/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, March 22, 2014

**** ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီး ဖြစ်ပေါ်လာပုံ ******

>>>> သဗ္ဗဒါနံ  ဓမ္မဒါနံ  ဇိနာတိ <<<<
          *********************

ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီး  ဖြစ်ပေါ်လာပုံ
**********************************

       ဆရာတော်သည်    ပလပ်စတစ်ခွက်ကလေး
များကို   ချကာချကာဖြင့်   ပဋိစ္စသမုပ္ပါဒ်ကြောင်း
ကျိုးဖြစ်ပုံ ၊   လယ်ပုံ ၊   ပြတ်ပုံတို့ကို    ပြသတော်
မူ၏ ၊     ရှေးကထက်ပို၍    ပရိသတ်တွေ     ထင်
ထင်ရှားရှား   မြင်သာလာသည် ၊   ကျေနပ်မှုတွေ
ဖြစ်ကြရ၏ ၊   နှစ်သက်မှုတွေ  ဖြစ်ကြရ၏ ၊    အ
တန်ကြာသောအခါ   ဦးထွန်းရင်သည်   တစ်ဆင့်
တက်၍  လျှောက်ပြန်၏ -

       "ဆရာတော်ဘုရား --   ဆရာတော်ဘုရားရဲ့
ဟောပြချက်အရ     ပဋိစ္စသမုပ္ပါဒ်အကြောင်း-အ
ကျိုးဆက်နေပုံတွေကို   တပည့်တော်တို့နားလည်
ရပါတယ် ။    
        အကြောင်းကို   မဖြတ်တတ်ရင်   ပဋိစ္စသမု
ပ္ပါဒ်  ချားရဟတ်လို  လယ်ရပုံ  ပတ်ရပုံကိုလဲ   တ
ပည့်တော်တို့   သဘောပေါက်ရပါတယ် ။
        ဒီတော့   ကြောင်းကျိုးဆက်နေပုံ ၊    မဖြတ်
တတ်ရင်    လယ်ရပုံ ၊     ဖြတ်တတ်လို့    ရှိရင်လဲ
ပြတ်သွားပုံတို့ကို   ဆရာတော်ဘုရားက   စာရွက်
ပေါ်မှာ   ရေးပြစေချင်ပါတယ်ဘုရား ။
        အဲဒါကို    တပည့်တော်တို့က     ပုံကြီးချဲ့ပြီး
တော့   သုံးထပ်သားတို့လို   အပေါ်မှာ  ရေးမယ် ၊
ရေးပြီးတော့    ဆရာတော့်ဘေးမှာ    ထောင်ပေး
မယ် ၊     အဲလိုဆိုရင်    ဆရာတော်   ရှင်းပြရတာ
လွယ်မယ်ထင်တယ်ဘုရား ၊    ပို၍လဲ   သက်သာ
မယ်  ထင်တယ်ဘုရား--"

ဤသို့လျှောက်ထားသည်ကို   ဆရာတော်ကြီးက
"အေးကွ -- ဒါဆိုရင်   ဒကာ  ဒကာမတွေ    ပိုပြီး
အမြင်ရှင်းမယ် ၊    ပို၍လဲ  သိလွယ်မယ်ကွ ၊    ငါ
စီစဉ်လိုက်အုံးမယ်" ဟု   မိန့်တော်မူကာ   လက်ခံ
တော်မူပါသတတ် ။

       နောက်တစ်နေ့တွင်  စာရွက်ငယ်ပေါ်၌  သပ်
သပ်ရပ်ရပ်    ဝိုင်းထားသော    စက်ဝိုင်းကလေး ၊
ယင်း၏အတွင်း၌    ပဋိစ္စသမုပ္ပါဒ် အင်္ဂါ -၁၂ ပါး ၊
သူ့နေရာနှင့်သူ    အကန့် - အကန့်ခြား၍   ထည့်
သွင်းပြထား၏ ၊   သစ္စာအားဖြင့်လည်း   ခွဲပြထား
သည် ၊   အလွှာအားဖြင့်လည်းကောင်း ၊   ကာလ
အားဖြင့်လည်းကောင်း  ၊     အစပ်အားဖြင့်လည်း
ကောင်း ၊   ဝဋ်အားဖြင့်လည်းကောင်း ၊    အခြင်း
အရာအားဖြင့် လည်းကောင်း     ခွဲခြားစိတ်ဖြာ၍
ပြထား၏ ။

