့ကဲ့ရဲ့ တတ်သောတရားတို့တည်း။


ဤတရားတို့ကိုပြည့်စုံစေအပ် ဆောက်တည်
အပ်ကုန်သည် ရှိသော်အစီးအပွားမရှိခြင်း
ငှာ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏ဟု သင် တို့
သည် မိမိတို့ကိုယ်တိုင် ဥာဏ်ဖြင့်သိသော
အခါ၌မူပယ်စွန့်ကြကုန် ရာ၏"
ဟုမြတ်စွာဘုရားရှင်မိန့်ဆိုဟောကြား
တော်မူခဲ့ပါသည်။ ပကတိမျက်စေ့သည် တကယ့်ဓမ္မ
ကိုမမြင် နိုင်။ပကတိမျက်စေ့ဖြင့်မြင် ရ
သည့်တိုင်ဥာဏ်မျက်စေ့အဆုံးအဖြတ်သာအမှန်ဖြစ်လေ၏။


ပကတိမျက်စေ့၏ မြင် နိုင် စွမ်းရည်သည်ကန့်သတ်မှုရှိ၏။ပကတိမျက်စေ့၏
အမြင် အာရုံသည်တစ်ဦးနှင့်တစ်ဦးများစွာ
မကွာခြားလှ။သို့သော်ဥာဏ်မျက်စေ့၏
မြင် နိုင် စွမ်းရည်သည်လူတို့၌ကွာခြားလွန်းလှသည်။


မည်မျှအထိအ သေးဆုံးအနုစိပ်မှ မည်မျှအကြီးဆုံး စကြာဝဠာအထိသာ
မြင် နိုင်သည်ဟုကန့်သတ်ချက်မရှိ။ဥာဏ်မျက်စေ့ဖြင့်ရှုမြင် နိုင်သူ၏အမြင် နှင့်ပကတိမျက်စေ့ဖြင့် ရှုမြင် သူတို့၏ အမြင် တို့၏
ကွာခြားမှုသည် အတိုင်းအဆမရှိ။ပကတိ
မျက်စေ့ဖြင့်မြင် ရပါမှလက်ခံမည်ဟုဆိုသူသည်
လူသားအသိဥာဏ်၏ သဘာဝဖြစ်သောဝေဖန် စိစစ် ပိုင်းခြား ထိုးထွင်းသိမြင်ခြင်းဟူသော ~``ဝိဘဇ္ဇ´´~ ကို မျက်ကွယ်ပြုခြင်းသာဖြစ်ပေမည်။


လူသားသည်လောကတစ်ခွင် အတွင်းအပြင် ကို ဂဃနဏလေ့လာ၏။ခြုံငုံသုံးသပ်၏။စဉ်းစားတွေးတောဆင်ခြင်ခြင်း
ဖြင့် မမှားနိုင်သောအ ဖြေကိုထုတ်ယူနိုင်သောစွမ်းရည် ရှိ၏။မျက်စေ့ဖြင့်မမြင်သောအ ဖြေကိုထုတ်ယူနိုင်သောစွမ်းရည် ရှိ၏။


မျက်စေ့ဖြင့်မမြင်သော်လည်းမှန်သည်မှားသည်ဟုစွတ်စွဲနိုင် သတ်မှတ်နိုင်သောဥာဏ်မျက်စေ့ရှိသောသတ္တဝါဖြစ်နေ၏။


ဥာဏ်မျက်စေ့၏သ ဘောဖြစ်သောဥာဏ်ဖြင့်ရှုမြင်ခြင်းသည်သာလျှင် အမှန်တရား သစ္စာတရားကိုရှုမြင်နိုင်ရာ တစ်
ခုတည်းသော အ ကြောင်းဖြစ် ရ လေသည်။


လောကဓမ္မ၌ပကတိမျက်စေ့ဖြင့်ရှုမြင်သမျှသည်တစ်ခုမျှ အမှန်မရနိုင်။ပကတိမျက်စေ့ဖြင့်ရှုမြင်တွေ့ ရမှလက်ခံယုံကြည်
သူသည် မသိမှုဖြင့် အတိပြီးသောမောဟလူသား သာဖြစ်လေမည်။


ပကတိမျက်စေ့ဖြင့် သူ ငါ သတ္တဝါ ပုဂ္ဂိုလ် ယောကျား မိန်းမ စသည် ရှိ၏။ဥာဏ်မျက်စေ့ဖြင့်အဆုံးမရှိ ရှုမြင်သောအခါဝယ် လောကတစ်ခွင် သည် ``သ ဗ္ဗေဓမ္မာ´´အားလုံးတရားတွေကြီးပဲသာဖြစ်လေ တော့၏။ 


ဥာဏ်မျက်စိဖြင့်ကြည့်သော်သူမရှိ ငါမရှိ။
ှ ပကတိမျက်စိဖြင့်ကြည့်သော်တည်ငြိမ်၏။
ဥာဏ်မျက်စိဖြင့်ကြည့်သော်အချိန်တိုင်းဖောက်ပြန်ပျက်စီးနေ၏။
ပကတိမျက်စိဖြင့်လောက၌ချမ်းသာရှိသည်ဟုမြင်၏။

ဥာဏ်မျက်စိဖြင့်ကြည့်လေ သော် လောက၌ချမ်းသာခြင်းဟူသည်
မြူမှုန်မျှပင် မရှိလေတကား။


ပကတိအာရုံတို့ဖြင့်သာအာရုံခံစားသိရှိနိုင်မှလက်ခံမည်ဟုဆိုသူ

သည်လူကိုတိရစ္ဆာန်
သတ္တဝါအောက်နှိမ့်ချပြောဆိုမိကြောင်းသူ သတိပြုမိမည်မဟုတ်။


တိရစ္ဆာန်သတ္တဝါတစ်ကောင်၏အမြင် အာရုံ အကြားအားရုံ
အနံ့ခံအာရုံတို့သည်လူထက်များစွာမြင့်မား
ပြီး အ မှောင် ထဲတွင် လူမမြင် နိုင် သည်ကိုမြင် နိုင်သောအမြင် အာရုံရှိ၏။အဝေးမှလူမကြားနိုင်သောအသံကိုအာရုံခံနိုင်သောအကြား

အာရုံရှိ၏။

အ ဝေးမှလူအနံ့မခံနိုင်သောအနံ့ကိုအနံ့ခံနိုင်သောအနံ့ခံအာရုရုံရှိ၏။
အမြင်ဖြင့်သာဆုံးဖြတ်ပါမူလူသည်
တိရစ္ဆာန်သတ္တဝါဖြစ်သောခွေးကြောင် တို့လောက်မျှမမြင် မသိနိုင် ။ကျွန်ုပ်တို့လူသားတို့အတွက်အတိုင်းအဆမရှိထိုးထွင်းသိမြင် နိုင် စွမ်းသောဥာဏ်မျက်စေ့သာလျှင် အားကိုးရာရှိလေ တော့၏။


ဤအားကိုးရာရှိသောကြောင့်လူနှင့်တိရစ္ဆာန်ကွာ
ခြားနေရခြင်းဖြစ်လေသည်။ 


ဆရာ ဓမ္မပါလ ၏ ဤခရီးဝေးသလား-စာအုပ်မှထုတ်နှုတ်တင်ပြပါသည်။

No comments:

Post a Comment