       ထိုသို့ စီစဉ်ထားသော    စက်ဝိုင်းကလေးကို
ဦးထွန်းရင်တို့အား   ပေးအပ်ချီးမြှင့်သည်  ဆို၏ ။
ယင်းကိုမှတစ်ဖန်  ဦးထွန်းရင်တို့က သုံးထပ်သား
အပြားကြီးပေါ်တွင်   ပုံကြီးချဲ့ကာ   စက်ဝိုင်းကြီး
ရေးလိုက်ကြ၏ ၊    ပြီးလျှင်  ယင်းစက်ဝိုင်းကြီးအ
တွင်း၌  ( ဆရာတော်  ညွှန်ပြထားသည့်အတိုင်း )
သူ့နေရာနှင့်သူ   စာသားတို့ကို  သွင်း၍ပေးလိုက်
သည် ၊     ထိုအခါမှစ၍    ဆရာတော်၏ဘေးနား
တွင်   ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီး   ပေါ်ပေါက်လာ
တော့၏ ။

       ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးနှင့် ပြကာမှ    ပို၍
ပင်   စိတ်ဝင်စားစရာ   ဖြစ်လာကြသည် ၊      ပရိ
သတ်တို့က   များ၍  များ၍လာသောအခါ   စက်
ဝိုင်းကြီးအတွင်းက   စာသားတို့ကို   ဝေးတဲ့သူတို့
က   သဲသဲကွဲကွဲ  မမြင်ကြရ ။

       ထို့ကြောင့်   နောက်ပိုင်းတွင်   ဝေးတဲ့သူများ
မြင်ရအောင်ရယ် ၊   နောက်တစ်နည်း  ကိုယ့်အိမ်
မှာ     ကိုယ့်ဘာသာကိုယ်      ပြန်၍  လေ့လာနိုင်
အောင်ရယ်   ရည်ရွယ်၍   စက္ကူစက်ဝိုင်းအသေး
စားကလေးတွေပါ     စီစဉ်ရိုက်နှိပ်     ဖြန့်ဝေပေး
လေသည် ၊     ယခုအခါတွင်ကား     လူတိုင်းအနှံ့
အိမ်တိုင်းအနှံ့   မြို့ရွာအနှံ့ ပြန့်၍နေတော့သည်။

    ( မန္တလေးမြို့တော်ကြီးတွင်  မင်းတုန်းမင်းကြီး
လက်ထက်က    မင်းကိုးကွယ်ခံ  အကျော်အမော်
ပဏ္ဍိတဓဇ  သိရီပဝရ  မဟာဓမ္မရာဇာဓိရာဇဂုရု-
ဘွဲ့တံဆိပ်တော်ရ     မိုင်းကိုင်  ဆရာတော်ဘုရား
ကြီးသည်  -  ဝီထိပုံ ၊  ဘုံစဉ် ၊  ဆန်းပုံ ၊  သိမ်ပုံ  -
ကျမ်းစာအုပ်ကြီးတစ်အုပ်    ရေးသားထုတ်ဝေဖူး
သည် ၊    ယင်းစာအုပ်ကြီး   စာမျက်နှာ -၆၈ တွင်
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း  ပါသည် ၊    မိုးကုတ်ဆရာ
တော်ဘုရားကြီး၏  အနီးတွင်    ယင်းစာအုပ်ကြီး
ရှိ၏ ၊    သို့သော်   မိုးကုတ်ဆရာတော်ဘုရားကြီး
က  ယင်းစက်ဝိုင်းကို  အကုန်ကူးယူသည်မဟုတ်၊
ပုံတူ ကူးချသည်ကား မဟုတ် ၊      အခြေခံမျှသာ
အမှီပြုဟန်  ရှိသည် ၊    အဘယ့်ကြောင့်ဆိုသော်
အတွင်းစာသားချင်း   ထားပုံ  သိုပုံချင်း   မတူကြ
သောကြောင့်  ဖြစ်လေသည်။ ) 

*
*
မှတ်ချက် ။   ။ ၁၃၂၂- ခု၊   တပေါင်းလဆန်း(၁၄)
                     ရက် ( ၁၉၆၁- ခု၊ ဖေဖော်ဝါရီ-၂၇
                     ရက်) နေ့တွင်  ဟောသောတရားပွဲ
၌   ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးကို  ဆရာတော်ကြီး
ထောက်ပြနေပြီ ၊    ထိုအချိန်မှစတင်၍   ပဋိစ္စသ
မုပ္ပါဒ်စက်ဝိုင်းကြီးကို   အသုံးပြုနေလေပြီ ။

*
*
*
*
မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ      ( စာ - ၃၄၄ )

>>>> သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ <<<<


ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီး ဖြစ်ပေါ်လာပုံ
*****************************

ဆရာတော်သည် ပလပ်စတစ်ခွက်ကလေး
များကို ချကာချကာဖြင့် ပဋိစ္စသမုပ္ပါဒ်ကြောင်း
ကျိုးဖြစ်ပုံ ၊ လယ်ပုံ ၊ ပြတ်ပုံတို့ကို ပြသတော်
မူ၏ ၊

ရှေးကထက်ပို၍ ပရိသတ်တွေ ထင်
ထင်ရှားရှား မြင်သာလာသည် ၊ ကျေနပ်မှုတွေ
ဖြစ်ကြရ၏ ၊ နှစ်သက်မှုတွေ ဖြစ်ကြရ၏ ၊ အ
တန်ကြာသောအခါ ဦးထွန်းရင်သည် တစ်ဆင့်
တက်၍ လျှောက်ပြန်၏ -

"ဆရာတော်ဘုရား -- ဆရာတော်ဘုရားရဲ့
ဟောပြချက်အရ ပဋိစ္စသမုပ္ပါဒ်အကြောင်း-အ
ကျိုးဆက်နေပုံတွေကို တပည့်တော်တို့နားလည်
ရပါတယ် ။ 


အကြောင်းကို မဖြတ်တတ်ရင် ပဋိစ္စသမု
ပ္ပါဒ် ချားရဟတ်လို လယ်ရပုံ ပတ်ရပုံကိုလဲ တ
ပည့်တော်တို့ သဘောပေါက်ရပါတယ် ။
ဒီတော့ ကြောင်းကျိုးဆက်နေပုံ ၊ မဖြတ်
တတ်ရင် လယ်ရပုံ ၊ ဖြတ်တတ်လို့ ရှိရင်လဲ
ပြတ်သွားပုံတို့ကို ဆရာတော်ဘုရားက စာရွက်
ပေါ်မှာ ရေးပြစေချင်ပါတယ်ဘုရား ။


အဲဒါကို တပည့်တော်တို့က ပုံကြီးချဲ့ပြီး
တော့ သုံးထပ်သားတို့လို အပေါ်မှာ ရေးမယ် ၊
ရေးပြီးတော့ ဆရာတော့်ဘေးမှာ ထောင်ပေး
မယ် ၊ အဲလိုဆိုရင် ဆရာတော် ရှင်းပြရတာ
လွယ်မယ်ထင်တယ်ဘုရား ၊ ပို၍လဲ သက်သာ
မယ် ထင်တယ်ဘုရား--"


ဤသို့လျှောက်ထားသည်ကို ဆရာတော်ကြီးက
"အေးကွ -- ဒါဆိုရင် ဒကာ ဒကာမတွေ ပိုပြီး
အမြင်ရှင်းမယ် ၊ ပို၍လဲ သိလွယ်မယ်ကွ ၊ ငါ
စီစဉ်လိုက်အုံးမယ်" ဟု မိန့်တော်မူကာ လက်ခံ
တော်မူပါသတတ် ။


နောက်တစ်နေ့တွင် စာရွက်ငယ်ပေါ်၌ သပ်
သပ်ရပ်ရပ် ဝိုင်းထားသော စက်ဝိုင်းကလေး ၊
ယင်း၏အတွင်း၌ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ -၁၂ ပါး ၊
သူ့နေရာနှင့်သူ အကန့် - အကန့်ခြား၍ ထည့်
သွင်းပြထား၏ ၊ သစ္စာအားဖြင့်လည်း ခွဲပြထား
သည် ၊ အလွှာအားဖြင့်လည်းကောင်း ၊ ကာလ
အားဖြင့်လည်းကောင်း ၊ အစပ်အားဖြင့်လည်း
ကောင်း ၊ ဝဋ်အားဖြင့်လည်းကောင်း ၊ အခြင်း
အရာအားဖြင့် လည်းကောင်း ခွဲခြားစိတ်ဖြာ၍
ပြထား၏ ။


ထိုသို့ စီစဉ်ထားသော စက်ဝိုင်းကလေးကို
ဦးထွန်းရင်တို့အား ပေးအပ်ချီးမြှင့်သည် ဆို၏ ။
ယင်းကိုမှတစ်ဖန် ဦးထွန်းရင်တို့က သုံးထပ်သား
အပြားကြီးပေါ်တွင် ပုံကြီးချဲ့ကာ စက်ဝိုင်းကြီး
ရေးလိုက်ကြ၏ ၊ ပြီးလျှင် ယင်းစက်ဝိုင်းကြီးအ
တွင်း၌ ( ဆရာတော် ညွှန်ပြထားသည့်အတိုင်း )
သူ့နေရာနှင့်သူ စာသားတို့ကို သွင်း၍ပေးလိုက်
သည် ၊ ထိုအခါမှစ၍ ဆရာတော်၏ဘေးနား
တွင် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီး ပေါ်ပေါက်လာ
တော့၏ ။


ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးနှင့် ပြကာမှ ပို၍
ပင် စိတ်ဝင်စားစရာ ဖြစ်လာကြသည် ၊ ပရိ
သတ်တို့က များ၍ များ၍လာသောအခါ စက်
ဝိုင်းကြီးအတွင်းက စာသားတို့ကို ဝေးတဲ့သူတို့
က သဲသဲကွဲကွဲ မမြင်ကြရ ။


ထို့ကြောင့် နောက်ပိုင်းတွင် ဝေးတဲ့သူများ
မြင်ရအောင်ရယ် ၊ နောက်တစ်နည်း ကိုယ့်အိမ်
မှာ ကိုယ့်ဘာသာကိုယ် ပြန်၍ လေ့လာနိုင်
အောင်ရယ် ရည်ရွယ်၍ စက္ကူစက်ဝိုင်းအသေး
စားကလေးတွေပါ စီစဉ်ရိုက်နှိပ် ဖြန့်ဝေပေး
လေသည် ၊ ယခုအခါတွင်ကား လူတိုင်းအနှံ့
အိမ်တိုင်းအနှံ့ မြို့ရွာအနှံ့ ပြန့်၍နေတော့သည်။


( မန္တလေးမြို့တော်ကြီးတွင် မင်းတုန်းမင်းကြီး
လက်ထက်က မင်းကိုးကွယ်ခံ အကျော်အမော်
ပဏ္ဍိတဓဇ သိရီပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု-
ဘွဲ့တံဆိပ်တော်ရ မိုင်းကိုင် ဆရာတော်ဘုရား
ကြီးသည် - ဝီထိပုံ ၊ ဘုံစဉ် ၊ ဆန်းပုံ ၊ သိမ်ပုံ -
ကျမ်းစာအုပ်ကြီးတစ်အုပ် ရေးသားထုတ်ဝေဖူး
သည် ၊ ယင်းစာအုပ်ကြီး စာမျက်နှာ -၆၈ တွင်
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ပါသည် ၊ မိုးကုတ်ဆရာ
တော်ဘုရားကြီး၏ အနီးတွင် ယင်းစာအုပ်ကြီး
ရှိ၏ ၊ သို့သော် မိုးကုတ်ဆရာတော်ဘုရားကြီး
က ယင်းစက်ဝိုင်းကို အကုန်ကူးယူသည်မဟုတ်၊
ပုံတူ ကူးချသည်ကား မဟုတ် ၊ အခြေခံမျှသာ
အမှီပြုဟန် ရှိသည် ၊ အဘယ့်ကြောင့်ဆိုသော်
အတွင်းစာသားချင်း ထားပုံ သိုပုံချင်း မတူကြ
သောကြောင့် ဖြစ်လေသည်။ )


မှတ်ချက် ။ ။ ၁၃၂၂- ခု၊ တပေါင်းလဆန်း(၁၄)
ရက် ( ၁၉၆၁- ခု၊ ဖေဖော်ဝါရီ-၂၇ရက်) နေ့တွင် ဟောသောတရားပွဲ
၌ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးကို ဆရာတော်ကြီးထောက်ပြနေပြီ ၊ ထိုအချိန်မှစတင်၍ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးကို အသုံးပြုနေလေပြီ ။


မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ ( စာ - ၃၄၄ )


https://www.facebook.com/umg.myint/posts/442592145886366:0

No comments:

Post a Comment